Skip to main content
Nov 04, 2023
ဆောင်းပါး
အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် အကြီးဆုံးကျွန်းစုနိုင်ငံဖြစ်ပြီး စတုရန်းမိုင်ပေါင်း ၇၃၅၃၅၈ မိုင်(စတုရန်းကီလိုမီတာ ၁၉၀၄၅၆၉)ရှိသောကြောင့် ကုန်းမြေဧရိယာအားဖြင့် ကမ္ဘာပေါ်တွင် ၁၄ ခုမြောက် အကြီးဆုံးနိုင်ငံဖြစ်သည်။ လူဦးရေ ၂၆၁ သန်းခန့်နေထိုင်ကြခြင်းကြောင့် ကမ္ဘာပေါ်တွင် စတုတ္ထမြောက် လူဦးရေအများဆုံးနိုင်ငံလည်းဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံ၏ အဓိကကုန်သွယ်ဖက်နိုင်ငံများမှာ တရုတ်နိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ ဂျပန်နိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ဖြစ်ကြသည်။
Nov 03, 2023
ဆောင်းပါး
နှစ်ထောင်ချီကြာ အရှေ့အလယ်ပိုင်းသမိုင်းနဲ့အတူ ရှည်လျားလှတဲ့ အစ္စရေး - ပါလက်စတိုင်း ပဋိပက္ခ အဆိုးသံသရာအောက်မှာ ကွဲပြားနေတဲ့ အစွန်းရောက်အမြင်တွေနဲ့ သံသယအာဃာတတွေကြောင့် တစ်ကျော့ပြန် ထတောက်ခဲ့တဲ့စစ်မီးဟာ ၂၅ ရက် ရှိသွားခဲ့ပါပြီ၊၊
Nov 02, 2023
ဆောင်းပါး
စိန်လုံမှ အရှေ့ဘက်သို့လာလျှင် ယောယုံတောင်အထိ တောင်ကြောတစ်ဆက်တည်းဖြစ်၏။ ယောယုံစခန်းပတ်လည်တွင် ဖလန်တောင်ကြောရှိသည်။ ယောယုံမှကြည့်လျှင် တရုတ်ပြည်ဘက်သို့ လှမ်းမြင်ရသည်။ ယောယုံသည် လွယ်ဂျယ်ကွင်းကို စိုးမိုးထား၏။ စာရေးသူသည် ယောယုံတောင်ကြောပေါ်မှ လှမ်းမြင်ရသည့် လွယ်ဂျယ်မြင်ကွင်းများကို ငေးကြည့်နေမိသည်။ တောင်အောက်မှ ပင့်တိုက်လာသော လေနုအေးအေးကိုခံစားရင်း ဤဒေသတွင် ဖြစ်ပွားခဲ့သော တပ်မတော်သားတို့၏ အတိတ်ရပ်ဝန်း အောင်ပွဲများကို တွေးတောဖြတ်သန်းမိပါသည်။
Nov 02, 2023
“ပြည်သူလူထု၏ အကျိုးကိုလက်တွေ့ကျကျ ထိထိရောက်ရောက် ဆောင်ရွက်ပြခြင်းဖြင့် အလုပ်ဖြင့် သက်သေပြကြရန် တိုက်တွန်းလိုကြောင်း”ဟူသည့် မှာကြားချက်တစ်ခုကို ကြားသိခဲ့ရသည်။ စက်တင်ဘာလ ၂၉ ရက်နေ့ကကျင်းပခဲ့သော ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေးအမှတ်စဉ် (၅/၂၀၂၃)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
Nov 02, 2023
ဆောင်းပါး
ဒီတစ်ခေါက် တရုတ်ပြည်လေ့လာရေးခရီးစဉ်အတွင်း လေ့လာသိရှိသမျှတွေထဲမှာ မီဒီယာအကြောင်းလည်းပါပါတယ်။ မီဒီယာတွေနဲ့ပတ်သက်လို့ ပြောကြ၊ ဆိုကြတဲ့အထဲမှာ နယူးမီဒီယာကတော့ ဘုံစကားလို့တောင် ပြောရတော့မှာပဲ။ ဟိုသတင်းစာတိုက်ကလည်း နယူးမီဒီယာ၊ ဒီသတင်းစာ တိုက်ရောက်ပြန် တော့လည်း နယူးမီဒီယာ၊ နယူးမီဒီယာအကြောင်း ကျယ်ကျယ်လောင်လောင် ပြောဆိုနေကြပြီကိုး။ ဒါဖြင့် နယူးမီဒီယာဆိုတာဘာလဲ၊ ဘာ‌ကြောင့် နယူးမီဒီယာကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချလာကြတာလဲဆိုတာကို ကျွန်တော်တို့ စဉ်းစားရမယ့် ကိစ္စတစ်ခု ဖြစ်လာပါတယ်။
Nov 01, 2023
02
သန်းခေါင်စာရင်းကို ရှေးမြန်မာဘုရင်များ လက်ထက်က စစ်တမ်းအသွင်ဖြင့် စတင်ခဲ့သည်။ သို့သော် စစ်တမ်းတွင် လူဦးရေစာရင်းထက် မြို့ရွာအုပ်ချုပ်သူများ၏ မျိုးရိုးစဉ်ဆက်နှင့် အခွန်တော် အမျိုးမျိုးကိုသာ ဦးစားပေးဖော်ပြလေ့ရှိခဲ့သည်။ စနစ်တကျ လူဦးရေစာရင်းကောက်ခံမှုကို ဗြိတိသျှ အစိုးရလက်ထက် အောက်မြန်မာပြည်တွင် ၁၈၇၂ ခုနှစ် ညသန်းခေါင်အချိန်၌ စတင်ကောက်ယူခဲ့သည်။
Nov 01, 2023
01
“အမျိုးမှန်လျှင် ပဲခူးသို့လည်း ဆန်ရမည်” ဟူသည့် ဆိုရိုးစကားသည် ယနေ့တိုင် ပြောဆိုသုံးစွဲနေဆဲပင်။ ယင်းဆိုရိုးစကားအတိုင်းပင် ပဲခူးမြို့သို့ တစ်ခေါက်တစ်ခါ သွားရောက်လေ့လာကြည့်သင့်သည့်အရာများစွာက ယနေ့တိုင် ခရီးသွားပြည်သူ၊ ဘုရားဖူးပြည်သူများကို ဆွဲဆောင်နိုင်ဆဲ။ ကျုံးနှင့် နန်းမြို့ရိုးတို့ ပါဝင်သော မြို့တော်ဟောင်းနှင့် သမိုင်းဝင်စေတီပုထိုးများက ဝင့်ကြွားထည်ဝါခဲ့သည့် ဟံသာဝတီခေတ်သမိုင်းတစ်ခုကို ယနေ့အထိ သယ်ဆောင်ပေးထားသည်။
Nov 01, 2023
‘‘ပြည်သူလူထု၏ အကျိုးကို လက်တွေ့ကျကျ ထိထိရောက်ရောက် ဆောင်ရွက်ပြခြင်းဖြင့် အလုပ်ဖြင့် သက်သေပြကြရန် တိုက်တွန်းလိုကြောင်း” ဟူသည့် မှာကြားချက်တစ်ခုကို ကြားသိခဲ့ရသည်။ စက်တင်ဘာလ ၂၉ ရက်နေ့ကကျင်းပခဲ့သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၅/၂၀၂၃) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
Oct 31, 2023
ရေသတ္တဝါတို့အတွက် အကောင်းဆုံးသော ကြီးထွားရှင်သန်နှုန်းရရှိရန် အစာတွင်ပါဝင်သည့် အာဟာရဓာတ်များသည် များစွာသက်ရောက်မှုရှိပြီး အစာအတွက် ကုန်ကျစရိတ်သည် လုပ်ငန်းကုန်ကျ စရိတ်စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းခန့် ကုန်ကျလျက်ရှိသည်။ အစာဖော်စပ်ရာတွင် ငါးပေါင်းမှုန့် (Fish meal) ကို အဓိကအသားဓာတ် (ပရိုတင်း-Protein) အရင်းအမြစ်အဖြစ် အသုံးပြုလျက်ရှိပါသည်။
Oct 31, 2023
အစိမ်းရောင်လွင်ပြင် ဗန်းမော်ရင်ခွင်(၁)
ကမ္ဘာမြေတွင် ကြမ်းတမ်းသောမုန်တိုင်းများ တိုက်ခတ်လေ့ရှိသည်။ ထို့အတူ ရောင်စုံပန်းများလည်း ကမ္ဘာမြေပြင်အနှံ့ပွင့်ဖူးနေကြသည်။ မုန်တိုင်းများသည် အရာရာကို ရက်စက်စွာဖျက်ဆီးတတ်၏။ ပန်းပွင့်များကား လောကကြီးကို သာယာလှပစေ၏။ ပျံ့မွှေးထုံသင်းသောရနံ့များကိုပေး၏။ ကြည်နူးမှု၊ ပျော်ရွှင်မှု၊ အေးချမ်းမှုရသများကိုလည်း ပေးစွမ်းပါသည်။