ရန်ကုန် အောက်တိုဘာ ၁
မြန်မာပြည်သူပြည်သားများ၊ ကမ္ဘာသူကမ္ဘာသားများ ကိုဗစ်-၁၉ ကပ်ရောဂါ ဘေးကင်းဝေးစေရေးအတွက် ၁၃၈၂ ခုနှစ်၊ တော်သလင်းလပြည့်နေ့ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၌ နိုင်ငံတော်သံဃ မဟာနာ ယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မင်းကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္ မဇော တိကဓဇ ဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူး ပြုသော နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီး ၁၅ ပါးတို့ သည် အန္တရာယ်ကင်းပရိတ်တရားတော်များ၊ အနန္တရာယိက အန္တရာယ်ကင်းကမ္မဝါစာများ ရွတ်ဖတ်ပူဇော် ကြသည်။
ရှေးဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများက ရတနသုတ်၊ မေတ္တသုတ်၊ ခန္ဓသုတ်၊ ဝဋ္ဋသုတ်၊ အာဋာနာဋိယသုတ်၊ ဗောဇ္ဈင်္ဂသုတ်၊ ပုဗ္ဗဏှသုတ် ပရိတ်တော်နှင့် အနန္တရာယိက အန္တရာယ်ကင်း ကမ္မဝါစာများကို ရွတ်ဖတ်သရဇ္ဈာယ် ချီးမြှင့်တော်မူသည်။
ထို့အတူ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီးတွင် ၁၃၈၂ ခုနှစ် တော်သလင်းလဆန်း ၁ ရက် စက်တင်ဘာ ၁၇ ရက်ကလည်း သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာနာယက ကျောင်းဆောင်တွင် ဝါဆိုဝါကပ်သီတင်းသုံးကာ သာသနာ့တာဝန် ထမ်းဆောင်လျက်ရှိသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုး တော်ဆောင် သန်လျင်မင်းကျောင်းဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသော နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ ဆရာတော်ကြီး ၁၅ ပါးတို့က အန္တရာယ်ကင်း ပရိတ်တရားတော်များ၊ အနန္တရာယိက အန္တရာယ် ကင်းကမ္မဝါစာများ ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။
တက်ရောက်နာယူကြည်ညို
အဆိုပါ ပရိတ်တရားတော်များ၊ ပဋ္ဌာန်းတရားတော်များ ရွတ်ဖတ်ပူဇော်ပွဲတွင် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန သာသနာရေးဦးစီး ဌာနမှ အရာထမ်း၊ အမှုထမ်းများက ဥပတ္ထမ္ဘကအဖြစ် တက်ရောက်နာယူ ကြည်ညိုခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်