Skip to main content

POSCO International Corporation မှ ကိုဗစ်-၁၉ ရောဂါ ရှာဖွေစစ်ဆေးနိုင်ရေးအတွက် Test kits များ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ လှူဒါန်း

နေပြည်တော် အောက်တိုဘာ ၁၃

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော POSCO International Corporation မှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ကိုရီးယားနိုင်ငံထုတ်  RT-PCR Test Kits and Rapid Antigen Test Kits များအား ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့တွင် ရန်ကုန်မြို့ရှိ ဆေးသုတေသနဦးစီးဌာန၌ ကျင်းပသည်။

အခမ်းအနားတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း သာကေတကမ်းလွန်ရေနံ အခြေစိုက်စခန်း၊ အထွေထွေ မန်နေဂျာ ဦးတင်ထွန်းနိုင်နှင့် POSCO International Corporation မှ Managing Director, Mr. Jung Hwan Lee တို့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်သန်းထွန်း ထံ Test Kits များအား​​ ​​​​ပေးအပ်လှူဒါန်းသည်။

အဆိုပါ POSCO  International  Corporation  ကုမ္ပဏီသည် MOGE နှင့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းများကို အကျိုးတူပူးပေါင်းဆောင်ရွက်နေသော ကုမ္ပဏီဖြစ်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊  ဆေးသုတေသနဉီးစီးဌာနရှိ    ဓာတ်ခွဲခန်း သို့ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် လိုအပ်သောပစ္စည်းများ လှူဒါန်းခြင်းကို ပထမအကြိမ် အဖြစ် ဧပြီလတွင် အမေရိကန်ဒေါ်လာ ၁၁၀,၀၀၀ တန်ဖိုးရှိ    RT-PCR Test Kits (၁၀,၀၀၀)ကို လည်း ကောင်း၊ ဒုတိယအကြိမ်အဖြစ် ဩဂုတ်လတွင် အမေရိကန်ဒေါ်လာ ၁၅၀,၀၀၀ တန်ဖိုးရှိ RT-PCR (QIA CubeHI (QIAGEN)) စက်နှင့် RT-PCR Test Kits (၇,၂၀၀) ခုကိုလည်းကောင်း၊ တတိယ အကြိမ်အဖြစ် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလတွင် အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ တန်ဖိုးရှိ RT-PCR Test Kits (၁၅,၀၀၀)တို့ကိုလည်းကောင်း လှူဒါန်းခဲ့ပြီးဖြစ်ရာ ယခုအကြိမ်သည် စတုတ္ထ အကြိမ်အဖြစ် အမေရိကန် ဒေါ်လာ ၁၀၀,၀၀၀ တန်ဖိုးရှိ Rapid Antigen Test kits  (၁၃,၆၅၂) ခု လှူဒါန်းခြင်းဖြစ်သဖြင့် စုစုပေါင်းလှူဒါန်းမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၄၆၀,၀၀၀ ရှိပြီဖြစ်ကြောင်း သိရသည်။   

(သတင်းစဉ်)