Skip to main content

ဘုတ်ပြင်းတွင် လေဘေးသင့်ပြည်သူများအတွက် ကြက်ခြေနီက သွားရောက် ကူညီ ထောက်ပံ့

ရန်ကုန် အောက်တိုဘာ ၄

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများ၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်ခြင်းကြောင့် ထိခိုက်ခံစားရသော ပြည်သူ များအတွက် မြန်မာနိုင်ငံကြက်ခြေနီ အသင်းမှ ထောက်ပံ့သော ပစ္စည်း များကို ဘုတ်ပြင်းမြို့နယ်ကြက်ခြေနီအသင်းခွဲ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးစိုးဝင်းပိုင် ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၂၂ ဦးတို့သည် စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာ ၂ ရက်အတွင်း အဆိုပါရ ပ်ကွက်/ကျေးရွာ များသို့ သွားရောက်ခဲ့ပြီး အကျိုးခံစားခွင့်ရှိသူများ လက်ဝယ်အရောက် ထောက်ပံ့ ပေး အပ်ခဲ့သည်။

ထိုသို့သွားရောက်ထောက်ပံ့ရာတွင် လေပြင်းတိုက်ခတ်ခြင်းကြောင့် ပျက်စီးသွား သော နေအိမ် ၁၃၀ မှအိမ်ထောင်စုများအတွက် မိသားစုသုံးပစ္စည်းများနှင့် တစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ကြက်ခြေနီ စေတနာလုပ်အားရှင်များသည် အကူအညီလိုအပ်သူများအတွက် အကူ အညီပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင်  ကိုဗစ်-၁၉ ရောဂါအပါအဝင် ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း  ဒေသအသီးသီး၌ ပူး ပေါင်းကူညီ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဝင်းအောင်(MRCS)