Skip to main content

မြန်မာနိုင်ငံအတွင်းရှိ ကိုယ့်အားကိုယ်ကိုးသမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်စေရန်မြှင့်တင်ပေးခြင်း စီမံကိန်းအတွက် လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပ

ရန်ကုန်   အောက်တိုဘာ  ၁

ဂျာမနီနိုင်ငံသမဝါယမအဖွဲ့ချုပ်   (DGRV)နှင့်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန  သမဝါယမ ဦးစီးဌာနတို့  ပူးပေါင်းကာ မြန်မာနိုင်ငံ သမဝါယမအသင်းများ  ဖွံ့ဖြိုးတိုးတက်ရေးအတွက်      မြန်မာနိုင်ငံ အတွင်းရှိ ကိုယ့်အားကိုယ်ကိုး သမဝါယမအသင်းများ  ဖွံ့ဖြိုးတိုးတက်စေရန် မြှင့်တင်ပေးခြင်း     စီမံကိန်းကို  ပူးပေါင်းဆောင်ရွက်သွားနိုင်ရန်   ရည်ရွယ်၍ နှစ်ဦးသဘောတူ နားလည်မှုစာချွန်လွှာ စာချုပ် (MoU) လက်မှတ် ရေးထိုးပွဲ အခမ်းအနားကို   ယနေ့တွင်  အွန်လိုင်း အစီအစဉ်ဖြင့်   ကျင်းပခဲ့ရာ   မြန်မာ နိုင်ငံ ဆိုင်ရာ   ဂျာမနီနိုင်ငံသံရုံး    Head    of     Development  Cooperation   ဖြစ်သူ  Ms. Marianna  Knirsch၊  DGRV  ရုံး  မြန်မာနိုင်ငံ  ကိုယ်စားလှယ်     Project Director, Mr.  Marc   Andre   Zach နှင့်    DGRV  မှတာဝန်ရှိသူများ၊  သမဝါယမဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်   ဦးအောင်သူရ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊   ညွှန်ကြားရေးမှူးများနှင့်    တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြကြောင်းသိရသည်။ 

   
သတင်းစဉ်