ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်းပြီး ရန်ကုန်တိုင်းဒေသကြီး ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ၊ ဆေးတက္ကသိုလ် - ၁ (ရန်ကုန်) ပါမောက္ခချုပ် ပါမောက္ခဒေါက်တာဇော်ဝေစိုးနှင့် မြန်မာ့ရုပ်မြင်သံကြားမှ သတင်းအဖွဲ့က အောက်တိုဘာ ၃ ရက်တွင် ဆက်သွယ်မေးမြန်းထား သည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်-
ပါမောက္ခ ဒေါက်တာဇော်ဝေစိုး
[ပါမောက္ခချုပ်၊ ဆေးတက္ကသိုလ် - ၁ (ရန်ကုန်)]
အားလုံး မင်္ဂလာပါ။ ၃ - ၁၀ - ၂၀၂၀ ရက်နေ့ ရန်ကုန်မှာ ကျွန်တော် တို့ ကိုဗစ်အနေအထားပြောရရင် ဒီနေ့ ၁၀၀၂ ယောက် Positive ပါ။ ရန်ကုန်အတွက် ၂၄ နာရီအတွင်း Positive ဖြစ်တာ ၁၀၀၂ ယောက် ရှိတယ်။ အဲဒီ ၁၀၀၂ ယောက်ကို ကိုဗစ်စင်တာတွေပို့ပြီး ကုသရာမှာ ခါတိုင်းဆိုရင် ကျွန်တော်တို့ အကုန်လုံးကို ကုသဖို့အတွက် ကိုဗစ်စင်တာ ထဲကို ရောက်အောင်လုပ်ဖို့အတွက် အခက်အခဲတွေရှိပေမယ့် ဒီနေ့ ကျွန်တော်တို့ အသစ်ဖွင့်လှစ်လိုက်တဲ့ ကိုဗစ်စင်တာတွေရယ်၊ အရင် ဆေးရုံဆင်းတဲ့ လူနာတွေနဲ့ ဒီနေ့ထွက်တဲ့ Positive လူနာတွေအားလုံး ကို ကိုဗစ်စင်တာကိုပို့ပြီး ကုသနိုင်တယ်ဆိုတာ ဒီနေ့အခြေအနေက မဆိုးပါဘူး။အခြေအနေ ကောင်းပါတယ်။ ကျွန်တော်တို့ ကြိုတင်ပြင်ဆင် ထားတဲ့အတိုင်း လူနာများကိုပို့ဆောင်ပြီး ကုသနိုင်တယ်လို့ ပြောလို့ ရပါတယ်။
ကျွန်တော်တို့အတွက်တော့ ကိုဗစ်အတည်ပြုလူနာ အရေအတွက် တက်နေတာပေါ့နော်။ ၇၀၀ ကနေ ၈၀၀ ၊ ၈၀၀ ကနေ ၉၀၀ ၊ ၉၀၀ ကနေ ၁၀၀၀ ဆိုတာ တကယ်တော့ တက်နေတဲ့ အနေအထားရှိပါတယ်။ ဒီအနေအထားကို ပြန်လည်သုံးသပ်ပြီး မနေ့က ကျွန်တော်ပြောခဲ့သလိုပါပဲ။ ယခုလိုပုံစံပဲ Containment ကို အစွမ်းကုန် Positive ရှိသမျှ လူနာတွေအကုန်လုံးကို ကုသတဲ့ ဆေးရုံတွေနဲ့ ကိုဗစ် စင်တာတွေမှာ စောင့်ရှောက်ကုသမှုကို ကျွန်တော်တို့ အစွမ်းကုန်လုပ်ခဲ့ကြတယ်။ တစ်ဖက်ကလည်း ဒီစစ်ဆေး တာရော၊ ကာကွယ်တာရောကို အစွမ်းကုန်လုပ်ခဲ့ကြတယ်။ အဲဒီကနေ ယခုအချိန်မှာ ဒါကို ပြန်လည်သုံးသပ်ရမယ့် အနေအထားမျိုး ရောက်လာတယ်။
အားအကုန်ထုတ်သုံးရမယ့်သဘောရှိ
ကျွန်တော်တို့ရဲ့ လက်ရှိအနေအထားအရ ကုသနေတဲ့ နေရာတွေကို ခုတင် ၇၀၀၀ ကျော် ၈၀၀၀ ဖြစ်လာတဲ့ အချိန်မှာ ဒါကိုဆက်ပြီး တိုးချဲ့သွားမယ်ဆိုရင် ကျွန်တော် တို့ရဲ့ အနေအထားက တော်တော်လေး အစွမ်းကုန် လုပ်ဆောင်ရမယ့် သဘောရှိပြီး ကျွန်တော်တို့ရဲ့ အင်အားတွေကို အကုန်ထုတ်သုံးရမယ့် သဘောရှိတဲ့အပြင် နောင် အနာဂတ် ကျန်းမာရေး စောင့်ရှောက်မှုတွေမှာ ထိခိုက်မှု တွေ Impact ရှိလာနိုင်တဲ့အတွက် သုံးသပ်ပြီး ယခုဆိုရင် ကျွန်တော် မနေ့က ပြောခဲ့သလို ဆရာကြီးတွေနဲ့ တိုင်ပင် ပြီး ယခု Containment ကို တစ်ဆင့်လျှော့ချနိုင်သလားဆိုတာ တိုင်ပင်နေကြပါတယ်။
ကျွန်တော် မနေ့ကပြောတဲ့ Containment at Home ဆိုတာ စနစ်နဲ့၊ စည်းနဲ့၊ ကမ်းနဲ့ အတိအကျ အိမ်မှာနေပြီး သူဘယ်နားမှာရှိပြီး သူဘာလုပ်သလဲ၊ သူဘယ်လိုနေထိုင် သလဲဆိုတာ အတိအကျသိတဲ့အပြင် အဲဒီလူတွေကို အိမ်မှာ ယခုလို ကိုဗစ်စင်တာတွေမှာထားမယ့်အစား အိမ်မှာထားပြီးကုသ ဒါလည်းကုသတာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဘယ်မှာ နေတယ်။ ဘယ်မှာရှိတယ်ဆိုတာကို အချိန် ပြည့်ဆက်သွယ်နေနိုင်တယ်။
အချိန်ပြည့်စောင့်ရှောက်ခံရမှာဖြစ်
ကိုဗစ်စင်တာတွေထဲမှာဆိုရင်လည်း ကိုဗစ်စင်တာ ထဲမှာရှိတဲ့ အခန်းတွေနဲ့ Intercom နဲ့ ဆက်သွယ်ပါတယ်။ နောက်တယ်လီဖုန်းနဲ့ ဆက်သွယ်ပါတယ်။ နောက်သူတို့ကို စမ်းသပ်ရမယ့် ကိရိယာတွေ ပေးထားတယ်။ အောက်ဆီဂျင် Level တိုင်းဖို့အတွက် Oximeter တွေ ပေးထားတယ်။ Pressure Cuff တွေ၊ Glucometer တွေ၊ Temperature Check လုပ်တယ်။ အဲဒါကို မနက် သတင်းပို့တယ်။ နေ့လယ် သတင်းပို့တယ်။ ညနေသတင်းပို့တယ်။ ယခုလည်း အိမ်မှာ နေရင်း ခုနကလို အချိန်ပြည့်ဆက်သွယ်ပြီးတော့ ပြုစုစောင့် ရှောက်မှုခံရမှာ ဖြစ်ပါတယ်။
အဲဒီလိုမျိုးလုပ်ဖို့အတွက် အဆင်ပြေတဲ့ နေရာမျိုးမှာ ခုနက Containment at Home လုပ်ပြီး ဒီလိုနေထိုင်ဖို့ အခက်အခဲရှိတဲ့သူတွေကို ယခုကျွန်တော်တို့ရှိနေတဲ့ ကိုဗစ် စင်တာတွေမှာ ဆက်လက်ပြီး ကုသမှာဖြစ်ပါတယ်။ စောင့်ရှောက်မှုပေးမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး စောင့်ရှောက် ပေးခြင်းအားဖြင့် ကျွန်တော်တို့ ရှိနေတဲ့ အနေအထားတွေ ကို ပိုမိုကျယ်ပြန့်စွာ လုပ်နိုင်ဖို့အတွက် ပိုးတွေ့လူနာ တွေအတွက်လည်း ပိုမိုပြီး အဆင်ပြေပြေနေနိုင်လိမ့်မယ်လို့ ယူဆပါတယ်။
ဒါဟာ အားလုံးပေါင်းစပ်ပြီး လုပ်ဖို့လိုပါတယ်။ Technology လည်းလိုပါတယ်။ ဒါ့အပြင် Communication System တွေလည်း လိုပါတယ်။ Management တွေလည်း လိုတယ်။ နောက် အုပ်ချုပ်မှုအပိုင်းကနေ ကြီးကြပ်ပြီးတော့ ဒါကို ဆောင်ရွက်ဖို့လိုတယ်။ တစ်ဦးချင်း၊ တစ်ယောက်ချင်း စီက ဒါကို အတိအကျသေချာလိုက်နာဖို့လည်း လိုတယ်။ ဒါမှသာလျှင် ထိန်းနိုင်မှာ ဖြစ်ပါတယ်။ ဒါက နောက်တစ်ဆင့် စဉ်းစားနေတာ ဖြစ်ပါတယ်။ အဲဒီတစ်ဆင့်ကို နိုင်ငံတော် အနေနဲ့၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့၊ ဗဟိုကော်မတီအနေနဲ့ ဒါကို ဘယ်အချိန်ကျရင် ပြောင်းလဲ မလဲလို့ စဉ်းစားတာဖြစ်ပါတယ်။ ဒါကို ဆွေးနွေးနေတယ်။ အခြေအနေကို သုံးသပ်နေတဲ့ အနေအထားရှိပါတယ်။
နောက်တစ်ခုက တိုးတက်ပြောင်းလဲမှု တချို့ကို ပြောရရင် သုဝဏ္ဏမှာရှိတဲ့ ဧရာဝတီစင်တာမှာ ICU နဲ့ HDU ဒီနေ့စတင်ပြီး ဖွင့်လှစ်ပါပြီ။ ICU ခုတင် ၂၀ နဲ့ HDU ၅၅ ခုတင် စဖွင့်လှစ်ပါပြီ။ အဲဒီ ICU နဲ့ HDU ဟာ ဒီကိုဗစ်မှာ မရှိမဖြစ်လိုအပ်နေတဲ့ Oxygen Therapy ပေးနိုင်မှာ ဖြစ်ပါတယ်။ အသည်းအသန်လူနာများကို ကုသနိုင်မှာ ဖြစ်ပါတယ်။
HDU ၅၅ ခုတင်နဲ့ အသည်းအသန်လူနာ ၂၀
ယခင်တင်ပြခဲ့သလို ဒါအတွက်က ဝေဘာဂီရှိတယ်။ တောင်ဥက္ကလာရှိတယ်။ ဝေဘာဂီမှာ ခုတင် ၉၀ ရှိတယ်။ တောင်ဥက္ကလာမှာ ခုတင် ၇၀ ရှိတယ်။ ICU ၁၄ ခုတင်နဲ့ ကျန်တာတွေ က Oxygen Therapy ပေးလို့ရတဲ့ ခုတင်တွေ ဖြစ်ပါတယ်။ အဲဒီလိုမျိုးတွေ ဖွဲ့စည်းထားတာ ဖောင်ကြီး မှာက ICU ၃၈ ခုတင်နဲ့ အောက်ဆီဂျင်ပေးလို့ရတာ ၂၄၀ ရှိပါတယ်။ ယခုဧရာဝတီစင်တာဟာဆိုရင် ရိုးရိုးခုတင်ပေါင်း ဒီနေ့ ခုတင် ၃၀၀ ကိုပါ ထပ်ပြီးပေါင်းထည့်လိုက်ရင် ဧရာဝတီစင်တာမှာ အားလုံး ၉၅၀ ဖြစ်သွားမှာ ဖြစ်ပါတယ်။ အဲဒီ ၉၅၀ ထဲမှာ စောစောက Oxygen Therapy ပေးလို့ရတဲ့ Oxygen ကို Treatment အနေနဲ့ လူနာကို ကုသပေးနိုင် တဲ့နေရာ HDU ၅၅ ခုတင်နဲ့ အသည်းအသန်လူနာ ၂၀ နေရ မှာ ဖြစ်ပါတယ်။
ဒါဟာ ကျွန်တော်တို့အတွက် လက်ရှိအချိန်မှာ အများကြီး အထောက်အကူဖြစ်ပါတယ်။ လူနာတွေရဲ့ အသက်အန္တရာယ်ကို ဒီနေရာကနေ တားဆီးနိုင်မှာ ဖြစ်ပါ တယ်။ ဒါကြောင့် ဒါဟာ ကျွန်တော်တို့အတွက် သိပ်ကို တွန်းအားတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့အတွက် ကုသ ရေးမှာ အထောက်အကူဖြစ်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။
အလားတူပဲ ဒီနေ့ ရန်ကုန်ဆေးရုံကြီးကို ကြည့်ပြီး ရန်ကုန်ဆေးရုံကြီးရဲ့ အရေးပေါ်ဌာနကို အဆင့်မြင့်တိုးချဲ့ မြှင့်တင်နိုင်ဖို့ရယ်၊ ရန်ကုန်ဆေးရုံကြီးရဲ့ ရှေ့မှာရှိတဲ့ သမိုင်းဝင်အဆောက်အအုံကြီးမှာလည်း လူနာတွေကို အောက်ဆီဂျင် ကုသမှုတွေ ပေးနိုင်အောင်၊ အရေးပေါ်အထူး ကြပ်မတ်ကုသမှုတွေပေးနိုင်အောင် စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။
ဒီနေ့ ရန်ကုန်ဆေးရုံကြီးကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ ကျွန်တော်တို့ သွားရောက်ပြီးတော့ ရန်ကုန် ဆေးရုံကြီးမှာရှိနေတဲ့ သမိုင်းဝင်အဆောက်အအုံကြီးထဲမှာ အောက်ဆီဂျင်ကုသမှုပေးနိုင်တဲ့ နေရာ ၃၀၀ ကျော် တပ်ဆင် ဖို့ရယ်၊ နောက် ICU ခုတင် ၃၀ ထည့်ဖို့ရယ် စီစဉ်ပါတယ်။ အဲဒါ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စီစဉ်ထား တာကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ အချိန်တို အတွင်းမှာ အကောင်းဆုံး၊ အမြန်ဆုံးနဲ့၊ အင်အားအပြည့်နဲ့ ဆောင်ရွက်နိုင်ဖို့အတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လာရောက်ကြည့်ရှုခြင်း ဖြစ်ပါတယ်။
နောက်ရန်ကုန်ဆေးရုံကြီးရဲ့ အရေးပေါ်ဌာနမှာ လူနာများ နေရထိုင်ရတာ အဆင်မပြေဖြစ်နေတာကိုလည်း အဆင်အပြေဆုံးဖြစ်အောင် အရေးပေါ်ဌာနမှာ တိုးချဲ့ အဆောက်အအုံတစ်ခု၊ Steel Structure နဲ့ တိုးချဲ့အဆောက် အအုံတစ်ခု အမြန်ဆုံးဆောက်လုပ်ပြီးတော့ သက်သောင့် သက်သာ လေအေးစက်များ တပ်ဆင်ထားတဲ့၊ စနစ်တကျ PPE ဝတ်စုံတွေ ဝတ်နိုင်ချွတ်နိုင်တဲ့၊ ရေချိုးခန်း၊ အိမ်သာတွေ လူနာများအားလုံးအတွက် ပြည့်စုံတာတစ်ခုကို ဖန်တီးဖို့အတွက် ယနေ့သွားရောက်ကြည့်ရှုပြီး မနက်ဖြန်မှာ စတင်ပြီး ဆောက်လုပ်ဖို့အတွက် စီစဉ်နေပါတယ်။ ဒါကလည်း တကယ့်လိုအပ်ချက်ကို ဆောင်ရွက်တာ ဖြစ်ပါ တယ်။
အလားတူပဲ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးရဲ့ လမ်းညွှန်မှုနဲ့ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးရယ်၊ အင်းစိန်ရယ်၊ သင်္ဃန်းကျွန်းရယ်ကိုလည်း ပြုပြင်ဆောင်ရွက်ဖို့ စီစဉ် ဆောင်ရွက်လျက်ရှိပါတယ်။ ဒီပြောင်းလဲမှုအနေအထားနဲ့ နောင်အနာဂတ်ကို ကြည့်မယ်ဆိုရင် ကိုဗစ်နဲ့အတူ နေထိုင် ရဖို့အတွက် ပြင်ဆင်မှုတွေ လိုအပ်ပါတယ်။
အထူးသဖြင့် ရန်ကုန်ဆေးရုံကြီးတို့၊ အင်းစိန်တို့၊ မြောက်ဥက္ကလာတို့၊ သင်္ဃန်းကျွန်းတို့မှာ နေရာတစ်နေရာ ကို သီးခြားသတ်မှတ်ပြီး ဒါဟာ ကိုဗစ်ရှိတဲ့ လူနာတွေ ကုသ ဖို့နဲ့ Non COVID တွေ ကုသဖို့အတွက် အသေအချာ သီးခြား ပိုင်းခြားပြီး ဆောင်ရွက်ဖို့ ယခုစီစဉ်ဆောင်ရွက်လျက်ရှိပါ တယ်။ ဒါမှသာလျှင် ယခုအချိန်မှာ ကိုဗစ်က လူအများကို ကူးစက်ပြီး Community ထဲကို ရောက်နေတဲ့အချိန်မှာ ကိုဗစ်နဲ့တွဲပြီး ရောဂါတွေ အကုန်လုံးဖြစ်နိုင်ပါတယ်။
အဲဒီတော့ ကျွန်တော် ဟိုနေ့က ရှင်းပြသလို အရိုးကျိုး တာနဲ့ ကိုဗစ်နဲ့ တွဲလာနိုင်ပါတယ်။ အရိုးကျိုးတာကို အရိုး ကျိုးတဲ့အတိုင်း ကုသမှုလိုသလို အရိုးကျိုးတာကို ခွဲစိတ်ပြီး ကုသတယ်။ အဲဒီလူနာက ကိုဗစ်ရှိတဲ့အတွက်လည်း ပြုစု စောင့်ရှောက်မှုပေးဖို့ လိုပါတယ်။ ကိုဗစ် Positive အရိုးကျိုး တဲ့လူနာ၊ ကိုဗစ် Positive အူအတက်ရောင်လူနာ၊ ကိုဗစ် Positive အစာအိမ်ဖြစ်တဲ့ လူနာ၊ ကိုဗစ် Positive အသည်း လူနာ အဲဒီလိုမျိုးတွေ လူနာတွေအများကြီး ရှေ့လျှောက် ကုသရဖို့ ရှိပါတယ်။ အဲဒီလို လူနာတွေကို အသေအချာ ကုသပြီး ကျန်းမာရေးဝန်ထမ်းတွေကို၊ ကျန်းမာရေး အထောက်အကူပြုဝန်ထမ်းတွေကို မကူးစက်ဖို့အတွက် လည်း ဒီလိုနေရာတွေကို သီးခြားအသေအချာ တည်ဆောက် ဖို့လိုပါတယ်။
ဒါမှသာလျှင် ယခင်တုန်းက ပြုစုစောင့်ရှောက်ပုံမျိုးနဲ့ လုပ်လို့မရပါဘူး။ ဒါကြောင့် ယခုအချိန်မှာ ဆေးရုံကြီး အသီးသီးကို ယခုကဲ့သို့ သီးခြားကိုဗစ်လူနာ တခြားတွဲပြီး ဖြစ်လာတဲ့ ရောဂါတွေကို ကုသနိုင်တဲ့ သီးခြားဧရိယာတွေ နဲ့၊ သီးခြားနေရာတွေနဲ့၊ သီးခြားတည်ဆောက်မှုတွေကို ပြုပြင်ပြောင်းလဲမှုလုပ်ဖို့ လိုပါတယ်။ PPE နဲ့ ဝတ်ပြီး ဒီအထဲကို ပြုစုစောင့်ရှောက်ရမှာ ဖြစ်တဲ့အတွက် အဲဒီနေရာရဲ့ အပူချိန်ကအစ ထိန်းသိမ်းဖို့ လိုပါတယ်။ လေဝင် လေထွက် ကအစ ထိန်းသိမ်းဖို့ လိုပါတယ်။
ဆေးရုံကြီးလေးရုံ ပြင်ဆင်ဆောင်ရွက်
ယခင်ကလည်း ဆောင်ရွက်ထားတာရှိပါတယ်။ ယခင် ဆောင်ရွက်ထားတာက ရန်ကုန်ဆေးရုံကြီးဆို လူနာ ၅၀ စာ ဆောင်ရွက်ထားတာဖြစ်ပါတယ်။ ယခုအချိန်မှာ လူနာ ၂၀၀ / ၃၀၀ ရှိလာတာဖြစ်တဲ့အတွက် အဲဒါတွေအတွက် ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်းပဲ စောစောက ပြောတဲ့ ပြင်ဆင်ထားတာထက်ပိုများနေတဲ့ ဆေးရုံကြီး များကို ဦးစားပေးပြီး ဆေးရုံကြီး လေးရုံကို ယခုအချိန်မှာ ပြင်ဆင်ဆောင်ရွက်နိုင်ဖို့အတွက် စတင်ပြီးတော့ ပြောင်းလဲ မှုပြုနေပြီဆိုတဲ့အကြောင်း ဒီနေရာမှာ တင်ပြချင်ပါတယ်။
ကိုဗစ်ရဲ့ အနေအထားအရ နောက်ထပ် ထပ်ပြီးတော့ တိုးချဲ့မယ့် ကိုဗစ်စင်တာများလည်း ယခုအချိန်မှာ အတော် အသင့် အဆင်သင့်ဖြစ်နေပြီဖြစ်ပါတယ်။ ဥပမာ - ရန်ကုန် ကွန်ဗင်းရှင်းစင်တာဆိုရင်လည်း နောက် ၃ ရက်/ ၄ ရက်ခန့် ရှိရင် ဖွင့်လှစ်နိုင်မှာဖြစ်ပါတယ်။ Fortune Plaza ဆိုရင် လည်း အလားတူပါပဲ နောက်ထပ် ၃ / ၄ ရက်နေရင် ဖွင့်လှစ် နိုင်တော့မှာ ဖြစ်ပါတယ်။
ကိုဗစ်စင်တာများ တိုးချဲ့ဖွင့်လှစ်ဖို့စီစဉ်နေ
ယခုလို ကိုဗစ်စင်တာများကိုလည်း ထပ်မံပြီးတော့ ဖွင့်လှစ်ဖို့အတွက် ဆောင်ရွက်လျက်ရှိပါတယ်။ တစ်ဖက် ကလည်း Containment နဲ့ပတ်သက်ပြီး မည်သို့မည်ပုံ ပြောင်းလဲမလဲဆိုတာကို ဆွေးနွေးနေတဲ့အချိန်မှာ တစ်ဖက် ကလည်း ကိုဗစ်စင်တာများကို ဖွင့်လှစ်နိုင်ဖို့အတွက်၊ တိုးချဲ့ ဖွင့်လှစ်နိုင်ဖို့အတွက် ဆောင်ရွက်နေပါတယ်။ ဒီလိုဆောင် ရွက်တဲ့နေရာမှာ ကျွန်တော် ယခင်ပြောထားတဲ့အတိုင်းပဲ ရန်ကုန်ကွန်ဗင်းရှင်းစင်တာမှာ လူ ၅၀၀ ဆံ့တဲ့ ကိုဗစ်စင်တာ တစ်ခု ဖွင့်လှစ်နိုင်ဖို့ စီစဉ်နေပါတယ်။ အဲဒီမှာ HDU ၂၀ ခန့်ပါရှိပါတယ်။ နောက် Fortune Plaza မှာလည်း လူ ၅၀၀ ဆံ့တဲ့နေရာတစ်ခုစီ ဖွင့်လှစ်နိုင်ဖို့အတွက် စီစဉ်ဆောင် ရွက်နေပါတယ်။
ဒီလိုမျိုး တစ်ဖက်က စီစဉ်ဆောင်ရွက်နေသလို ကျွန်တော်တို့ရဲ့ Stay at Home Period အတွင်း ယခု ရှိနေတဲ့အချိန်အတွင်းမှာ ပြည်သူလူထုအနေနဲ့လည်း အစွမ်းကုန် သည်းခံပြီးတော့ ကျွန်တော်တို့ရဲ့ ခုနက Social Distancing တွေ၊ Stay at Home နေထိုင်မှုတွေ၊ Mask တပ်တာတွေ ဒါကို အစွမ်းကုန် တစ်ဦးချင်း၊ တစ်ဦးချင်း၊ တစ်ယောက်ချင်း၊ တစ်ယောက်ချင်းစီ ပါဝင်ပြီးတော့ ကိုဗစ်မကူးစက်ရေးကို တစ်ဦးချင်း၊ တစ်ယောက်ချင်းစီက တာဝန်ယူပြီး ဆက်လက်ပြီးတော့ မကူးစက်ရေး၊ ခုခံ ကာကွယ်ရေးကို ပါဝင်ပြီး ဒီဟာကို တိုက်ခိုက်ကြပါလို့ ကျွန်တော့်အနေနဲ့ ဒီနေရာကနေပြီး အနူးအညွတ်မေတ္တာ ရပ်ခံအပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
ထက်လျှံ