Skip to main content

အာရှနှင့် အရှေ့ - အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးပေါ်၌ ဂျိုင်းတံတားကြီး တည်ဆောက်နေ

ရန်ကုန်  အောက်တိုဘာ ၄


ကရင်ပြည်နယ် ဘားအံခရိုင် အာရှလမ်းမကြီးအမှတ် (၁) နှင့်   အရှေ့-အနောက်စီးပွားရေးစင်္ကြံလမ်းမကြီးပေါ် ဂျိုင်းမြစ် ကိုဖြတ်၍   လေးလမ်းသွား   ဂျိုင်း-ကော့ကရိတ် တံတားကြီးကို  ဆောက်လုပ်ရေးဝန်ကြီးဌာန   တံတားဦးစီးဌာနက တည် ဆောက် လျက်ရှိသည်။


ရန်ကုန်-မြဝတီလမ်းသည် အရှေ့-အနောက်စီးပွားရေး စင်္ကြံလမ်းမကြီးဖြစ်သည်။  တံတားကြီးကို   ဂျပန်နိုင်ငံမှ ချေးငွေ JICA ODA Loan ဖြင့် တည်ဆောက်နေခြင်းဖြစ်ရာ တံတားအမျိုးအစားမှာ    Prestressed   Concrete Extradosed Birdge ဖြစ်ပြီး တံတားအလျားမှာ ၅၈၀ မီတာ ရှိသည်။ တံတားစီမံကိန်းကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၁ ခုနှစ်အတွင်း ပြီးစီး အောင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။


အာရှလမ်းမကြီး အမှတ် (၁)  (AH1)နှင့်  အရှေ့- အနောက်   စီးပွားရေးစင်္ကြံလမ်းမပေါ်ရှိ  အဆိုပါ ဂျိုင်း-ကော့ကရိတ် တံတားကြီး ပြီးစီးသွားပါက  မြန်မာနိုင်ငံဒေသ အသီးသီးနှင့်  ဧရာဝတီတိုင်းဒေသကြီး၊  ပဲခူးတိုင်းဒေသကြီး၊  တနင်္သာရီ တိုင်းဒေသကြီး၊     မွန်ပြည်နယ်၊  ကရင်ပြည်နယ် တို့မှ  မြဝတီမြို့နယ်စပ်ကုန်သွယ်ရေးစခန်းသို့    ကုန်ပစ္စည်းများကို အဆင်ပြေ ချောမွေ့စွာ သယ်ယူပို့ဆောင်  ရောင်းဝယ် နိုင်တော့မည် ဖြစ်သည်။    

                             
ခရမ်းစိုးမြင့်