ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့သည့်ကာလက နည်းပညာ မြင့်မားသည့်ခေတ်ဖြစ်နေခြင်း ကြောင့် အခက်အခဲအကျပ်အတည်း တော်တော်များများကို ပြေလည်စေသည်။ အထူးသဖြင့် လူတိုင်း လိုလို၏ အိတ်ထဲတွင် ရှိနေသော လက်တစ်ဝါးသာသာ မိုဘိုင်းဖုန်း ကလေးက အခရာကျသည်။ အင်တာနက်ကွန်ရက်နှင့်ချိတ်ဆက် ထားသော မိုဘိုင်းဖုန်းကလေးကိုအသုံးပြု၍ ကိစ္စအတော်များများ ကို လျင်လျင်မြန်မြန် အဆင်ပြေပြီးမြောက်အောင် ဆောင်ရွက်နိုင် သည်။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၂၀-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ
(၁၉-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၀-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၂၀,၅၂၆) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၉၄၇) ဦး တွေ့ရှိရပါသည်။
အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲခြင်းအတွက် ဝန်ကြီးရုံးနှင့် ဦးစီးဌာနအသီးသီးမှ ပညာရေးဝန်ထမ်းများနှင့် ရှင်းလင်းဆွေးနွေးပွဲကျင်းပ
အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan-NESP 2021-2030) ရေးဆွဲခြင်းအတွက် ပညာရေးဝန်ကြီးဌာန ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်းများ၊ စိတ်ပါဝင်စားသူ အမှုထမ်းများနှင့် NESP 2 ရေးဆွဲရေးအဖွဲ့များ (Drafting Teams) နှင့် ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာနမှ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
ဥတ္တရခရိုင်တရားရုံး အဆောက်အဦ ပန္နက်တော်တင်တွင်းတော်ဝန်း မင်္ဂလာအခမ်းအနား ကျင်းပ
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ဥတ္တရခရိုင်တရားရုံး အဆောက်အဦ ပန္နက် တော်တင် တွင်းတော်ဝန်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီက နေပြည်တော် ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိ မြို့နယ်၊ ချင်းတွင်းလမ်းနှင့် ပုဗ္ဗသီရိမြို့နယ် တရားရုံးလမ်း ထောင့်ရှိ အဆိုပါ အဆောက်အဦ တည်ဆောက်မည့်နေရာ မင်္ဂလာမဏ္ဍပ်၌ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထား သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေး ဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး တက်ရောက်သည်။
ထိုင်ဝမ်(တရုတ်-တိုင်ပေ) ဒေသတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသားများအား မြန်မာနိုင်ငံသို့ပြန်လည်ခေါ်ဆောင်ခဲ့
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ထိုင်ဝမ် (တရုတ်-တိုင်ပေ) ဒေသတွင် စာချုပ်သက်တမ်းကုန်ဆုံး၍ သင်္ဘောဆင်းခွင့်ရရှိရန် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာသင်္ဘောသား အများစု အပါအဝင် မြန်မာနိုင်ငံသား စုစုပေါင်း (၁၄၇) ဦးကို ဟောင်ကောင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ စီစဉ်သည့် China Airlines လေကြောင်းလိုင်း ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြသည်။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၀-၁၂-၂၀၂၀) ရက်နေ့၊ ညနေ (၆:၀၀)နာရီ
(၁၉-၁၂-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုများတွင်တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ (၉၈၉) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
Online Training on Financial Investigation သင်တန်းကျင်းပ
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) တို့ ပူးပေါင်းစီစဉ်မှုဖြင့် Online Training on Financial Investigation သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ကော်မရှင်ရုံးသင်တန်းခန်းမ၌ Zoom Application စနစ်ဖြင့် ကျင်းပသည်။
အမျိုးသား အပင်မျိုးသစ်အကာအကွယ်ပေးရေးဆိုင်ရာ ဗဟိုကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေးကျင်းပ
အမျိုးသားအပင်မျိုးသစ် အကာ အကွယ်ပေးရေးဆိုင်ရာ ဗဟိုကော်မတီ ၏ ဒုတိယအကြိမ် အစည်းအဝေး ကို ဒီဇင်ဘာ ၁၆ ရက် ညနေပိုင်း က အွန်လိုင်းစနစ်ဖြင့် ကျင်းပ သည်။
ရန်ကုန်တက္ကသိုလ်ကို အမျိုးသားအဆင့်အမွေအနှစ် စာရင်းဝင်အဖြစ် ကြိုးပမ်းဆောင်ရွက်နေ
နှစ်ပေါင်း ၁၀၀ တိုင် သက်တမ်းရှိပြီဖြစ်သော ရန်ကုန်တက္ကသိုလ်အား အမျိုးသားအဆင့် အမွေအနှစ် စာရင်းဝင်အဖြစ် ကြိုးပမ်းဆောင်ရွက်မည်ဖြစ် ကြောင်း မြန်မာနိုင်ငံ ရှေးဟောင်းသုတေသန ပညာအသင်းမှ သိရသည်။
မှိုသီးနှံ မြန်မာ GAP Guideline ရေးဆွဲရေးနှင့် စိုက်ပျိုးမှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
မှိုသီးနှံ မြန်မာ GAP Guideline ရေးဆွဲရေးနှင့် စိုက်ပျိုးမှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ဒီဇင်ဘာ ၁၆ ရက် ညနေပိုင်းက Virtual Meeting ဖြင့် ကျင်းပသည်။