Skip to main content

ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်းသိကောင်းစရာ အမေး ၊ အဖြေ အစီအစဉ် ဆက်လက် ထုတ်လွှင့်မည်

နေပြည်တော် ဒီဇင်ဘာ ၁

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာလအတွင်း စီးပွားရေးလုပ်ငန်းများ ပြန်လည် လုပ်ကိုင် လည်ပတ်နိုင်ရန် ရည်ရွယ်ချက်ဖြင့်  ပြည်သူကို အသိပညာ မျှဝေပေး မည့်  “ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်  ကို နိုဝင်ဘာ၂၅ရက်မှစ၍ အပတ်စဉ်ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့ များတွင် ညနေ ၆ နာရီခွဲမှ ည ၇ နာရီ အထိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ  ထုတ်လွှင့်ပြသလျက်ရှိသည်။

ဒီဇင်ဘာ ၁ ရက် (ကြာသပတေးနေ့) ညနေတွင်  Digital နည်းပညာဖြစ်သည့် E-Commerce စနစ်ကို သုံး၍ ကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းများ လက်တွေ့ရောင်းချ၊ ဝယ်ယူမှု အခြေအနေနှင့် ပတ်သက်ပြီး ဗဟုသုတမျှဝေပေးမည့် ဒစ်ဂျစ်တယ် စီးပွားရေး အကြောင်း သိကောင်းစရာအစီအစဉ်ကို Flexible Pass (Founder & CEO) ဦးထက်အောင်လတ်နှင့် ဒစ်ဂျစ်တယ်ကဝေအေဂျင်စီ (အမှုဆောင် ဥက္ကဌ) ဒေါ်စန္ဒီစိန် သိဏ်း တို့ က ဆွေးနွေးကြမည်ဖြစ်ရာ ၎င်းဆွေးနွေးချက်များကို ညနေ ၆ နာရီခွဲ တွင် ထုတ်လွှင့် သွားမည် ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)