နေပြည်တော် ဒီဇင်ဘာ ၁၆
စင်ကာပူနိုင်ငံမှ အလှည့်ကျအိမ်ရှင် အဖြစ် ကျင်းပပြုလုပ်သည့် (၉)ကြိမ် မြောက် အာဆီယံ ဉာဏ်စမ်း ပဟေဠိ ပြိုင်ပွဲ (ဒေသတွင်းအဆင့်) 9th ASEAN Quiz-Regional Level ပြိုင်ပွဲအား ဒီဇင်ဘာ ၁၆ ရက်မှ ၁၇ ရက်အထိ အွန်လိုင်းမှတစ်ဆင့် ကျင်းပမည် ဖြစ်ရာ မြန်မာနိုင်ငံ ကိုယ်စားပြု ကျောင်းသူ သုံးဦးကလည်း မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား (ပြည်လမ်း-ရန်ကုန်)ရှိ စတူဒီယိုခန်းမမှ ပါဝင် ယှဉ်ပြိုင်ကြမည်ဖြစ်သဖြင့် အာဆီယံ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပနိုင် ရေးအတွက် အာဆီယံနိုင်ငံများရှိ ပြန်ကြားရေးဆပ်ကော်မတီ အသီးသီး မှ တာဝန်ရှိသူများ၊ ကြီးကြပ်သူ ဆရာ ဆရာမများ အပါအဝင် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ စုပေါင်း၍ အကြို ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခြင်း၊ အစမ်းလေ့ကျင့်ခြင်းများကို ယမန်နေ့ နံနက်နှင့် မွန်းလွဲပိုင်းတို့တွင် အွန်လိုင်း မှတစ်ဆင့် ကျင်းပခဲ့ကြောင်း သိရသည်။
သတင်းစဉ်