နေပြည်တော် ဒီဇင်ဘာ ၂၄
ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဂျပန် နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၅၂) ဦးအား တိုကျိုမြို့ရှိ မြန်မာသံရုံးမှ စီစဉ်သည့် (၁၆) ကြိမ်မြောက် All Nippon Airway (ANA) ကယ်ဆယ် ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ် ဆောင်ခဲ့ရာ ယနေ့ညနေ ၅ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ပြည်သူ့ဝန်ထမ်းအယောင်ဆောင်၍ ခြောက်လှန့်တောင်းယူမှု ကျူးလွန်သူကို စီရင်ချက်အမိန့်ချမှတ်
န်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ သုမိတ္တာ (၂၅)လမ်း၊ အိမ်အမှတ်(၉၇၁)နေ ဦးမင်းသူ (ယခင် လွှတ်တော်ပြင်ပ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ပြည်သူ့ဘဝ မြှင့်တင်ရေးအဖွဲ့)က ညောင်တုန်းမြို့နယ်အတွင်းမှ ဝန်ထမ်း နှစ်ဦးအား ၎င်းတို့နှင့် ပတ်သက်သော တိုင်စာများ၊ အမှုတွဲများ အဂတိအဖွဲ့သို့ ရောက်ရှိ နေကြောင်း၊ ၎င်းသည် အဂတိကော်မရှင်မှ အတွင်းရေးမှူးဖြစ်ကြောင်း၊ တိုင်စာကိစ္စများအား ကူညီဆောင်ရွက်ပေးနိုင် ကြောင်း ပြောဆိုကာ ဝန်ထမ်းနှစ်ဦးထံမှ ငွေကျပ် သိန်း(၃၀) အား ခြောက်လှန့်တောင်းယူခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့ သည်။
အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၃၀) (National Education Strategic Plan - NESP) (2021-2030) ပြုစုရေး ကျောင်းသားသမဂ္ဂများ၊ ကျောင်းသား ကျောင်းသူများနှင့် ဒုတိယနေ့ ညှိနှိုင်းဆွေးနွေးပွဲကျင်းပ
အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၃၀) (National Education Strategic Plan - NESP) (2021-2030) ပြုစုရေး ကျောင်းသားသမဂ္ဂများ၊ ကျောင်းသား ကျောင်းသူများနှင့် ဒုတိယနေ့ ညှိနှိုင်းဆွေးနွေးပွဲကျင်းပ
EIM Myanmar Technical Committee ညှိနှိုင်းအစည်းအဝေး (၂/၂၀၂၀) ကျင်းပ
EIM Myanmar National Technical Committee ညှိနှိုင်းအစည်းအဝေး(၂/၂၀၂၀)ကို ဒီဇင်ဘာ ၂၃ ရက်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနမှ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီသို့ အလှူငွေများ ပေးအပ်လှူဒါန်း
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနမှ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟို ကော်မတီသို့ အလှူငွေများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော် ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တတိယအကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ(၂၀၂၁)ကို Virtual Festival အွန်လိုင်းစနစ်ဖြင့် ကျင်းပနိုင်ရေးလေ့လာဆန်းစစ်သည့် အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ
တတိယအကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ(၂၀၂၁)ကို ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေ ကြောင့် Virtual Festival အွန်လိုင်း စနစ်ဖြင့် ကျင်းပနိုင်ရေးလေ့လာဆန်းစစ်သည့် အကြိုညှိနှိုင်း အစည်း အဝေးကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော် တိုင်းရင်း သားလူမျိုးများရေးရာဝန်ကြီးဌာ နရှိ အစည်းအဝေးခန်းမ၌ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
ဖြောင့်မတ်တည်ကြည်မှု၊ ကျင့်ဝတ်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ရည်ညွှန်းစာစောင်များ နေပြည်တော်ကောင်စီသို့ လွှဲပြောင်းပေးအပ်
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ခရိုင်/မြို့နယ်များသို့ ဖြန့်ဝေပေးရန်နှင့် စာကြည့်တိုက်တွင် ထားရှိနိုင်ရန်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးရည်ညွှန်းစာစောင်များ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ နံနက် (၉) နာရီခွဲတွင် နေပြည်တော်ကောင်စီရုံးဧည့်ခန်းမ၌ ကျင်းပခဲ့သည်။
ဧရာဝတီတံတား (သရက်-အောင်လံ) တည်ဆောက်ရေး စီမံကိန်းတို့အား ကြည့်ရှုစစ်ဆေး
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ကျော်လင်း သည် ယမန်နေ့က တောင်တွင်းကြီး မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသိန်းနှင့် ဌာနမှ တာဝန်ရှိသူများနှင့်အတူ ရန်ကုန် - ပြည် - မကွေး - မန္တလေးလမ်း မိုင် (၂၆၁/၅ - ၂၆၁/၆) အကြားတွင် တံတားအထူးအဖွဲ့ (၃)မှ တာဝန်ယူ တည်ဆောက်နေသော တံတားအမှတ် (၂/၂၆၂) ပရပ်ကျယ်တံတား တည် ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိ ရာ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးတင်နိုင်ကိုကိုက ယာယီလမ်းလွှဲ တံတားနှင့် တံတားတည်ဆောက်ပြီးစီး မှုများကို ရှင်းလင်းတင်ပြသည်။
အလားအလာကောင်းများ မြင့်မားရေးကြိုးပမ်း
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေဆဲကိုဗစ်-၁၉ ကပ်ရောဂါပိုး ကူးစက်မှုနှုန်း ကျဆင်း လာပါက ဝမ်းမြောက်ကြရပြီး ထိုနေ့အတွက် မင်္ဂလာရှိလှပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုနှုန်း တိုးလာလျှင် စိုးရိမ်ပူပန်မှုဖြစ်ကြရပြီး ထိုနေ့အတွက် စိတ်မချမ်းမသာဖြစ်ကြရပါသည်။ ထို့ကြောင့် ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေး စည်းမျဉ်းစည်းကမ်း များကို အသိတရားဖြင့်သတိထားပြီး ကိုယ်စီလိုက်နာ ခြင်းဖြင့် ပြည်သူများ စိတ်ချမ်းသာအောင် ဆောင်ကြဉ်း ပေးသင့်ပေသည်။