Skip to main content

မိုးညှင်း၊ အင်းတော်နှင့် ပုသိမ်ကြီးမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဒီဇင်ဘာ ၁၆

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁၅ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် မိုးညှင်းမြို့နယ်၊ ကာဒူကျေးရွာအုပ်စု၊ ခါနန်ကျေးရွာရှိ မျိုးဆော့(ခ)မာလ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၀၀ နှင့် ဘိန်းဖြူ သုည ဒသမ ၀၀၂၇ ကီလိုတို့ကို လည်းကောင်း။

အလားတူ ယင်းနေ့ ၇ နာရီ ၂၅ မိနစ်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် အင်းတော်မြို့နယ်၊ ကသာ-အင်းတော်သွားကားလမ်း၊ နဘားကျေးရွာ လမ်းခွဲတွင် ဖြီးထွယ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၆၆ ကီလို ကိုလည်းကောင်း။

ထို့အတူ ညနေ ၄ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာအနီးရှိ ၁၆ မိုင်စစ်ဆေးရေးဂိတ်တွင် ထွန်းထွန်းဦး မောင်းနှင်ပြီး အောင်ကိုကိုမောင် လိုက်ပါလာသော AD VAN အမျိုးအစားမော်တော်ယာဉ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာ ယာဉ်နောက်ခန်းရှိ ခရီးဆောင်အိတ်အတွင်းမှ ဘိန်းဖြူ သုည ဒသမ ၉၉ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၂၉,၇၀၀ တို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ည ၇ နာရီ ၄၅  မိနစ်တွင် ရမည်းသင်းမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၄၅/၃)အနီးတွင် နေထက်လင်းကို ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 ရဲပြန်ကြား