နေပြည်တော် ဒီဇင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်အတွင်း ဘောကထ ရေအားလျှပ်စစ်စီမံကိန်း ဆိုင်ရာ လုပ်ငန်းများ ဆက်လက်အကောင် အထည်ဖေည်ဆောင်ရွက်နိုင်ရေး အစိုးရနှင့် ကေအဲန်ယူ-ကရင် အမျိုးသားအစည်းအရုံး ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး နိုင်ရေးအတွက် ညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
ညှိနှိုင်းအစည်းအဝေးသို့ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(အငြိမ်းစား)၊ အကြံပေး အဖွဲ့ဝင်များဖြစ်ကြသည့် ဦးလှမောင်ရွှေနှင့် ဦးမိုးဇော်ဦး၊ လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ချုပ်များ ဖြစ်ကြသည့် ဦးဟိန်းထက် ၊ ဒေါ်မိမိခိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဘောကထ ရေအားလျှပ်စစ် စီမံကိန်းနှင့် စပ်လျဉ်း၍ ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၏ အဆိုပြုချက် များနှင့် လက်ရှိ အခြေအနေများအား ရှင်းလင်းဆွေးနွေး တင်ပြသည်။
ယင်းနောက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်၊ ညွှန်ကြား ရေးမှူးချုပ်များ ဖြစ်ကြသည့် ဦးဟိန်းထက်၊ ဒေါ်မိမိခိုင် တို့က ဘောကထရေအား လျှပ်စစ်စီမံကိန်း အကောင်အထည်ဖေါ်ဆောင်ရွက်နေမှု နောက်ဆုံး အခြေအနေများ၊ နိုင်ငံတော်အစိုးရက အကောင် အထည်ဖော် ဆောင်ရွက်နေသည့် ရေအားလျှပ်စစ် စီမံကိန်းဆိုင်ရာ မူဝါဒများ၊ ငြိမ်းချမ်းရေးကို အထောက်အကူ ဖြစ်စေမည့် Hydropower projects for Peace လျာထားချက်များကို ရှင်းလင်း ဆွေးနွေး တင်ပြကြသည်။
ထို့နောက် ငြိမ်းချမ်းရေးကော်မရှင်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (အငြိမ်းစား)၊ အကြံပေးအဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးလှမောင်ရွှေနှင့် ဦးမိုးဇော်ဦး တို့က ငြိမ်းချမ်းရေးနှင့် ဆက်စပ်၍ ရှင်းလင်းဆွေးနွေးကြသည်။
ဆက်လက်၍ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ တင်ပြချက်အပေါ် ဆောင်ရွက်နိုင် မည့် အစီအစဉ်များအား ဆွေးနွေး ကြပြီး နှစ်ဖက်တွေ့ဆုံဆွေးနွေးမည့် ကိစ္စရပ်များအား ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)