Skip to main content

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (နိုဝင်ဘာလထိ) တွင် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု (ယာယီ) မှာ အမေရိကန်ဒေါ်လာ ၄၄၆၈ သန်း ဆောင်ရွက်နိုင်၊ ယခင်ဘဏ္ဍာနှစ်ထက် အမေရိကန်ဒေါ်လာ ၁၉၆၁ သန်း လျော့နည်းခဲ့

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်(နိုဝင်ဘာလထိ)တွင် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု (ယာယီစာရင်းအရ) ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၄၄၆၈ သန်းတွင် ပြည်ပပို့ကုန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၁၁၀ သန်းနှင့် ပြည်ပသွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၃၅၈ သန်း ဖြစ်ပါသည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ကာလတူတွင် ပြည်ပ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၃၃၃၁ သန်း၊ ပြည်ပသွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၃၀၉၈ သန်းဖြစ်၍ ပြည်ပကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၆၄၂၉ သန်း ဖြစ်သဖြင့် ယခင်ဘဏ္ဍာနှစ်ထက် ပို့ကုန် ၁၂၂၁ ဒေါ်လာသန်း၊ သွင်းကုန် ၇၄၀ ဒေါ်လာသန်းနှင့် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၉၆၁ သန်း လျော့နည်းခဲ့ပါသည်။

ပြည်သူ့ရေးရာမူဝါဒနှင့် သုတေသနနည်းစနစ် သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာ လေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန နှင့် အာရှဖောင်ဒေးရှင်း (The Asia Foundation)တို့ ပူးပေါင်းစီစဉ်မှုဖြင့် ပြုလုပ်ခဲ့သည့် ပြည်သူ့ရေးရာမူဝါဒနှင့် သုတေသနနည်းစနစ် (Public Policy and Basic Social Research Methodology)ဆိုင်ရာ သင်တန်း ဆင်းပွဲ အခမ်းအနားကို ယနေ့ ညနေ ၄ နာရီခွဲတွင် Virtual စနစ်ဖြင့် ကျင်းပသည်။

ရာပြည့်တွန်းအား တိုင်းပြည်နိုင်ငံခံ့ညား

လွန်ခဲ့သော နှစ်တစ်ရာပြည့် ဝန်းကျင်ကာလက နိုင်ငံနှင့်လူမျိုးအတွက် ဂုဏ်ယူဖွယ်ရာကောင်းသည့် အမျိုးသား လှုပ်ရှားမှု များသည် မြန်မာနိုင်ငံတွင် ကမ္ပည်းမော်ကွန်းတင် ထင်ရှားပြောင်မြောက်သည့် သမိုင်းမှတ်တိုင်များ ဖြစ်ခဲ့သည်။ သမိုင်းမော်ကွန်း ရေးထိုးခဲ့သည့် ဂုဏ်ယူဖွယ်အမှတ်တရများ အတွက် နှစ် (၁၀၀) ပြည့်အခမ်းအနားများကျင်းပပြီး ဂုဏ်ပြုမှတ်တမ်းတင်ခဲ့ ကြသည်။

သယံဇာတ ထုတ်လုပ်မှုနှင့် ပွင့်လင်းမြင်သာရေး

မြန်မာနိုင်ငံ၏ ပညာရေးသင်ရိုးညွှန်းတမ်းများတွင် အစဉ်အဆက် သင်ကြားခဲ့ကြရသည့်အတိုင်း မြန်မာနိုင်ငံသည် စိမ်းလန်း စိုပြည်သော ရေမြေတောတောင်တို့နှင့် သဘာဝသယံဇာတရင်းမြစ်များ လွန်စွာ ချမ်းသာကြွယ်ဝသည့်တိုင်းပြည်တစ်ခုဖြစ်သည်ဟု နားလည်ခဲ့ကြပါသည်။

တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၁ ဘီလီယံ တန်ဖိုးရှိ အိုက်စ်များဖမ်းဆီးရမိ

တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၁ ဘီလီယံတန်ဖိုးရှိအိုက်စ်များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန် ချက်အရ သိရသည်။

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၁၈-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ

(၁၇-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၈-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၂၄,၅၀၁) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁,၁၁၆) ဦး တွေ့ရှိရပါသည်။

ပြည်တွင်းလေကြောင်းခရီးစဉ်အလိုက် ဓာတ်ခွဲစစ်ဆေးမှုများ ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေနေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် အလိုက် သတ်မှတ် ထားရှိသည့် ဓာတ်ခွဲစစ်ဆေးမည့်နေရာများ

ပြည်တွင်းလေကြောင်းခရီးစဉ်အလိုက် ဓာတ်ခွဲစစ်ဆေးမှုများ ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေနေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် အလိုက် သတ်မှတ် ထားရှိသည့် ဓာတ်ခွဲစစ်ဆေးမည့်နေရာများ

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် စင်ကာပူနိုင်ငံတွင် အခက်အခဲကြုံတွေ့ နေရသည့် မြန်မာနိုင်ငံသား (၁၄၈)ဦးအား စင်ကာပူမြို့ရှိ မြန်မာသံရုံးမှ စီစဉ်သည့် (၃၁) ကြိမ်မြောက် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြ သည်။

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲရေးအတွက် ကျောင်းသား မိဘများ နှင့် ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan-NESP 2021-2030) ရေးဆွဲရေးအတွက် ကျောင်းသားမိဘများနှင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်၊ ပညာရေးဝန်ကြီး ဌာနမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

စီးပွားရေးကို အွန်လိုင်းစနစ်သို့ ကူးပြောင်းခြင်းလမ်းညွှန် (Good Practice Guide –GPG) များ ထုတ်ပြန်ခြင်း အခမ်းအနားကျင်းပ

စီးပွားရေးကို အွန်လိုင်းစနစ်သို့ ကူးပြောင်းခြင်းလမ်းညွှန် (Good Practice Guide –GPG) များ၏ အွန်လိုင်းမိတ်ဆက် အခမ်းအနားကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျနိုင်ငံသံရုံး၊ Austrade၊ AustCham နှင့် နည်းပညာ အထောက် အပံ့ပေးသူ Trade Worthy အဖွဲ့အစည်းတို့ ပူးပေါင်း၍ ဒီဇင်ဘာ ၁၁ ရက် နံနက် ၁၀ နာရီ တွင် ကျင်းပသည်။
Subscribe to နေပြည်တော်