ငြိမ်းချမ်းသာယာဝပြောရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်
ဒီမိုကရေစီနိုင်ငံတိုင်းတွင် စည်းကမ်းဥပဒေကို အလေးထားဂရုစိုက်ကြသည်။ စည်းကမ်းဥပဒေ ကို လေးစားလိုက်နာသော ဒီမိုကရေစီနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်သာယာဝပြောနေသည်ကို တွေ့ရသည်။ အမှန်တွင် စည်းကမ်းသည် ဒီမိုကရေစီ နိုင်ငံမှသာမဟုတ် စည်းကမ်းဥပဒေကို လေးစားလိုက်နာသော မည်သည့်နိုင်ငံမဆို အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်နေသည်ကို တွေ့ရမည်ဖြစ်သည်။
ဓာတ်အားသုံးစွဲမှုများ ချွေတာ လေလွင့်ဖြုန်းတီးမှုများ ဂရုထားဆင်ခြင်
ဓာတ်အားပေးစက်ရုံကြီးများ၏ ဓာတ်အားထုတ်လုပ်မှုများလျော့နည်းလာသည့် အခြေအနေနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အများပြည်သူသို့ ပန်ကြားချက်တစ်ရပ် ထုတ်ပြန်လိုက်ရာ ပြည်သူအများ ခံစားနေကြရသည့် ဓာတ်အားပြတ်တောက်မှုများ မကြာခဏ ဖြစ်ပွားနေမှုအပေါ် ရှင်းရှင်းလင်းလင်း သိရှိခွင့်ရကြပြီး ဓာတ်အားဖြုန်းတီးမှုများကို သတိပြုဆင်ခြင်ရန်နှင့် ဓာတ်အားချွေတာသုံးစွဲရေးတို့ အတွက်လည်းဂရုစိုက်ဆောင်ရွက်ရန် လိုအပ်ကြောင်းတို့ကိုလည်း သိခွင့်ရလိုက်ကြသည်။
ထူးခြားလေးနက်သော လွတ်လပ်ရေးနေ့ကိုဂုဏ်ပြု
၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့သည် မြန်မာနိုင်ငံ၏ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ဖြစ်သည်။ ထိုနေ့သည် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံပြီး နိုင်ငံအတွက် ထူးကဲမွန်မြတ်သော၊ တိုင်းရင်းသားပြည်သူအားလုံးအတွက် ဂုဏ်ယူစရာကောင်းသော နေ့ထူးနေ့မြတ်ဖြစ်သည်။ ယခုနှစ်သည် စိန်ရတုအကြို တစ်နှစ်အလို လွတ်လပ်ရေးနေ့ဖြစ်၍ ပိုမိုထူးကဲပေသည်။
နိုင်ငံတော် ထာဝရတည်တံ့ခိုင်မြဲရေးနှင့် တစ်မျိုးသားလုံး၏ ဇွဲ၊ သတ္တိ၊ ညီညွတ်မှု
နိုင်ငံတစ်နိုင်ငံ တည်ထောင်ရန်သည်လည်းကောင်း၊ တည်ထောင်ပြီးသည့်နိုင်ငံ ကမ္ဘာမြေပေါ်တွင် အရှည်တည်တံ့ခိုင်မြဲစေရေး ထိန်းသိမ်းကာကွယ်ရခြင်းသည်လည်းကောင်း လွန်စွာခက်ခဲ ကြမ်းတမ်းလှသည်။ လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်စိုးသော နိုင်ငံကို ကာကွယ်စောင့်ရှောက် ခြင်းသည် ယင်းနိုင်ငံတွင် မှီကင်းနေထိုင်ကြသည့် နိုင်ငံသားတိုင်း၏တာဝန်ဖြစ်သော်လည်း နိုင်ငံသားတို့အနက် တာဝန်မသိသူ၊ တာဝန်ငြင်းဆန်သူတို့အပြင် မိမိမွေးဖွားရာ၊ မိမိနေထိုင်ရာ ဇာတိနိုင်ငံကိုပင် ဆန့်ကျင်သူ၊ ဖျက်ဆီးသူတို့လည်း ရှိကြသည်ကို တွေ့နိုင်သည်။
လွတ်လပ်ရေးရည်မှန်းချက် ရလဒ်များ တန်းတူခံစား
လွတ်လပ်သောနိုင်ငံတွင် မွေးဖွားရှင်သန်လာသော ကျွန်ုပ်တို့အဖို့ “လွတ်လပ်ရေး” ဟူသော ဝေါဟာရစကားလုံးသုံးလုံးကို သိရှိကြသော်လည်း ထိုစကားလုံးသုံးလုံး၏အနှစ်သာရ၊ အဓိပ္ပာယ်၊ တန်ဖိုးတို့ကို ကျယ်ကျယ်ပြန့်ပြန့် လေးလေးနက်နက် ထဲထဲဝင်ဝင်သိရှိကြသူ နည်းပေလိမ့်မည်။ လွတ်လပ်သောနိုင်ငံတွင် နေထိုင်ကြသော နိုင်ငံသားများအဖို့ လွတ်လပ်ရေး၏အဓိပ္ပာယ်ကို သိရှိကြရန်လိုအပ်ပေသည်။
စိန်ရတုအကြို လွတ်လပ်ရေး
ကမ္ဘာသုံးပြက္ခဒိန်အရ ယနေ့သည် ၂၀၂၂ ခုနှစ်သို့ ရောက်ရှိပြီ ဖြစ်သည်။ ၂၀၂၁ ခုနှစ်သည် ယမန်နေ့ အတိတ်တွင် ကျန်ရစ်ခဲ့ပြီ။ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသည်နှင့်အမျှ အတိတ်သည်လည်း ဝေး၍ ဝေး၍ ကျန်ရစ်ခဲ့မည်သာဖြစ်သည်။ ပြက္ခဒိန်ဟူသည် တစ်ဆက်တစ်စပ်တည်းသော အချိန်ကို နှစ်၊ လ၊ ရက်များအဖြစ် ပိုင်းခြား အမှတ်အသားပြုခြင်းဖြစ်ပြီး လူသားတို့၏လူရေးလူရာပြုဖွယ်ကိစ္စ အ၀၀တို့အတွက် အသုံးချခြင်းဖြစ်ရာ နှစ်ဟောင်းကုန်ခြင်း၊ နှစ်သစ် စတင်ခြင်းတို့သည် ပြက္ခဒိန်၏သဘောသာဖြစ်ပြီး အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ဟူသော ကာလသုံးပါး ယန္တရားကမူ ထာဝရလည်ပတ် နေမည်ဖြစ်သည်။
အစွန်းနှစ်ပါးကိုရှောင်ရှား၍ သတိမူနေထိုင်လုပ်ကိုင်
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုမှာ ကျန်းမာရေးဝန်ကြီးဌာန၏ အလေးထား ဆောင်ရွက်မှု၊ ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်မှုကြောင့် ကောင်းမွန်သော အနေအထား ရှိနေသည်။ ကိုဗစ်-၁၉ ကူးစက်ရောဂါ စောင့်ကြပ်ကြည့်ရှုရေး ရက်သတ္တပတ်အလိုက် ဓာတ်ခွဲနမူနာ ရယူစစ်ဆေးမှု၊ ဓာတ်ခွဲအတည်ပြု လူနာတွေ့ရ
ငြိမ်းချမ်းရေးကို တန်ဖိုးထား အကြမ်းဖက်မှုများကို တိုက်ဖျက်
လေးကေ့ကော်ဖြစ်စဉ်ကြောင့်တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင် နေကြရသည့် အပြစ်မဲ့ပြည်သူများ မိမိနိုင်ငံဘက်ရှိ မူလနေထိုင်ခဲ့ရာ နေရပ်များဆီသို့ ပြန်လည်ဝင်ရောက်လျက်ရှိပြီ ဖြစ်သည်။ လေးကော့ကော်အပါအဝင် ကရင်ပြည်နယ်ရှိ ဒေသများတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကြောင့် သေနတ်သံနှင့် ယမ်းခိုးယမ်းငွေ့တို့ ဆိတ်သုဉ်းပျောက်ကွယ်လျက် အေးချမ်းသာယာမှုများကို ဒေသခံပြည်သူတို့ လက်တွေ့ခံစား ခဲ့ကြရသည်မှာ ကာလတစ်ရပ်ကြာခဲ့ ပြီဖြစ်သည်။
အားလုံးပါဝင်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖော်ဆောင်
ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် လွတ်လပ်ရေးရရှိပြီးသည့်အချိန်မှစ၍ အမျိုးသား ခေါင်းဆောင်ကြီးများ လမ်းညွှန်ပေးခဲ့သည့်၊ ပြည်သူများလိုလားသည်။ နိုင်ငံတကာလက်ခံသည့် ဒီမိုကရေစီနိုင်ငံရေးစနစ်ကို ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ကျင့်သုံးခဲ့သည်။ ဒီမိုကရေစီစနစ်တွင် အများဆန္ဒကိုဦးစားပေးသော လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲစနစ်ကို အကောင်အထည်ဖော်ပြီး နိုင်ငံနှင့်ပြည်သူ အကျိုးစီးပွားဖြစ်ထွန်းရေးကို ဖော်ဆောင်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရား စီရင်ရေး မဏ္ဍိုင်ကြီး (၃) ရပ်ဖြင့် ထိန်းညှိဆောင်ရွက်ကြသည်။