Skip to main content

ထူးခြားလေးနက်သော လွတ်လပ်ရေးနေ့ကိုဂုဏ်ပြု

၂၀၂၂ ခုနှစ် ဇန်နဝါရီလ ရက်နေ့သည် မြန်မာနိုင်ငံ၏ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ဖြစ်သည်။ ထိုနေ့သည် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံပြီး နိုင်ငံအတွက် ထူးကဲမွန်မြတ်သော၊ တိုင်းရင်းသားပြည်သူအားလုံးအတွက် ဂုဏ်ယူစရာကောင်းသော နေ့ထူးနေ့မြတ်ဖြစ်သည်။ ယခုနှစ်သည် စိန်ရတုအကြို တစ်နှစ်အလို လွတ်လပ်ရေးနေ့ဖြစ်၍ ပိုမိုထူးကဲပေသည်။

မြန်မာနိုင်ငံသည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း၊ အစရှိသည့် တိုင်းရင်းသားလူမျိုးများ၏ စည်းလုံးမှုစွမ်းအား၊ ညီညွတ်မှုစွမ်းအား၊ တိုင်းပြည်နှင့်လူမျိုးကို ချစ်မြတ်နိုးသောစိတ်တို့ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသော ပြည်ထောင်စုနိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးများအားလုံး ရှေးနှစ်ပေါင်း ထောင်ချီကတည်းက မရှိအတူရှိအတူ အေးအတူပူအမျှ စည်းလုံးညီညွတ်စွာဖြင့် နေထိုင်ခဲ့ကြရာမှ နယ်ချဲ့တို့၏ ကျူးကျော်နယ်ချဲ့မှုကြောင့် ၁၈၈၅ ခုနှစ်တွင် သူ့ကျွန်ဘဝသို့ကျရောက်ပြီး တစ်နိုင်ငံလုံး လွတ်လပ်ရေးဆုံးရှုံးခဲ့သည်။

သူ့ကျွန်ဘဝတွင် တိုင်းရင်းသားပြည်သူအပေါင်းတို့သည် အရင်းရှင်နယ်ချဲ့ စနစ်နှင့်ဖက်ဆစ်စနစ်တို့၏ အမျိုးမျိုးဖိနှိပ်သွေးစုပ်ခြယ်လှယ်ခြင်းကို ခံခဲ့ရသည်။ ထို့ကြောင့် တိုင်းရင်းသားပြည်သူအပေါင်းတို့သည် စည်းလုံးညီညွတ်မှု၊ အမျိုးကို ချစ်မြတ်နိုးမှု၊ အမိနိုင်ငံကို ချစ်မြတ်နိုးမှုတို့ဖြင့် ဘဝပေါင်းများစွာ၊ အသက်ပေါင်းများစွာ စတေးပေးဆပ်ကာ အမိနိုင်ငံတော်လွတ်လပ်ရေး၊ သူ့ကျွန်ဘဝမှ လွတ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက် ခဲ့ကြသည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ရက်နေ့ မင်္ဂလာရှိသော နံနက်အချိန်အခါသမယတွင် မြန်မာတစ်နိုင်ငံလုံး လွတ်လပ်ရေးရရှိခဲ့သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရေးအတွက် ဘိုးဘွားဘီဘင်များက အသက်ပေါင်းများစွာ၊ ဘ၀ပေါင်းများစွာ ပေးဆပ်ခဲ့ကြပြီးဖြစ်၍ယနေ့ တိုင်းရင်းသားပြည်သူ အပေါင်းတို့၏ သမိုင်းပေးတာဝန်သည် အမိမြန်မာနိုင်ငံတော်ကြီး လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ ထာဝစဉ်တည်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ကြရမည်ဖြစ်သည်။ နိုင်ငံတော်၏စီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူအားလုံး စားနပ်ရိက္ခာဖူလုံရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်သည်။ ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် တိုင်းပြည်ငြိမ်းချမ်းသာယာရေး၊ အဖျက်သမားချုပ်ငြိမ်းရေးကို နိုင်ငံတော်နှင့်အတူ ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြရမည် ဖြစ်သည်။

ဤသည်မှာ လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခြင်း၊ သမိုင်းပေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခြင်းပင် ဖြစ်သည်။ ထူးခြားလေးနက်သည့် စိန်ရတုပြည်ထောင်စုနေ့၊ စိန်ရတုအကြိုလွတ်လပ်ရေးနေ့ ယနေ့အခါသမယတွင် ထူးခြား လေးနက်စွာ အထူးဆောင်ရွက်ရမည်မှာ သက်ဆိုင်သူအဖွဲ့ အစည်းများအားလုံး ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ်များ စတင် တက်လှမ်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။ ငြိမ်းချမ်းရေးသည် တိုင်းပြည်အတွက် အရေးအကြီးဆုံးဖြစ်ပြီး နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ် () ရပ်၏ စတုတ္ထ အချက်တွင်တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှအလေးထား လုပ်ဆောင်သွားမည်ဟု အသိပေးထားသည်။

ယခုနှစ် ၂၀၂ ခုနှစ် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်များသည်လည်း လွတ်လပ်ရေးအမွေ သမိုင်းပေးတာဝန်ကျေပွန်ရေးအတွက် အလုပ်လမ်းညွှန်များ ဖြစ်သည်။

 () ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက် တိုင်းရင်းသားအားလုံး ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး။

() စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ကို စောင့်ရှောက်ဖော်ဆောင်၍ ကောင်းမွန်သန့်ရှင်းသော အစိုးရတစ်ရပ်နှင့် အုပ်ချုပ်မှုပုံစံပေါ်ထွန်းလာစေရေး။  

() နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်မှန်သောပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံ၍ တိုင်းရင်းသားအားလုံး စည်းလုံးချစ်ခင်စွာ ပူးပေါင်းဆောင်ရွက်ရေး။

() ပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေသည့် ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် ကြိုးပမ်းဖော်ဆောင်ရေးဟူသည့် အမျိုးသားရေးဦးတည်ချက်များကို ဝိုင်းဝန်းဖော်ဆောင်ကြရမည်။

၂၀၂၂ ခုနှစ် (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့သည် စိန်ရတုလွတ်လပ်ရေးနေ့အကြို တစ်နှစ်အလိုဖြစ်ပြီး မကြာမီတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အခိုင်အမာစိုက်ထူခဲ့သော စိန်ရတုပြည်ထောင်စုနေ့သို့ ရောက်ပြီဖြစ်သည်။ သို့ပါ၍ ထူးကဲမွန်မြတ်ထူးခြားလေးနက်သော ပြည်ထောင်စုကြီး၏ စိန်ရတုကာလတွင် ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းရေးနှင့် ပြည်ထောင်စုကြီး စားနပ်ရိက္ခာ ဖူလုံပေါများပြီး အေးချမ်းသာယာဝပြောရေးအတွက် ဝိုင်းဝန်းလက်တွဲကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။  

အယ်ဒီတာ့အာဘော်