နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ထိတ်လန့်မှုဖြစ်ပေါ်စေရန် ရည်ရွယ်သည့် လှုံ့ဆော်မှု များလူမှုကွန်ရက်များတွင် ပျံ့နှံ့လျက်ရှိသည်။ ယင်းလှုံ့ဆော်မှုများကို အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH၊ NUG နှင့် ၎င်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များက ၎င်းတို့၏ Facebook account များမှ ပြုလုပ်နေကြခြင်းဖြစ်သည်။
စည်းလုံးညီညွတ်မှုနှင့် ငြိမ်းချမ်းရေးခြေလှမ်းသစ်
မြန်မာနိုင်ငံသည် ပြည်ထောင်စုနိုင်ငံဖြစ်၍ စည်းလုံးညီညွတ်မှုကို ခိုင်မာစွာ တည်ဆောက်နေသည်။ စည်းလုံးညီညွတ်မှု လျော့ရဲချည့်နဲ့သည်နှင့် အချုပ်အခြာ အာဏာပိုင်ဆိုင်မှုနှင့် ပြည်ထောင်စုကြီးအား ထိပါးလာသည်ကို တွေ့ကြရမည်ဖြစ်သည်။ ထို့ကြောင့် ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံသည့် စည်းလုံးညီညွတ်မှုကို တိုင်းရင်းသားပြည်သူအားလုံး ကြိုးပမ်းတည်ဆောက်နေကြရမည်ဖြစ်သည်။
ကျေးလက်ဒေသများ သန့်ရှင်းသာယာရေးအတွက် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ်
ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ်ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှစတင်၍ အကောင်အထည်ဖော်လျက်ရှိသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က အကောင်အထည်ဖော်လျက်ရှိသည့် အဆိုပါ စီမံကိန်းကို လူထုဗဟိုပြုစီမံကိန်းကျေးရွာများ၊ မြစိမ်းရောင်စီမံကိန်း ကျေးရွာများ၊ ကျေးရွာအသက်မွေးဝမ်းကျောင်းနှင့် ဝင်ငွေမြှင့်တင်ရေးစီမံကိန်းကျေးရွာများ၊ ကျေးရွာဖွံ့ဖြိုးရေး စီမံချက်ရေးဆွဲသော ကျေးရွာများ၊ အိမ်သွယ်ရေတိုင်စနစ်ရှိသော ကျေးရွာများ၊ အဆိုပါ စီမံကိန်းကို ဆောင်ရွက်ရန်ဆန္ဒရှိသော ကျေးရွာများ၊ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ (သို့မဟုတ်) သဘာဝခရီးသွားဒေသ ကျေးရွာများတွင် ဦးစားပေးဆောင်ရွက်နေခြင်းဖြစ်သည်ဟု သိရသည်။
နိုင်ငံတိုးတက်ရေး ပညာတတ်ပေါများရေးကြိုးပမ်း
“နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်များ ပေါများရန်လိုအပ်သဖြင့် ပညာတတ်များ ပေါများစေရေး ပညာရေးကဏ္ဍမှ တာဝန်ရှိသူများက ကြိုးပမ်းဆောင်ရွက်ပေး ရန်လိုကြောင်း” ဇန်နဝါရီ ၁၇ ရက်ကပြုလုပ်သည့် အဆင့်မြင့်ပညာကဏ္ဍလုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
မျိုးဆက်တာဝန်ကျေပွန်၍ ကမ္ဘာ့အလယ်တင့်တယ်စေရာ
ပစ္စက္ခကာလ မြန်မာ့နိုင်ငံရေးအခြေအနေသည် မြန်မာနိုင်ငံသူ နိုင်ငံသားတို့ မတွေ့လို၊ မကြုံလိုကြသော နိုင်ငံရေးအခြေအနေဖြစ်သည်။ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံး၍ ခေတ်မီဖွံ့ ဖြိုးတိုးတက်သော၊ ငြိမ်းချမ်းသာယာဝပြောသော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တော်ကြီးသို့ ဦးတည်မျှော်မှန်း အကောင်အထည်ဖော်ခဲ့ကြရာတွင် ရွေးကောက်ပွဲများမှ တက်ရောက်လာသည့် အစိုးရများလည်း နှစ်ဆက်ရှိခဲ့သည်။ ဒီမိုကရေစီအစိုးရနှစ်ရပ်တို့၏ သက်တမ်းနှစ်ခုအတွင်း မူဝါဒချမှတ်ပုံ၊ လုပ်ကိုင်ဆောင်ရွက်ပုံများ ကွဲပြားခြားနားမှုကိုလည်း ပြည်သူတို့ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ကြရသည်။ ၂ဝ၂ဝ ပြည့်နှစ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် မဲမသမာမှုများနှင့်စပ်လျဉ်း၍ ဖြစ်ပေါ်လာသော မြန်မာ့နိုင်ငံရေးအပြောင်း အလဲတွင် နိုင်ငံကို အလုံးစုံပျက်သုဉ်းရေးဆီသို့ တွန်းပို့နေသည့် အဖျက်အင်အားစုတို့သည် လတ်တလောပေါ်ပေါက်လာခြင်းမဟုတ်ဘဲ ရှေးမဆွကပင် ကြိုတင်စီမံခဲ့သည်ဟု ယူဆဖွယ်ရာ တို့ တွေ့ရသည်။ အထူးသဖြင့် ဆိုရှယ်မီဒီယာနှင့် ပြည်ဖျက်မီဒီယာများ၊ မီဒီယာသမားများကို အသုံးချကာ နိုင်ငံ၏အင်အားစုများကို ပြိုကွဲရန်၊ ပျက်စီးရန် ကြိုးပမ်းမှုများလွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်မှ စတင်ပေါ်ပေါက် လာခဲ့ခြင်းဖြစ်ပြီး ၎င်းတို့လိုလားသည့် အစိုးရပေါ်ပေါက် လာသည့် ယနေ့ကာလတွင်လည်း ဆက်လက်၍ တိုင်းပြည်ဖျက်ရေး အားထုတ်နေကြဆဲဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်
ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါနှင့် မျိုးရိုးဗီဇပြောင်းရောဂါပိုးသစ် ဖြစ်ပွားနေဆဲဖြစ်သည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ကာကွယ် ထိန်းချုပ်၊ ကုသရေးကို တက်ညီလက်ညီကြိုးပမ်းဆောင်ရွက်လျက်ရှိသောကြောင့် ရောဂါဖြစ်ပွားနှုန်း မြင့်တက်လာခြင်း မရှိဘဲ ထိန်းချုပ်နိုင်သည့်အဆင့်တွင် ရှိနေသည်။ မျိုးရိုးဗီဇပြောင်းရောဂါပိုးသစ်နှင့် ပတ်သက်၍လည်း ဂရုတစိုက်အလေးထား စောင့်ကြည့်ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံ့အနာဂတ်အတွက် အဆင့်မြင့်ပညာရပ်ဝန်းများ
ကမ္ဘာ့နိုင်ငံများ တစ်ခုနှင့်တစ်ခု ဖွံ့ဖြိုးတိုးတက်မှုအနိမ့်အမြင့် မတူညီကြရခြင်းသည် လူမျိုးတစ်မျိုးနှင့်တစ်မျိုး အရည်အသွေးကွာခြားမှု အရဖြစ်သည်ဟူ၍ နိုင်ငံများ၏ဖွံ့ဖြိုး တိုးတက်မှုနှင့် စပ်လျဉ်း၍ လေ့လာသည့် သုတေသီအချို့က ဆိုကြသည်။ ၎င်းတို့၏ အဆိုအရ လူမျိုးတစ်မျိုးနှင့်တစ်မျိုးကာယ၊ ဉာဏ၊ လုံ့လဝီရိယစိုက်ထုတ်နိုင်စွမ်း တူညီမှုမရှိခြင်းကြောင့် နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုများလည်း ကွာဟခဲ့ရသည်ဟု တင်ပြခဲ့ကြသည်။ သို့ရာတွင် လူမျိုးတို့အကြား အရည်အချင်း၊ အရည်အသွေးကွာခြားရခြင်းမှာ ၎င်းတို့၏ ဗီဇကြောင့် မဟုတ်ဘဲ ပညာရေး၊ ကျန်းမာရေး၊ ပတ်ဝန်းကျင်အခြေအနေ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံများကြောင့် ဖြစ်သည်ဟူ၍ ယူဆသော ပညာရှင်များလည်း ရှိကြသည်။
သဘာဝအခြေခံခရီးသွားလုပ်ငန်း မြှင့်တင်ဆောင်ရွက်
ယခုအခါ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ပြည်တွင်းခရီးသွားလာမှုများ များပြားလာသည်။ ပြည်သူများမှာ တစ်နှစ်တာ ပင်ပန်းနွမ်းနယ်သမျှ ခရီးသွားလာခြင်းဖြင့် အပန်းဖြေလေ့ရှိသည်။ ပြည်သူများ စိတ်နှလုံးချမ်းမြေ့လျှင် ပေါ့ပါးလန်းဆန်းကျန်းမာခြင်း သုခကိုရစေနိုင်သဖြင့် စိတ်နှလုံးချမ်းမြေ့စေသော ခရီးသွားလုပ်ငန်းများကို ကိုဗစ်-၁၉ ရောဂါ ကျန်းမာရေးစည်းကမ်းများနှင့်အညီ မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်။
ဥပဒေနှင့် ကျင့်ဝတ်ချိုးဖောက်မှု
ကမ္ဘာတစ်ခွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း သန်း ၃၀၀ ကျော်လွန်သွားခဲ့ပြီဖြစ်သည်။ ဗီဇပြောင်း ကိုဗစ်-၁၉ အိုမီခရွန် ကူးစက်မှုကြောင့် ကမ္ဘာ့နိုင်ငံအချို့တွင် နေ့စဉ်ကူးစက်ပျံ့နှံ့မှု စံချိန်တင် မြင့်မားလျက်ရှိရာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုနှင့် ၂ စပ်လျဉ်း၍ ပြည်တွင်း၌ ငြင်းခုံနေကြဆဲဖြစ်သော အမေရိကန်ပြည်ထောင်စုမှာ နေ့စဉ်ကူးစက်မှုနှင့် အပတ်စဉ်ကူးစက်မှု နှုန်းတို့ စံချိန်တင်လျက်ရှိသည်။ အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအများဆုံး နိုင်ငံဖြစ်ပြီး ဓာတ်ခွဲအတည်ပြုလူနာ ၆၁ သန်းကျော် တွေ့ရှိထားပြီး ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုအများဆုံး နိုင်ငံလည်းဖြစ်သည်။
ညီညာမှ ပြည်သာမည်
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးတွင် စီးပွားရေးသည် အရေးပါသော်လည်း နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုကသာ အရင်းခံကျသည်ဟု ပညာရှင်တို့က မိန့်ဆိုသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရရှိရေးအတွက် လိုအပ်သော နိုင်ငံရေးအခြေအနေများ ဖွဲ့စည်းဖြစ်ပေါ်လာခြင်းက နိုင်ငံရေးဖွံ့ဖြိုးတိုးတက်ခြင်းပင်ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်ပြီး ဖြစ်သော ကမ္ဘာ့နိုင်ငံကြီးများနှင့်မတူသောအချက်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အားအနည်းဆုံးနယ်ပယ်သည် အရေးအကြီးဆုံးဖြစ်သော နိုင်ငံရေးနယ်ပယ်ပင်ဖြစ်နေကြောင်းဖြင့်လည်း ပညာရှင်များက ပြောကြသည်။