ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ကျင်းပမည့် “အမျိုးသား စာပေဆု (၇၅) ကြိမ်မြောက် စိန်ရတုအကြိုစာပေစကားဝိုင်း” ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ၂၆-၉-၂၀၂၄ ရက် ကြာသပတေးနေ့ မွန်းလွဲ ၁ : ၀၀ နာရီတွင် ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
၂ဝ၂၃ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် စိစစ်ရွေးချယ်ခြင်းများ ဆောင်ရွက် လျက်ရှိရာ သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာအဖွဲ့ငယ် (အတည်ပြုအဆင့်) အစည်းအဝေး ကို ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက် နံနက် ၁၀ : ၀၀ နာရီမှ ၁၁ : ၀၀ နာရီအထိ ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ၂ဝ၂၃ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲသို့ ပေးပို့ယှဉ်ပြိုင်ထားသည့် ဘာသာရပ်ဆိုင်ရာစာမူများ အတည်ပြုအဆင့်ရွေးချယ်ထားမှု အခြေအနေကို စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များက ဆွေးနွေးကြကြောင်း သိရသည်။

ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် စာဆိုဗိမာန် အဆောက်အဦတွင် စာဆိုပညာရှင်ကြီးများ၏ မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့သည့် စာပေလက်ရာများ၊ မှတ်တမ်းမှတ်ရာ၊ ဓာတ်ပုံများကို အထပ်လိုက်ခင်းကျင်းပြသရန်၊ ပြည့်စုံမှန်ကန်မှု ရှိစေရန်နှင့် အချက်အလက်များ မကျန်စေရန်အတွက် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုဖြင့် စိစစ် အတည်ပြုမည့်အဖွဲ့မှ ပညာရှင်များအား ညှိနှိုင်းအစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက် မွန်းလွဲ ၂ : ၀၀ နာရီတွင် စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Copyright © 2026. All rights reserved