ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ကျင်းပမည့် “အမျိုးသား စာပေဆု (၇၅) ကြိမ်မြောက် စိန်ရတုအကြိုစာပေစကားဝိုင်း” ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ၂၆-၉-၂၀၂၄ ရက် ကြာသပတေးနေ့ မွန်းလွဲ ၁ : ၀၀ နာရီတွင် ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် အမျိုးသားစာပေဆု (၇၅) ကြိမ်မြောက် စိန်ရတုအကြိုစာပေစကားဝိုင်း အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆွေးနွေးပြောကြားမည့် အကြောင်းအရာများကို သတ်မှတ်ခြင်း၊ ဆွေးနွေးမည့် အကြောင်းအရာများကို ကဏ္ဍအလိုက် ခွဲခြား၍ ဦးဆောင်ဆွေးနွေးမည့် စာပေပညာရှင်များ သတ်မှတ်ခြင်း စသည်တို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။