May 23, 2026
ရာသီဥတုပြောင်းလဲဖြစ်ပေါ်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မေလ ၂၁ ရက်နေ့တွင် အသိပေးထုတ်ပြန်ခဲ့သည်။ အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ၏ ပင်လယ်ရေမျက်နှာပြင် အပူချိန်နှင့် လေထုဖြစ်စဉ်များအနေဖြင့် အယ်လ်နီညိုဖြစ်စဉ်ဖြစ်ပေါ်နိုင်သော အခြေအနေရှိနေသည်ဟု ခန့်မှန်းတွက်ချက်ပေးထားသည်။ လက်ရှိအခြေအနေတွင်လည်း မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံများ၌ အယ်လ်နီညိုသက်ရောက်မှုရှိသည့် ရာသီဥတုမူမမှန်မှုကို ကြုံတွေ့နေရသည်။
May 23, 2026
ရပ်ရွာဒေသများ အပတ်စဉ် သန့်ရှင်းရေးစုပေါင်းဆောင်ရွက်မှုများကို စဉ်ဆက်မပြတ် ပြုလုပ်လျက်ရှိကြရာ သန့်ရှင်းသပ်ရပ်မှုများမှာလည်း တစ်ပတ်ထက်တစ်ပတ် ပိုမိုတိုးတက်လာသည်။ သို့ရာတွင် သန့်ရှင်းရေးပြုလုပ်ကြရုံမျှဖြင့် မလုံလောက်ဘဲ ပြုလုပ်ပြီးသမျှ သန့်ရှင်းမှုတို့ တည်စေ၊ မြဲစေဖို့ ရပ်ရွာနေသူအားလုံးက ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန် လိုသည်။ အပတ်စဉ် ရုံးပိတ်ရက်တစ်ရက်တွင် ဝိုင်းဝန်းစုပေါင်းသန့်ရှင်းရေးလုပ်လိုက်ကြပြီး ကျန်ရက်သတ္တတစ်ပတ်လုံး စည်းကမ်းမဲ့စွာ စွန့်မြဲ၊ ပစ်မြဲ၊ ရှုပ်မြဲ၊ ဖွမြဲ လုပ်ကြမည်ဆိုလျှင် တစ်ရက်ခံသန့်ရှင်းရေးမျှသာ ဖြစ်မည်။
May 22, 2026
ရေသည် လူတိုင်းနေ့စဉ်သုံးစွဲရန်လိုအပ်သည့် မရှိမဖြစ်သယံဇာတဖြစ်သည်။ ရေသည်လွန်စွာအဖိုးတန်သည့် အရင်းအမြစ်တစ်ခု ဖြစ်သည့်အလျောက် ရေအရင်းအမြစ်များ ပျက်စီးပျောက်ကွယ်ဆုံးရှုံးမှုမဖြစ်စေရန် စနစ်တကျထိန်းသိမ်း၍ အကျိုးရှိရှိအသုံးပြုကြရမည်ဖြစ်သည်။
May 21, 2026
“နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန်တာဝန်ရှိသည်”ဟူသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံ့သားကောင်းများသည် မိမိဆန္ဒအလျောက် စိတ်အားထက်သန်စွာ ပြည်သူ့စစ်မှုထမ်းအဖြစ် စာရင်းပေးသွင်းပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်နေကြပြီဖြစ်သည်။
May 21, 2026
တနင်္သာရီတိုင်းဒေသကြီးအတွင်းတည်ရှိပြီး ထိုင်းနိုင်ငံနှင့် ထိစပ်လျက်ရှိသော နယ်စပ်ကုန်သွယ်ရေးစခန်းရှိသည့် နယ်စပ်မြို့ဖြစ်သော မောတောင်မြို့ကို တပ်မတော်က အလုံးစုံပြန်လည် သိမ်းပိုက်ထိန်းချုပ်လိုက်ရာ ဒေသခံပြည်သူများက တပ်မတော်စစ်ကြောင်းများအား အောင်သပြေပန်းများ၊ ဂုဏ်ပြုပန်းကုံးများဖြင့် သောင်းသောင်းဖြဖြ ဝမ်းပန်းတသာကြိုဆိုခဲ့ကြသည်။ မောတောင်အောင်ပွဲသည် စစ်ပွဲ၏အနိဋ္ဌာရုံများကို တွေ့ကြုံခံစားခဲ့ကြရသော၊ လူမှုစီးပွားဘဝများ ပျက်စီးဆုံးရှုံးကာ နေရပ်ကိုစွန့်ခွာခဲ့ရသော ဒေသခံပြည်သူများအတွက် တည်ငြိမ်အေးချမ်းမှုနှင့် လုံခြုံမှုတို့ကို ယူဆောင်ပေးကာ ပုံမှန်လူမှုစီးပွားဘဝများ ပြန်လည်ရရှိစေခြင်း ဖြစ်သည့်အတွက်လည်း ပြည်သူလူထုက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ကြခြင်းဖြစ်သည်။
May 20, 2026
မြန်မာနိုင်ငံတွင် ယခုအချိန်အခါကာလ၌ ပူပြင်းသောနွေရာသီမှ စွတ်စိုသည့် မိုးဦးကျကာလသို့ ရောက်ရှိလာပြီဖြစ်သည်။ ထိုကာလ ရာသီဥတုပြောင်းလဲမှု စပ်ကူးမပ်ကူးအချိန်၌ ပူပြင်းသည့်အပူရှိန်ကို ဆက်လက်ခံစားရသလို အပူရှိန်မှဖြစ်ပေါ်လာသည့် လေပွေလှိုင်းများနှင့်အတူ မိုးတိမ်တောင်များကြောင့် မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်၌ မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းတို့ ဖြစ်ပေါ်လျက်ရှိသည်။ ယခုအခါ လေပြင်းတိုက်ခတ်သည့် သဘာဝဘေးငယ်များကြုံတွေ့လျက်ရှိစဉ် ငလျင်လှုပ်ခတ်မှုကိုပါ တွေ့ကြုံလာသည်။
May 20, 2026
နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် PDF အမည်ခံအဖွဲ့များမှ အဖွဲ့ဝင်များ ဥပဒေဘောင်အတွင်းသို့ ထပ်မံ၍ဝင်ရောက်လာကြသည်။ ၎င်းတို့ အများစုမှာ မိသားစုဝင်ဆွေမျိုးများကို ခြိမ်းခြောက်အကျပ်ကိုင်၍ အတင်းအဓမ္မစုဆောင်းခံကြရသူများဖြစ်ပြီး ၎င်းတို့ကဲ့သို့ပင် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိကြသူများ အများအပြားကျန်ရှိနေသေးသည်ဟုလည်း သိရသည်။
May 19, 2026
အရှေ့အလယ်ပိုင်းပဋိပက္ခများကြောင့် ကမ္ဘာ့စက်သုံးဆီဈေးနှုန်းများ မြင့်တက်ခဲ့ရာ နိုင်ငံအလိုက် စက်သုံးဆီအခက်အခဲများ ပြေလည်စေရန် ဖြေရှင်းနေကြသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံတော်အစိုးရ၏ဦးဆောင်မှု၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၏ စီမံဆောင်ရွက်မှုနှင့် ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုတို့ကြောင့် စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများမှာ ယခုအခါ အဆင်ပြေတည်ငြိမ်လာခဲ့ပြီး ဈေးနှုန်းများကို မျှတစွာ စီမံဆောင်ရွက်ပေးလျက်ရှိသည်။
May 19, 2026
၂၀၂၆- ၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေး ရက်သတ္တပတ်လှုပ်ရှားမှုကို ယခုလ ၂၅ ရက်မှ ၃၁ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်သည်။ ကျောင်းအပ်နှံရေးရက်သတ္တပတ်လှုပ်ရှားမှု၏ ရည်ရွယ်ချက်မှာ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းသို့ရောက်ရှိစေရန်နှင့် ပညာသင်ခွင့် မဆုံးရှုံးစေရန်ဖြစ်ပြီး လှုပ်ရှားမှုတွင် မိဘအုပ်ထိန်းသူများနှင့် လူထုတစ်ရပ်လုံးပါဝင်လာစေရန် ရည်ရွယ်ခြင်းဖြစ်သည်။
May 18, 2026
ပြင်ဦးလွင်မြို့သည် ဆယ့်နှစ်လရာသီ ရာသီဥတုကောင်းမွန်ပြီး အလွန်သာယာ လှပသည့်မြို့တစ်မြို့ဖြစ်သည်။ အထူးသဖြင့် နွေရာသီတွင် အပန်းဖြေမြို့အဖြစ် အစဉ်အဆက်ထင်ရှားကျော်ကြားသည်။ ပန်းမျိုးစုံနှင့် ရာသီသီးနှံများ စိုက်ပျိုးဖြစ်ထွန်းသည့်ဒေသဖြစ်သလို ချယ်ရီပင်များ စိုက်ပျိုးဖြစ်ထွန်းသည့် ဒေသလည်း ဖြစ်သည်။ ထို့ကြောင့် ပြင်ဦးလွင်မြို့ကို ချယ်ရီမြို့တော်၊ ပန်းမြို့တော်အဖြစ် တင်စားခေါ်ဝေါ်ကြခြင်းဖြစ်သည်။ ပန်းမြို့တော် ပြင်ဦးလွင်ကို စဉ်ဆက်မပြတ် သာယာလှပဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်သည်။
