Skip to main content
May 13, 2026
ပြည်ထောင်စုအစိုးရအဖွဲ့သစ်၏ ရက်ပေါင်း (၁၀၀) အတွင်း ဦးစားပေးဆောင်ရွက်မည့် ကိစ္စရပ်များတွင် ပါဝင်သော ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက တောင်သူလယ်သမားများသို့ စိုက်ပျိုးစရိတ်ချေးငွေနှုန်းထား တိုးမြှင့်ထုတ်ချေးမည့်အစီအစဉ်နှင့် လယ်ယာသုံးစက်ကိရိယာချေးငွေများ ထုတ်ချေးမည့်အစီအစဉ်တို့ကို စတင်ဆောင်ရွက်နေပြီဖြစ်သည်။ ၎င်းအစီအစဉ်သည် ကျေးလက်နေပြည်သူများ၊ တောင်သူလယ်သမားဦးကြီးများက လယ်ယာထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် စက်မှုလုပ်ငန်း (Agro - based Industry) များ တည်ဆောက်ရေးတို့အတွက် ရည်ရွယ်ဆောင်ရွက်ပေးခြင်းဖြစ်ရာ ချေးငွေများရယူ၍ လုပ်ငန်းများ အောင်မြင်မှုရအောင် ဝီရိယစိုက်ထုတ်ကြိုးပမ်းလုပ်ကိုင်ခြင်းအားဖြင့် မိမိတို့၏ဘဝများ မြင့်မားတိုးတက်လာနိုင်မည်ဖြစ်သည်။
May 12, 2026
​​​​​​​မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN)အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် စတင်အသိအမှတ်ပြုခဲ့သည့် ၁၉၉၇ ခုနှစ်မှစတင်၍ အာဆီယံ၏လုပ်ငန်းစဉ်များကို အာဆီယံ တူညီဆန္ဒများနှင့်အညီ တက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည်။ ထို့အပြင်တာဝန်ယူမှုရှိသော အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် အာဆီယံ၏ယန္တရားများနှင့် လှုပ်ရှားမှုများအတွက် နှစ်စဉ်ထည့်ဝင်ငွေများ ပေးဆောင်ခြင်းအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ တာဝန်ဝတ္တရားများကို အစဉ်တစိုက်ဖြည့်ဆည်းဆောင်ရွက်လျက်ရှိသည်။
May 12, 2026
​​​​​​​လာမည့်ရက်အနည်းငယ်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ အနောက်တောင်မုတ်သုံလေ စတင်ဝင်ရောက်တော့မည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။ မုတ်သုံလေ စတင်ဝင်ရောက်သည့် မိုးဦးလေဦးသည် သဘာဝဘေးအန္တရာယ်များ ကျရောက်လေ့ရှိသော အချိန်ကာလလည်းဖြစ်သည်။ ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာမှု၏ အကျိုးသက်ရောက်မှုအရ သဘာဝဘေးအန္တရာယ်များမှာ အကြိမ်ရေ ပို၍များများ ဖြစ်ပေါ်လာသလို ပို၍လည်း ပြင်းထန်လာသည်။
May 11, 2026
နိုင်ငံတော်အစိုးရသည် နိုင်ငံတော်ကပိုင်ဆိုင်ထားသည့် သဘာဝအရင်းအမြစ်များကို အကျိုးရှိစွာအသုံးချပြီး စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို ခေတ်မီနည်းစနစ်များဖြင့် ပေါင်းစပ်မြှင့်တင်၍ တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ရန်အတွက် ပြည်တွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များကို အားပေးမြှင့်တင်ပေးလျက်ရှိသည်။ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် ပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်ရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် ပြည်ပသွင်းကုန်အစားထိုးနိုင်ရေးတို့အတွက် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
May 11, 2026
၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအထိ ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲက မြန်မာပြည်သူတစ်ရပ်လုံး၏ ဆန္ဒနှင့်အညီ နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိစေခဲ့သည်။ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၄ ဒသမ ၂၃ သန်းရှိသည့်အနက် ၁၃ ဒသမ ၁၃ သန်းကျော်တို့က လွတ်လပ်စွာဆန္ဒမဲပေးခဲ့ကြခြင်းဖြစ်ရာ ရာခိုင်နှုန်းအားဖြင့် ၅၄ ရာခိုင်နှုန်းကျော်ရှိသည်။
May 10, 2026
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးကောင်းမွန်ရန်လိုအပ်သည်။ နိုင်ငံတော်က ချမှတ်ထားသော စီးပွားရေးမူဝါဒများနှင့်အညီ ပြည်တွင်းကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာအောင် အားပေးမြှင့်တင်ဆောင်ရွက်သွားရမည်ဖြစ်သည်။ နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်မှု မြင့်မားတိုးတက်ရေးကို မဖြစ်မနေဆောင်ရွက်ကြရမည်ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်လုပ်ငန်းများအပြင် အခြားကုန်ထုတ်လုပ်ငန်းများကိုလည်း တိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။
May 10, 2026
အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး(Counter - Terrorism Operation) တစ်ရပ်ကို တစ်နှစ်နှင့် သုံးလကျော်ကြာ ဆင်နွှဲပြီးနောက် မန္တလေး-မြစ်ကြီးနား ကားလမ်းကြောင်းကို မေလ ၆ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့သည်။ အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားသည့် အဆိုပါဆက်သွယ်ရေး လမ်းကြောင်းတစ်လျှောက်ရှိ မြို့ရွာများကို အဆင့်ဆင့်ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် တိုက်ပွဲ ကြီး/ ငယ် စုစုပေါင်း ၃၂၂ ကြိမ် ဖြစ်ပွားခဲ့ရာတွင် ရန်သူအလောင်း၊ လက်နက်ရာနှင့်ချီ၍ သိမ်းပိုက်ရရှိခဲ့ပြီး တပ်မတော်အရာရှိ၊ စစ်သည် အချို့အသက်ပေးလှူခဲ့ရသည်။
May 09, 2026
မြန်မာနိုင်ငံသည် ရေခံ၊ မြေခံကောင်းမွန်ပြီး သဘာဝသယံဇာတအရင်းအမြစ်များ ပေါများကြွယ်ဝသောနိုင်ငံဖြစ်သည်။ ဘုရား၊ ကျောင်း၊ ကန်၊ စေတီ၊ တန်ဆောင်းများနှင့် ကောင်းခြင်းမင်္ဂလာအဖြာဖြာ ထုံမွမ်းနေသောနိုင်ငံဖြစ်သည်။ ဘာသာတရားအဆုံးအမများ၊ လောကီမင်္ဂလာ ဗြဟ္မစိုရ်တရားလေးပါးနှင့်အညီ ကျင့်ကြံနေထိုင်သော နိုင်ငံဖြစ်သည်။ မင်းနှင့်ပြည်သူ လက်တွဲကြည်ဖြူပြီး ကောင်းမှုကုသိုလ်များ စဉ်ဆက်မပြတ်ပြုလုပ်နေသော နိုင်ငံဖြစ်သည်။ ထိုသို့ကောင်းမြတ်သည့်အချိန်ကာလတွင် အဖိုးတန်သယံဇာတ ကျောက်မျက်ရတနာများပေါ်ထွန်းခြင်းသည် အေးချမ်းသာယာဝပြောမည့် အတိတ်နိမိတ်လက္ခဏာကိုဆောင်သည်။
May 09, 2026
နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်မှုကဏ္ဍကိုမြှင့်တင်ကာ ထုတ်ကုန်ပစ္စည်းများ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရန်လိုအပ်သည်။ ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားလာခြင်းအားဖြင့် ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သကဲ့သို့ ပြည်ပပို့ကုန်ကိုလည်း တိုးမြှင့်ရရှိစေနိုင်သည်။ ပြည်ပပို့ကုန်တင်ပို့မှု တိုးတက်မြင့်မားလာသည်နှင့်အမျှ ပြည်ပဝင်ငွေ ပိုမိုရရှိလာစေမည်ဖြစ်ပြီး နိုင်ငံ့စီးပွားကိုလည်း ဖွံ့ဖြိုးလာစေမည်ဖြစ်သည်။
May 08, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးကို မေ ၆ ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က “ဒီမိုကရေစီနည်းလမ်းတကျ မိမိဆန္ဒဖြင့် လာရောက်မဲပေးကြသူများကို ဒီမိုကရေစီနိုင်ငံများမှ တန်ဖိုးထားရန်လိုပါကြောင်း၊ မည်ကဲ့သို့ပင်ဖြစ်စေ မိမိတို့အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာဖြစ်စေရေး ဆက်လက်ဆောင်ရွက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို ဆက်လက်အကောင်အထည်ဖော်တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်နှင့် လျော်ညီသည့် ပြောင်းလဲမှုများကိုလည်း ဖော်ဆောင်သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။