Skip to main content
May 28, 2026
မြန်မာနိုင်ငံသည် လွတ်လပ်ရေးနှင့်အတူ ဖြတ်သန်းလာခဲ့သည့် သမိုင်းကြောင်းတစ်လျှောက်၌ နိုင်ငံရေးပယောဂဖြစ်စဉ်အမျိုးမျိုးကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ ခေတ်အဆက်ဆက်အစိုးရများနှင့် တစ်ခုတည်းသော ခိုင်ခိုင်မာမာဖွဲ့စည်းထားသည့် တပ်မတော်အနေဖြင့် တိုင်းပြည်အပေါ်ကျရောက်လာမည့် အန္တရာယ်အမျိုးမျိုးတို့ကို တွန်းလှန်ဖယ်ရှားကာကွယ်ခဲ့ရသည်။ နိုင်ငံတော်နှင့် တပ်မတော်အနေဖြင့် နိုင်ငံရေး လှိုင်းဂယက်အမျိုးမျိုးကို ကြုံတွေ့ခဲ့ကြပြီးဖြစ်သည်။ ဖြစ်ပေါ်ခဲ့သောအခြေအနေများကို သင်ခန်းစာယူ၍ တိုင်းပြည်တိုးတက်ကောင်းမွန်လာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
May 28, 2026
မုတ်သုံအဝင် မိုးရွာသွန်းမှုစတင်သည်နှင့် သန့်ရှင်းမှုအားနည်းသည့် မြို့ပြရပ်ရွာတို့မှာ ပတ်ဝန်းကျင်ညစ်ညမ်းမှုဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်လေ့ရှိသည်ကို နှစ်စဉ်လိုလိုတွေ့ရတတ်သည်။ တစ်နှစ်ပတ်လုံးစည်းကမ်းမဲ့စွာ စွန့်ပစ်ထားသည့် အမှိုက်သရိုက်များက ရေနုတ်မြောင်းများကို ပိတ်ဆို့စေမှုကြောင့် မိုးရွာသည့်အခါ ရေမစီးဆင်းနိုင်ဘဲ အမှိုက်များနှင့် ရေဆိုးများကို လမ်းများ၊ လူသွားစင်္ကြံများပေါ် ဖုံးလွှမ်းသွားစေသည်။ မိုးဦးလေဦးကာလညစ်ညမ်းသည့် ပတ်ဝန်းကျင်အခြေအနေတွင် ရေမသန့်ရှင်းခြင်း၊ အစားအစာမသန့်ရှင်းခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းခြင်းတို့ကြောင့် ဖြစ်ပွားနိုင်သည့်ရောဂါများကို သတိပြုကြရန်လိုသည်။
May 27, 2026
နိုင်ငံတော်အနေဖြင့် တိုင်းပြည်အေးချမ်းသာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် နိုင်ငံဖြစ်သောကြောင့် ပြည်တွင်း၌ စားရေရိက္ခာဖူလုံပိုလျှံရေးကို ဆောင်ရွက်နိုင်သည့်အပြင် ပြည်ပသို့ပါ တင်ပို့ရောင်းချလျက်ရှိသည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ထုတ်လုပ်သည့်စားရေရိက္ခာများကို စနစ်တကျထုတ်လုပ်၍ အာဟာရပြည့်မီပြီး အရည်အသွေးကောင်းမွန်သည့် အစားအစာများ ထုတ်လုပ်ကြရန်လိုအပ်သည်။
May 27, 2026
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံအောက်ပိုင်းသို့ အနောက်တောင် မုတ်သုံလေဝင်ရောက်လာပြီဖြစ်သလို မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် နေ့အပူချိန်များ မြင့်မားလျက်ရှိနေသည်။ မေလ ၂၃ ရက်က အမြင့်ဆုံးနေ့အပူချိန်များတွင် ချောက်မြို့၌ ၄၄ ဒသမ ၂ ဒီဂရီ ဆဲလ်စီးယပ် ( ၁၁၁ ဒသမ ၆ ဒီဂရီဖာရင်ဟိုက်) အထိ မြင့်တက်ခဲ့သည်ကို တွေ့ရသည်။ ယခင်ရက်များက မြင်းမူ၊ မင်းဘူး၊ ညောင်ဦးစသည့် မြို့များတွင်လည်း ထိုမျှနီးနီး အပူချိန်ကြီးခဲ့ကြသည်။ နှစ်စဉ် နွေရာသီတွင် အပူချိန်မြင့်မားသည့်ဒေသများမှာ မြန်မာနိုင်ငံအလယ်ပိုင်းရှိ မိုးနည်းခြောက်သွေ့သော ရပ်ဝန်းဖြစ်သည်။
May 26, 2026
နိုင်ငံတော်အစိုးရသည် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်ပယ်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံတွင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူလူထု၏ လူမှုစီးပွားဘဝများ၊ ပညာရေး၊ ကျန်းမာရေး စသည့် ကဏ္ဍများစွာတို့တွင် အားနည်းချက်များကိုပြင်ဆင်၍ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးလျက်ရှိသည်။ ပြည်သူလူထု၏လိုအပ်ချက်များကို ဆောင်ရွက်ပေးရာတွင် လျှပ်စစ်ဓာတ်အားရရှိရေးသည် အရေးကြီးသည့်ကဏ္ဍဖြစ်၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထုအသုံးပြုမှုနှင့်ပတ်သက်၍ အခက်အခဲများရှိပါက ပွင့်လင်းမြင်သာစွာအသိပေးခြင်း၊ အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးခြင်းတို့ကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိသည်။
May 26, 2026
လူဟူ၍ ဖြစ်လာပြီးသည်နှင့် ပထမအရွယ်မှာပညာရှာကြရခြင်းသည် မိမိဘာသာရှင်သန်ရပ်တည်ရမည့် ဘဝခရီးအတွက် ပြင်ဆင်ကြရခြင်းဖြစ်သည်။ ပညာမရှာ၍ ပညာမပါခဲ့သည်ရှိသော် ဘဝခရီးကိုစမ်းတဝါးဝါးနှင့် လျှောက်လှမ်းကြရမည်။ ရှင်သန်ရပ်တည်နိုင်ရန် ခက်ခဲလိမ့်မည်။ အပြောကျယ်လှသည့် လောကဟူသည် ပညာမဲ့သူအဖို့ လွန်စွာကျဉ်းမြောင်းကာ မှောင်မိုက်၍လည်းနေမည်ဖြစ်သည်။
May 25, 2026
ယခု မေလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့သည် ကျောင်းနေအရွယ်ကလေးငယ်များအားလုံးအတွက် ကျောင်းအပ်နှံရေးသီတင်းပတ်ဖြစ်သည်။ ကျောင်းနေအရွယ်ကလေးငယ်များအားလုံး အဆိုပါသီတင်းပတ်တွင် ကျောင်းအပ်နှံကြရမည်ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမနေလိုက်ရသည့် သို့မဟုတ် ကျောင်းပြင်ပသို့ ရောက်ရှိသွားကြသည့် ကျောင်းနေအရွယ်ကလေးငယ်များအားလုံးအနေဖြင့်လည်း ဆက်လက်၍ စာသင်ကျောင်းများသို့ ပြန်လည်တက်ရောက်နိုင်မည့် အခွင့်အရေးများရရှိနေပြီဖြစ်သည်။
May 25, 2026
လူတိုင်း ကျန်းမာကြံ့ခိုင်ရေးအတွက် အသားငါး (Protein) စားသုံးရန် လိုသည်။ အရည်အသွေးမြင့်သော အသားဓာတ် (Protein) က ခန္ဓာကိုယ်ကြွက်သားများ ဖွံ့ဖြိုးရန်နှင့် ဆဲလ်အသစ်များ ဖြစ်ပေါ်ရန် အထောက်အပံ့ပြုသည်။ ကျန်းမာရေးနှင့် ညီညွတ်စေရန်အတွက် လူတစ်ဦးသည် မိမိခန္ဓာကိုယ်အလေးချိန် (ကီလိုဂရမ်) တိုင်းအတွက် နေ့စဉ်အသားဓာတ် (ဝ ဒသမ ၈) ဂရမ်ခန့် စားသုံးရန် လိုအပ်သည်ဟု ကျန်းမာရေးပညာရှင်များက အကြံပြုထားသည်။
May 24, 2026
​​​​​​​မြန်မာနိုင်ငံတွင် နိုင်ငံရေးကိုအကြောင်းပြု၍ အကြမ်းဖက်အဖွဲ့များ ဖွဲ့စည်းပေါ်ပေါက်လာပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေးယန္တရားပျက်ပြားရေး စသည့်ရည်ရွယ်ချက်အမျိုးမျိုးဖြင့် လက်နက်ကိုင်အကြမ်းဖက်မှုများ ပေါ်ပေါက်လာခဲ့သည်။ အကြမ်းဖက်မှုဟူသည် လက်နက်အားကိုးဖြင့် အပြစ်မဲ့ပြည်သူများအား အနိုင်ကျင့်ဗိုလ်ကျနှိပ်စက်ခြင်းဖြစ်သည့်အပြင် လက်နက်အားကိုးဖြင့် မသမာမှု၊ ဒုစရိုက်မှုအမျိုးမျိုးကျူးလွန်မှုများလည်းပါဝင်သည်။ လက်နက်ကိုင်လမ်းစဉ်ဟူသည် တော်လှန်ရေးဟုခေါင်းစဉ်တပ်ပြီး ကိုယ်ကျိုးစီးပွားအတွက် အကြမ်းဖက်မှုအမျိုးမျိုး ကျူးလွန်နေခြင်းသာဖြစ်သည်။
May 24, 2026
​​​​​​​ရာသီဥတုအပူပြင်းဆုံးအချိန်ဖြစ်သည့် ဧပြီလနှင့် မေလတို့မှာ ဓာတ်အားသုံးစွဲမှုအားဖြင့်လည်း အမြင့်ဆုံးအချိန်ဖြစ်သည်။ ယင်းသို့သောအချိန်ကာလတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ပြည်သူများသို့ လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ရန် စွမ်းအင်အရင်းအမြစ်မျိုးစုံမှ ဓာတ်အားများကို စိစစ်ထုတ်လုပ်၍ ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့ ညနေ ၃ နာရီမှစတင်ကာ အဆင့်ဆင့်တိုးမြှင့် ထုတ်လုပ်ဖြန့်ဖြူးပေးခဲ့သည်။