Skip to main content
Aug 21, 2025
၂၀၂၅ ခုနှစ် နိုင်ငံတော်အဆင့် ဒုတိယအကြိမ် လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲကို ဩဂုတ်လ ၁၉ ရက်နေ့က မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူးမြို့နယ်တွင် ကျင်းပရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်၍ တမာပင်ဦးဆောင်စိုက်ပျိုးပေးသည်။ သစ်ပင်စိုက်ပျိုးပွဲတွင် တမာ၊ ဖျောက်ဆိပ်၊ ပိတောက်၊ ရင်းမာ၊ မဲဇလီ၊ စိန်ပန်းကြီး၊ ထုံးပေါက် စသည့်သစ်ပင်ခြောက်မျိုး၊ ပျိုးပင်ပေါင်း ၁၀၀၀ ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးခဲ့သည်။
Aug 21, 2025
လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပိုင်း (၁) ကို လာမည့်ဒီဇင်ဘာလ ၂၈ ရက် (တနင်္ဂနွေနေ့) တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်ပြီဖြစ်သည်။ ဆက်လက်ကျင်းပပြုလုပ်မည့် အပိုင်းလိုက်နေ့ရက်များကိုလည်း ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။
Aug 20, 2025
​​​​​​​နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဩဂုတ်လ ၁၈ ရက်နေ့က မကွေးမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ် “တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး တပ်မတော်သားများသည် ပြည်သူများမှ ပေါက်ဖွားလာကြသူ များဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်၌ လျှောက်လှမ်းရန်အတွက် သဘောတူညီမှုရှိပြီးဖြစ်ကြောင်း၊ ယခုနှစ်ဒီဇင်ဘာလအတွင်း လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း” ပြောကြားခဲ့သည်။
Aug 20, 2025
​​​​​​​ရွက်အုပ်များသည့် သစ်ပင်များ ထူထပ်စွာပေါက်ရောက်သည့် နေရာဒေသများမှာ အပူချိန် သိသိသာသာ လျော့နည်းသည်။ နေပူပြင်းချိန်တွင် သစ်ပင်များမှ အရိပ်များကြောင့် နေရောင်သည် မြေကြီးပေါ်သို့ တိုက်ရိုက်မကျရောက်နိုင်တော့သည့်အခါ မြေကြီးမှ အပူစုပ်ယူခြင်းနှင့် အပူပြန်ခြင်းကို လျော့ကျသွားစေသည်။ ထို့အပြင်သစ်ရွက်များမှ ရေငွေ့ပျံသည့်ဖြစ်စဉ်များကလည်း လေထုထဲမှအပူရှိန်ကို လျော့နည်းသွားစေသည်။ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးစီမံကိန်းများအရ သစ်ပင်သစ်တောများ ပြန်လည်ပြုစုပျိုးထောင်ခဲ့ရာတွင် ဒေသများအတွင်း စိမ်းလန်းစိုပြည်မှု အခြေအနေကောင်းအချို့ ရရှိခဲ့သော်လည်း စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်သည်။
Aug 19, 2025
မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးရရှိပြီးနောက် မတ်လမှစတင်၍ ဝါဒရေး၊ လူမျိုးရေး၊ နိုင်ငံရေးခံယူချက်မတူညီမှုများကြောင့် လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်များ ပေါ်ပေါက်လာခဲ့သည်မှာ ယခုအခါ နှစ်ပေါင်း ၇၀ ကျော်၊ ၈၀ နီးပါးကာလသို့ပင် ရောက်ရှိလာခဲ့ပြီဖြစ်သည်။ လက်နက်ကိုင်နည်းလမ်းဖြင့် ဖြေရှင်းခြင်းသည် မည်သည့်အခါမျှ မအောင်မြင်သော်လည်း ပြည်တွင်း၊ ပြည်ပပယောဂများနှင့် ကိုယ်ကျိုးစီးပွားရှာဖွေလိုသူများကြောင့် ယခုထက်တိုင်သက်တမ်းရှည်နေသည်ဟု သုံးသပ်မိပါသည်။
Aug 19, 2025
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဦးတည်ချက်(၄)ရပ်တွင် “နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့်အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍစဉ်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်စက်မှုကဏ္ဍ (Agro-based Industries) ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ် မြှင့်တင်ရေး။”ဟူသော ဦးတည်ချက်လည်းပါဝင်သည်။ သို့ဖြစ်ရာ ပြည်သူတို့၏ လူမှုစီးပွားဘဝမြင့်မားရေးသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်မှုအပေါ်တွင် တည်မှီနေပြီး စိုက်/မွေး အခြေခံစက်မှုဖွံ့ဖြိုးတိုးတက်ရေးသည်လည်း စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ် တိုးတက်မှုအပေါ်တွင် မူတည်လျက်ရှိသည်။
Aug 18, 2025
ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများကို လေ့လာကြည့်လျှင် သဘာဝအရင်းအမြစ်များကို ပိုင်ဆိုင်ထားခြင်း၊ မပိုင်ဆိုင်ထားခြင်းထက် အသိပညာ၊ အတတ်ပညာ၊ နည်းပညာနှင့် ငွေကြေးအရင်းအနှီးများ ပိုင်ဆိုင်ထားခြင်းသည် ပို၍အဓိကဖြစ်နေသည်ကို တွေ့မြင်နိုင်သည်။ သဘာဝအရင်းအမြစ်များလည်း ပိုင်ဆိုင်၊ နည်းပညာနှင့် အရင်းအနှီးများလည်းရှိပါက အဆိုပါနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုတွင် ထိပ်တန်းရောက်သည့်နိုင်ငံဖြစ်နိုင်သည်။ မြန်မာနိုင်ငံအနေဖြင့် ပထဝီအနေအထားအရ ရေခံမြေခံ အခြေခံကောင်းများ များစွာရှိပြီး မကုန်နိုင်၊ မခန်းနိုင်သော တွင်းထွက်သယံဇာတနှင့် သဘာဝအရင်းအမြစ်များ အလျှံပယ်ပေါများကြွယ်ဝသည်။
Aug 18, 2025
မြို့ပြဒေသများ၊ စက်မှုလက်မှုလုပ်ငန်းများမှ နေ့စဉ်ထွက်ရှိလာနေသည့် စွန့်ပစ်ပစ္စည်းများကို စနစ်တကျစီမံခန့်ခွဲမှု မပြုနိုင်ခြင်းက ပတ်ဝန်းကျင်ညစ်ညမ်းမှုပြဿနာကို ကြီးထွားလာစေသည်။ စွန့်ပစ်ပစ္စည်းအမျိုးမျိုးတို့ကြောင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုများအနက် ပလတ်စတစ်ညစ်ညမ်းမှုသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး နေ့စဉ်နှင့်အမျှ ပိုမိုဆိုးရွားလာနေသည့် ပလတ်စတစ်ညစ်ညမ်းမှုမှာ မိမိတို့နိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းလုံး၌ပါ စိန်ခေါ်မှုတစ်ရပ်ဖြစ်လာ နေသည်။
Aug 17, 2025
နိုင်ငံ့စီးပွားရေးအားကောင်းလာအောင် ဖော်ဆောင်ပေးနိုင်မည်ဆိုပါက ပြည်သူ တစ်ဦးချင်းစီအလိုက် ဝင်ငွေတိုးတက်လာမည်ဖြစ်ပြီး အစားအသောက်များကို ပြည့်ပြည့်ဝဝ ဖူဖူလုံလုံစားသုံးနိုင်မည်ဖြစ်သည်။ အာဟာရပြည့်ဝသော အစားအသောက်များကို စားသောက်နိုင်ပါက မျှော်မှန်းသက်တမ်း မြင့်မားလာမည်ဖြစ်သည်။ ၂၀၂၄ ခုနှစ်တွင် ကောက်ယူထားသော လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူ လူဦးရေ ၅၁ ဒသမ ၃ သန်းကျော်ခန့်ရှိသည်။ အလုပ်သမားဝန်ကြီးဌာန၏ ကောက်ယူထားသောစာရင်းအရ ပြည်ပ၌ အလုပ်လုပ်ကိုင်နေသူ နိုင်ငံသား ၃ ဒသမ ၄ သန်းခန့်ရှိသဖြင့် နိုင်ငံ၏ စုစုပေါင်းလူဦးရေမှာ ၅၄ သန်းကျော်ရှိကြောင်း သိရသည်။
Aug 17, 2025
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၄၅/၂ဝ၂၅ အဖြစ် ၂ဝ၂၅ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်တွင် ပြဋ္ဌာန်းထားပြီးဖြစ်သည်။ ဤဥပဒေကို ပြဋ္ဌာန်းရခြင်းသည် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်းကို တားဆီးနှောင့်ယှက်ခြင်းမှကာကွယ်ရန်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမကျင်းပမီ စည်းရုံးရေးကာလအတွင်း ဥပဒေနှင့်အညီ မဲဆွယ်စည်းရုံးမှုများကို နှောင့်ယှက်ဟန့်တားခြင်းမှကာကွယ်ရန်၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း လုံခြုံစိတ်ချစွာဖြင့် လွတ်လပ်စွာဆန္ဒမဲပေးရေးကို နှောင့်ယှက်ခြင်း၊ တားဆီးခြင်းတို့မှ ကာကွယ်ရန်၊ မဲရုံနှင့်မဲရုံအတွင်း တာဝန်ကျသူများ လုံခြုံမှုအပြည့်အဝဖြင့် တာဝန်ထမ်းဆောင်နိုင်ရန်ရည်ရွယ်ခြင်းဖြစ်သည်။