Aug 26, 2025
ဩဂုတ်လ ၂၄ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်နှင့် ကျောက်မဲမြို့နယ်တို့ကို ဆက်သွယ်ဖြတ်သန်းဖောက်လုပ်ထားသော ကမ္ဘာကျော်ဂုတ်ထိပ်တံတားကြီးကို ဖောက်ခွဲဖျက်ဆီးလိုက်သည့် သတင်းနှင့် ဓာတ်ပုံများကို မြင်တွေ့ကြရသဖြင့် တိုင်းရင်းသားပြည်သူအားလုံး စိတ်မကောင်းခြင်းများစွာ ဖြစ်ကြရသည့်အပြင် ကမ္ဘာကျော်တံတားကြီးကို ဖျက်ဆီးခဲ့ကြသည့် အကြမ်းဖက်သောင်းကျန်းသူများအား ကန့်ကွက်ရှုတ်ချ စက်ဆုပ်ရွံရှာဖြစ်နေကြသည်ဟု သိရသည်။
Aug 26, 2025
နှစ်စဉ် ဩဂုတ်လ၏ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များတွင် စတုတ္ထပတ်သည် အိုင်အိုဒင်းချို့တဲ့ရောဂါများ ပပျောက်ရေးရက်သတ္တပတ်ဖြစ်သည်။ အိုင်အိုဒင်းချို့တဲ့ခြင်းသည် မိမိတို့နိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းရှိ လူသန်းပေါင်းများစွာတို့တွင် သက်ရောက်မှုရှိနေသော ပြည်သူ့ကျန်းမာရေးဆိုင်ရာ ပြဿနာတစ်ခုလည်းဖြစ်သည်။ ခန္ဓာကိုယ်တွင် အိုင်အိုဒင်းလုံလောက်စွာ မရရှိဘဲချို့တဲ့ပါက လည်ပင်းကြီးရောဂါဖြစ်ပွားခြင်း၊ သိုင်းရွိုက်အားနည်းခြင်း၊ ကလေးများကြီးထွားဖွံ့ဖြိုးမှု ထိခိုက်စေခြင်းစသည်တို့အပါအဝင် ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်စေနိုင်သည်။
Aug 25, 2025
မြန်မာနိုင်ငံတွင် လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရွေးကောက်ပွဲအပိုင်း(၁)အဖြစ် ကျင်းပတော့မည်ဖြစ်သည်။ ရွေးကောက်ပွဲကျင်းပပြုလုပ်ချိန်တွင် သိက္ခာရှိသောရွေးကောက်ပွဲ၊ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ၊ မသမာမှု ကင်းရှင်းသည့် ရွေးကောက်ပွဲဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန် ၂၀၂၀ ရွေးကောက်ပွဲကာလက ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုမျိုးမဖြစ်စေရန်အတွက် အီလက်ထရောနစ်မဲပေးစနစ်ကို နိုင်ငံတော်က ငွေကြေးများစွာအကုန်အကျခံ၍ ဆောင်ရွက်ပေးထားသည်။
Aug 25, 2025
ကမ္ဘာကျော်ဂုတ်ထိပ်တံတားကြီးကို မိုင်းခွဲဖျက်ဆီးလိုက်သည့် လုပ်ရပ်က အကြမ်းဖက်သောင်းကျန်းသူ TNLA နှင့် အပေါင်းအပါ အကြမ်းဖက်သမားများ၏ အသိပညာနှင့်ဉာဏ်ရည်နိမ့်ကျမှုကို လက်တွေ့ပြသလိုက်ခြင်းပင်ဖြစ်သည်။ ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၅ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း မန္တလေး-လားရှိုး ရထားလမ်း ပေါ်ရှိ ဂုတ်ထိပ်တံတားကြီးကို TNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်ထိန်းချုပ်လိုက်ကြောင်းဟူ၍ ဓာတ်ပုံများနှင့်တကွ ပြည်ပြေးပြည်ဖျက်မီဒီယာများက ဂုဏ်ယူဝင့်ကြွားစွာ ထုတ်လွှင့်ခဲ့ကြစဉ်ကပင် မြန်မာပြည်သူလူထုအတွင်း တံတားကြီးအတွက် စိုးရိမ်ပူပန်မှုတို့ ဖြစ်ပေါ်ခဲ့သည်။
Aug 24, 2025
ဩဂုတ်လ ၁၂ ရက်နေ့က ပြုလုပ်သည့် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အစည်းအဝေးတွင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “မိမိတို့အနေဖြင့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အဓိကဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မလိုလားသူများနှင့် အဖွဲ့အစည်းများအနေဖြင့် ရွေးကောက်ပွဲအောင်မြင်မှုမရှိစေရေးအဖျက်အမှောင့်လုပ်ရပ်များကို လုပ်ဆောင်လာနိုင်မည်ဖြစ်သကဲ့သို့ ထိုးနှက်မှုများကိုလည်း လုပ်ဆောင်လာနိုင်ကြောင်း၊ မူးယစ်ဆေးဝါး၊ အွန်လိုင်းလောင်းကစားမှုစသည်တို့ဖြင့် တစ်ဖက်လှည့်ထိုးနှက်မှုများ လုပ်ဆောင်လာနိုင်ပြီး နိုင်ငံ၏လုံခြုံရေး၊ ဒေသတွင်းလုံခြုံရေးကို ထိခိုက်စေနိုင်သည့်အသွင်ဖြင့် ပုံဖော်လုပ်ဆောင်လာနိုင်ကြောင်း” အသိပေးပြောကြားခဲ့သည်။
Aug 24, 2025
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်တို့တွင် ပမာဏကြီးမားများပြားလှစွာသော မူးယစ်ဆေးဝါးများနှင့်အတူ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ယခုလအတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။ အကယ်၍သာ အဆိုပါမူးယစ်ဆေးဝါးများကို ဖမ်းဆီးနိုင်ခြင်းမရှိဘဲ လွတ်မြောက်သွားမည်ဆိုပါက ပင်လယ်ရေကြောင်းမှတစ်ဆင့် အိမ်နီးချင်းနိုင်ငံတချို့နှင့် နိုင်ငံတကာမူးယစ်မှောင်ခိုဈေးကွက်များသို့ ပျံ့နှံ့ရောက်ရှိသွားကြမည်ဖြစ်သည်။
Aug 23, 2025
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့်အေးချမ်းသာယာရေး၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးတို့အတွက် လိုအပ်သည့်လမ်းညွှန်မှုများ ပြုလုပ်နိုင်ရန်နှင့် ထိရောက်စွာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်။ နိုင်ငံတော်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များနှင့်သက်ဆိုင်သည်များကို အဆက်မပြတ်ဆောင်ရွက်နေသည်ကို တွေ့ရသည်။
Aug 23, 2025
ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းတက်ခွင့်ရပြီး ပညာသင်ကြားနိုင်ရေးကို အရေးကြီးသည့်ကိစ္စတစ်ရပ်အဖြစ် နိုင်ငံတော်က ဆောင်ရွက်နေသည်။ ကျောင်းတက်နေသည့် ကျောင်းသား ကျောင်းသူများအားလုံး ပညာရေးဆုံးခန်းတိုင်သည်အထိ ပညာသင်ကြားနိုင်ရေး၊ တန်းစဉ်ကူးပြောင်းမှုများ တိုးတက်စေရေးနှင့် အသက်မွေးဝမ်းကျောင်းပညာနှင့် အဆင့်မြင့်ပညာများကို သင်ယူပြီးမြောက်စေရေး အလေးထားဆောင်ရွက်ကြရန်လည်း တာဝန်ရှိသူများကို တွန်းအားပေးဆောင်ရွက်လျက်ရှိသည်။
Aug 22, 2025
မြန်မာနိုင်ငံသည် ရေမြေသဘာဝမတူကွဲပြားသည့် ပထဝီအနေအထားများနှင့် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်ကြသည့် တစ်မူထူးခြားသည့်ဝိသေသ လက္ခဏာများ ပိုင်ဆိုင်ထားသည်။ ပြည်ထောင်စုကြီး ထာဝစဉ်တည်တံ့ခိုင်မြဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသအလိုက်မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား ပြည်သူအားလုံး နိုင်ငံတော်နှင့်အတူလက်တွဲ၍ တက်ညီလက်ညီ အားကြိုးမာန်တက် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
Aug 22, 2025
၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲတွင် ပြည်တွင်း၌ မငြိမ်မသက်မှုများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားခဲ့ခြင်းအပေါ် အကြမ်းဖက်သောင်းကျန်းသူများက အခွင့်ကောင်းယူကာ မြို့ရွာများကိုတိုက်ခိုက်ခြင်း၊ နယ်မြေစိုးမိုးထိန်းချုပ်ခြင်းတို့ ပြုလုပ်လာခဲ့ကြသည်။ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး စသည်ဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှ အချို့သောမြို့ရွာများကို အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခဲ့ကြပြီး ယာယီအားဖြင့် ထိန်းချုပ်နိုင်ခဲ့ကြသည်။
