Skip to main content
Aug 31, 2025
တပ်မတော်သည် မူလတာဝန်ဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို သမိုင်းအစဉ်အလာမပြတ် ကြိုးပမ်းထမ်းရွက်လျက်ရှိသလို နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝလုံခြုံရေးကိုလည်း သက်စွန့်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ တန်ပြန်ထိုးစစ်နှင့်အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေးဖြင့် TNLA သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများ ခေတ္တထိန်းချုပ်ခဲ့သည့် နောင်ချိုမြို့ကို ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် အပြီးတိုင် အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့သည်။
Aug 31, 2025
မြန်မာကိုကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်ရန် တစ်နည်းအားဖြင့် ငြိမ်းချမ်းသာယာဝပြော၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံအဖြစ်ရောက်ရှိစေရန်အတွက် အားလုံးဆောင်ရွက်ကြရမည့် လုပ်ငန်းများမှာ ပမာဏကြီးမားကျယ်ပြန့်လှသည်။ လက်ရှိဆောင်ရွက်လုပ်ကိုင်နေကြသည်ထက် လေး၊ ငါး၊ ဆယ်ဆ ပို၍ ကြိုးပမ်းအားထုတ်လုပ်ကိုင်ကြမည်ဆိုလျှင်ပင် နှစ်ပေါင်း ၂၀၊ ၃၀ စသည်ဖြင့် အချိန်ကာလတစ်ရပ်ကိုဖြတ်သန်းကာ ဇွဲလုံ့လဝီရိယအားတို့ဖြင့် မဆုတ်မနစ် အလုပ်လုပ်ကြရဦးမည်ဖြစ်သည်။
Aug 30, 2025
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပတော့မည်ဖြစ်သည်။ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပ နိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို တစ်ဆင့်ပြီးတစ်ဆင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ရွေးကောင်ပွဲလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ကြရမည်ဖြစ်သလို ရွေးကောက်ပွဲကို နှောင့်ယှက်လာမည့် အဖျက်အမှောင့်မှန်သမျှကိုလည်း ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရမည်ဖြစ်သည်။
Aug 30, 2025
အကြမ်းဖက်သောင်းကျန်းသူတို့၏ ထိန်းချုပ်မှုအောက်သို့ ယာယီအားဖြင့်ဖြစ်စေ ကျရောက်ခဲ့ရသည့် ဒေသတို့မှာ ကံဆိုးမိုးမှောင်ကျခြင်းဟုဆိုနိုင်သည်။ အချို့ဒေသများတွင် အကြမ်းဖက်ဝါဒမှိုင်းမိနေသူ၊ ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲအစွန်းရောက်နေသူ၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို မလိုလားဘဲ ဆန့်ကျင်ပုန်ကန်လိုစိတ်ရှိသူ စသည့် ဒေသခံအချို့က အကြမ်းဖက်သောင်းကျန်းသူတို့အား ဝမ်းမြောက်ဝမ်းသာကြိုဆိုခဲ့ကြသည်။ သို့ရာတွင် တွေးခေါ်ဆင်ခြင်ဉာဏ်နည်းပါးလှစွာသော ထိုသူတို့၏ စိတ်အထင်နှင့် လက်တွေ့ဘဝတို့မှာ မိုးနှင့်မြေလို ကွာခြားလှသည်ကို အချိန်ကြာမြင့်သည်နှင့်အမျှ တစ်စတစ်စ သိလာ ကြရသည်။
Aug 29, 2025
ပြီးခဲ့သည့်ရက်များအတွင်းက အပူပိုင်းမုန်တိုင်း “ကဂျိကိ” သည် လာအိုနိုင်ငံ အထက်ပိုင်းဒေသများနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ထိုင်းနိုင်ငံမြောက်ပိုင်းဒေသများကို ဖြတ်ကျော်ကာ အနောက်ဘက်သို့ ဆက်လက်ရွေ့လျားခဲ့သောအရှိန်ကြောင့်လည်းကောင်း၊ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့်လည်းကောင်း ရှမ်းပြည်နယ်တွင် မုတ်သုံလေဖိအားနည်းမြှောင်တန်းအဖြစ် သွယ်တန်းလျက်ရှိသောကြောင့်လည်းကောင်း မြန်မာနိုင်ငံတစ်ဝန်း၌ မိုးသည်းထန်စွာရွာသွန်းမှုဖြစ်စဉ်များ ပေါ်ပေါက်ခဲ့သည်။
Aug 29, 2025
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည်ဖြစ်ရာ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကဏ္ဍအသီးသီးက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြသည်။ နိုင်ငံကို လက်ရှိအခြေအနေမှ ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိနိုင်ရန်မှာ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတစ်ရပ်ကို မဖြစ်မနေဖြတ်သန်းကြရမည်ဖြစ်သည်။ အဆိုပါရွေးကောက်ပွဲမှ ပေါ်ထွက်လာသည့် လွှတ်တော်နှင့်အစိုးရအဖွဲ့တို့က နိုင်ငံကို အခင်းအကျင်းသစ် တစ်ရပ်ဆီသို့ ရောက်ရှိသွားစေမည်ဖြစ်သည်။
Aug 28, 2025
ကမ္ဘာပေါ်ရှိနိုင်ငံအများစုသည် ပညာရေးကိုအခြေခံပြီး နိုင်ငံကိုတည်ဆောက်နေကြသည်။ ပညာရေးသည် လူတစ်ဦးတစ်ယောက်အတွက်သာလျှင် အရေးပါသည် မဟုတ်၊ လူ့ပတ်ဝန်းကျင်အသိုက်အဝန်းကို တည်ဆောက်ခြင်းနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင်လည်း အဓိကနေရာမှ ပါဝင်လျက်ရှိသည်။ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံတည်ဆောက်ရေးတွင်လည်း ဒီမိုကရေစီသဘောတရားများနှင့်အတူ လက်တွေ့အကောင်အထည်ဖော်သည့်အခါတွင် ပညာတတ်မြောက်မှု အရည်အသွေးမြင့်မားနေရန် လိုအပ်သည်။
Aug 28, 2025
အစဉ်အလာဓလေ့ထုံးတမ်းများနှင့် မိမိဘာသာကြံဆထားသော ဆင်ခြင်တုံတရားတို့ကို အထပ်ထပ်ကာရံ၍ လူကြီးများကမှေးစက်နေကြချိန်တွင် လူငယ်များက ကမ္ဘာကြီးကိုပြောင်းလဲလာခဲ့ကြသည်မှာ ခေတ်အဆက်ဆက်ကပင်ဖြစ်သည်။ လူတိုင်းလူငယ်ဘဝကို ဖြတ်သန်းပြီးမှ ကြီးပြင်းကြရခြင်းဖြစ်သော်လည်း အချို့က သာမန်၊ အချို့မူ သာမန်အထက်၊ အချို့သည်ကား ထူးခြားလှစွာ ဖြတ်သန်းခဲ့ကြခြင်းဖြစ်သည်။ သေချာသည့်အချက်မှာ လူငယ်တို့၏ ငယ်ဘဝအိပ်မက်များကို အကောင်အထည်ဖော်ခြင်းဖြင့် ကမ္ဘာကြီးတွင် မြင်ကွင်းအသစ်များ ထွက်ပေါ်လာရခြင်းပင်ဖြစ်သည်။
Aug 27, 2025
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပြည်တွင်းအခွန်များဦးစီးဌာန၏ အမည်နှင့်တံဆိပ် (Logo) ကိုအသုံးပြု၍ အွန်လိုင်းငွေကြေး လိမ်လည်မှုများ ဖြစ်ပွားနေခြင်းနှင့်စပ်လျဉ်း၍ အခွန်ထမ်းပြည်သူများ အထူးသတိပြုကြရန် သက်ဆိုင်ရာဌာနက အသိပေးကြေညာ ချက်တစ်ရပ်ထုတ်ပြန်ခဲ့သည်။ အဆိုပါ အသိပေးကြေညာချက်တွင် မိမိတို့၏ ကိုယ်ရေးအချက်အလက်များအား ဆက်သွယ်တောင်းခံခြင်းအစရှိသည့် ထူးခြားဖြစ်စဉ်များ ကြုံတွေ့ရပါက ပြည်တွင်းအခွန်များဦးစီးဌာနသို့ ဆက်သွယ်စုံစမ်းနိုင်ရန် တယ်လီဖုန်းနံပါတ်များကိုလည်း ဖော်ပြထားသည်။
Aug 27, 2025
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ပန်းတိုင်အထွက်တိုးရေးနှင့် သီးထပ်များစိုက်ပျိုးနိုင်ရေးကို ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့အပြင် လက်ရှိမိုးစပါးစိုက်ဧကများ ပန်းတိုင်အထွက်နှုန်းရရှိအောင် ကြိုးပမ်းရန်နှင့် နွေစပါးကို ရေရရှိမှုအပေါ်မူတည်ပြီး တိုးချဲ့စိုက်ပျိုးသွားရန်လိုကြောင်း၊ လယ်မြေအဖြစ် ပြောင်းလဲစိုက်ပျိုးနိုင်ခြင်းမရှိသည့် တောင်ကုန်းနေရာများတွင် နှစ်ရှည်သစ်ပင်များစိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားရန်လိုအပ်ကြောင်းတို့ကို နိုင်ငံတော်အကြီးအကဲက လမ်းညွှန်မှာကြားထားသည်။