Sep 06, 2025
လေထုညစ်ညမ်းမှုကို အသံတိတ်လူသတ်သမားဟု တင်စားကြသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ လေထု ညစ်ညမ်းမှုကြောင့် တစ်နှစ်လျှင်လူဦးရေ ၆ ဒသမ ၇ သန်းခန့် သေဆုံးနေရကြောင်းနှင့် လူဦးရေ ၂၄ သန်းခန့်မှာ အိမ်တွင်း လေထုညစ်ညမ်းမှုအန္တရာယ်နှင့် ကြုံတွေ့နေရသည်ဟုသိရသည်။ သို့ဖြစ်ရာ လေထုညစ်ညမ်းမှုသည် ကမ္ဘာတစ်ဝန်းရှိ လူသားအားလုံး၏ကျန်းမာရေးကို အန္တရာယ်ပြုနိုင်သော ခြိမ်းခြောက်မှုတစ်ခုဖြစ်နေသည်။
Sep 05, 2025
၂၀၂၅ ခုနှစ် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၃ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပရာ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ နာယက နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက်အမှာစကားပြောကြားသည်။
Sep 05, 2025
မြန်မာ ၁၂ လ၏ လပြည့်နေ့တိုင်းသည် အခါတော်နေ့များဖြစ်ရာ တော်သလင်းလပြည့်နေ့သည်“ဂရုဓမ္မအခါတော်နေ့” ဖြစ်သည်။ ဂရုဓမ္မဟူသော ပါဠိဝေါဟာရသည် ကုရုဓမ္မမှ ဆင်းသက်လာခြင်းဖြစ်သည်ဟု အဆိုရှိပြီး အနက်အဓိပ္ပာယ်အားဖြင့် ဂရုဓမ္မဆိုသည်မှာ အလေးအနက်ထား၍ လိုက်နာကျင့်ကြံအပ်သောတရား ဟူ၍လည်းကောင်း၊ ကုရုဓမ္မဆိုသည်မှာ ကုရုတိုင်းသားတို့ လိုက်နာကျင့်ကြံကြသော တရားဟူ၍လည်းကောင်း ဖွင့်ဆိုနိုင်သည်။
Sep 04, 2025
လူငယ်ဆိုသည်မှာ လူ့ဘောင်အဖွဲ့အစည်းတစ်ခုတွင် အားကိုးအားထားပြုကြရသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်။ လူငယ်များသည် အနာဂတ်နိုင်ငံတော်ကို ဖန်တီးပုံဖော်တည်ဆောက်ကြမည့် နိုင်ငံတော်၏ လူသားအရင်းအမြစ်များဖြစ်ပြီး နိုင်ငံ၏ အနာဂတ်ခေါင်းဆောင်များလည်းဖြစ်သည်။ လူငယ်မောင်မယ်များသည် အနာဂတ်ကို စောင့်ဆိုင်းနေကြသူများမဟုတ်ဘဲ ပစ္စုပ္ပန်တွင် မောင်းနှင်နေကြသူများဖြစ်သလို အနာဂတ်ကို ပုံဖော်ထုဆစ်နေကြသည့် ဗိသုကာပညာရှင်များလည်းဖြစ်သည်။
Sep 04, 2025
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပရန် ၁၁၄ ရက်သာ လိုတော့သည်။ ရွေးကောက်ပွဲကျင်းပမည့်အကြောင်း နိုင်ငံတော်အစိုးရက အတိအလင်းကြေညာချိန်မှစကာ အကြမ်းဖက်သောင်းကျန်းသူအဖျက်သမားများ၊ ဝရမ်းပြေးပြည်ပြေးအကြမ်းဖက်အုပ်စုများထံမှ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း၊ မပျက်ပျက်အောင် ဖျက်ဆီးရမည့်အကြောင်း စသည်တို့ကို အသံပေးလာကြသည်။
Sep 03, 2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တီယန်ကျင်းမြို့တွင် ကျင်းပပြုလုပ်သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (Shanghai Cooperation Organisation - SCO SUMMIT 2025 Plus)သို့ ပါဝင်တက်ရောက်ပြီး အဖွဲ့ဝင်နိုင်ငံများနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်သွားရန်၊ ဒေသလုံခြုံရေးနှင့် ခေတ်မီနည်းပညာများဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပူးပေါင်း ဆောင်ရွက်သွားရန်ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။
Sep 03, 2025
ဒုတိယကမ္ဘာစစ်ကြီးသည် လူ့သမိုင်းတွင် အရက်စက်၊ အကြမ်းကြုတ်ဆုံး စစ်ပွဲကြီးဖြစ်ပြီး စစ်ဘက်၊ အရပ်ဘက် စုစုပေါင်းလူဦးရေ သန်း ၇၀ မှ ၈၅ သန်းအထိ သေဆုံးခဲ့ရသည်ဟု ခန့်မှန်းခဲ့ကြသည်။ လူမျိုးတုံးသတ်ဖြတ်မှု၊ ဗုံးကြဲတိုက်ခိုက်မှု၊ ငတ်မွတ်ခေါင်းပါးမှုတို့ကြောင့် အရပ်သားအများအပြား သေဆုံးခဲ့ရာတွင် ဆိုဗီယက်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့မှ အရပ်သားပြည်သူများ တစ်နိုင်ငံလျှင် သန်းပေါင်း ၂၀ ထက်မနည်း သေဆုံးခဲ့ရသလို ဂျူးလူမျိုးခြောက်သန်းခန့်မှာလည်း လူမျိုးတုံးသတ်ဖြတ်ခံခဲ့ကြရသည်။
Sep 02, 2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခေါင်းဆောင်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အလုပ်သဘောခရီးစဉ်အတွင်း ဩဂုတ်လ ၃၁ ရက်နေ့က ကျင်းပသည့် မြန်မာ-တရုတ် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး တွေ့ဆုံဆွေးနွေးပွဲတွင် ယာယီသမ္မတက မြန်မာနိုင်ငံသည် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်ရန် အခွင့်အလမ်းများစွာရှိသည့်နိုင်ငံဖြစ်ပြီး လာရောက်ရင်းနှီးမြှုပ်နှံကြသူများ၊ ကုန်သွယ်မှုဆောင်ရွက်သူများအတွက် နစ်နာမှုမရှိစေရေး ဆောင်ရွက်ပေးသွားမည်ဟု ပြောကြားခဲ့သည်။
Sep 02, 2025
မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုတို့ကို ယခုထက်ပိုမိုတိုးမြှင့် ဆောင်ရွက်သွားရန်ဆန္ဒရှိကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာ-တရုတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တီယန်ကျင်းမြို့ Tangla Hotel ၌ ဩဂုတ် ၃၁ ရက်က ကျင်းပသည့် အဆိုပါတွေ့ဆုံပွဲတွင် တက်ရောက်လာကြသော မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသည့် ပုဂ္ဂိုလ်များနှင့် ရင်းနှီးမြှုပ်နှံထားသည့် တရုတ်စီးပွားရေးလုပ်ငန်းရှင်များ၊ စီးပွားရေးပညာရှင်များနှင့် တာဝန်ရှိသူများအား နိုင်ငံတော်အကြီးအကဲက အထက်ပါအတိုင်း ထုတ်ဖော်ပြောကြားလိုက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်ရန် အခွင့်အလမ်းများနှင့် စပ်လျဉ်း၍လည်း ရှင်းလင်းပြောကြားခဲ့သည်။
Sep 01, 2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အလုပ်သဘောခရီးစဉ်အတွင်း ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေးနှင့် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ် (၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားတို့ကို တက်ရောက်မည်ဖြစ်သည်။
