Skip to main content
Sep 11, 2025
လူကုန်ကူးမှုသည် ခေတ်သစ်ကျွန်ပြုမှုပုံစံဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ရပ်အနေဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးကို စိန်ခေါ်လျက်ရှိသည်။ တရားမဝင်မူးယစ်ဆေးဝါး ရောင်းဝယ်မှုပြီးလျှင် လူကုန်ကူးမှုသည် ဒုတိယမြောက် အမြတ်အစွန်းကြီးမားစွာရရှိနိုင်သော အရင်းအမြစ်ဖြစ်သည့်အလျောက် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုအဖြစ် ပြည်ပနိုင်ငံများသို့ဦးတည်၍ အုပ်စုဖွဲ့ပြစ်မှုကျူးလွန်နေကြသည်။
Sep 10, 2025
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲစာရင်းမှားယွင်းမှုများနှင့် မဲမသမာမှုများကို စိစစ်တွေ့ရှိရသဖြင့် ဖြေရှင်းပေးရန် တောင်းဆိုမှုများကို ငြင်းဆန်ခဲ့ခြင်း၊ ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးခေါ်ယူပြီး ဖြေရှင်းဆောင်ရွက်ပေးရန် တောင်းဆိုချက်ကို ငြင်းပယ်ခဲ့ခြင်း၊ နိုင်ငံတော်အစိုးရ၊ ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့က နည်းလမ်းရှာဆောင်ရွက်ပေးရန် တောင်းဆိုမှုကို ငြင်းပယ်ခဲ့ခြင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးခေါ်ယူ၍ တွေ့ဆုံဆွေးနွေးပေးပါရန် နှစ်ကြိမ်တိုင်တိုင်တင်ပြခဲ့သော်လည်း ဆောင်ရွက်ပေးမှုမရှိဘဲ မေတ္တာရပ်ခံတောင်းဆိုမှုအပေါ် ငြင်းပယ်ခဲ့ပြီး ပြဿနာဖြစ်ပွားနေသည့် ရွေးကောက်ပွဲရလဒ်ဖြင့်ပင် လွှတ်တော်ခေါ်ယူရန် အဓမ္မကြိုးပမ်းခဲ့မှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ အရ နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့် ရယူရန်ကြိုးပမ်းမှုပင်ဖြစ်သည်။
Sep 10, 2025
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးဟူသော မျှော်မှန်းချက်သည် ယနေ့မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး၏ မျှော်မှန်းချက်ဖြစ်သည်။ ယင်းမျှော်မှန်းချက်သည် နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ ပြည်သူတို့သာမက နိုင်ငံတော်ကိုဆန့်ကျင်နေသူ၊ ပုန်ကန်နေသူ၊ အတိုက်အခံပြုသူတို့ကလည်း သဘောတူညီကြသည့် ဘုံမျှော်မှန်းချက်ဖြစ်သည်။ သို့ရာတွင် သူလည်းဒီမိုကရေစီ၊ ကိုယ်လည်းဒီမိုကရေစီ၊ သူလည်းဖက်ဒရယ်၊ ကိုယ်လည်းဖက်ဒရယ်ဟူ၍ တူညီနေပါလျက် လက်နက်စွဲကိုင်တိုက်ခိုက်နေကြခြင်းမှာ နားမလည်ချင်စရာကောင်းသည်။ လွတ်လပ်ရေးရပြီးကာလ မြန်မာ့နိုင်ငံရေးသမိုင်းကို သေချာစွာလေ့လာစေ့ငုလျှင်မူ ယနေ့မိမိတို့နိုင်ငံတွင် ဖြစ်ပေါ်နေသည့်အခြေအနေအရပ်ရပ်တို့အပေါ် ကောင်းစွာနားလည်နိုင်မည်ဖြစ်သည်။
Sep 09, 2025
​​​​​​​၂၀၂၅ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ International Literacy Day 2025 အတွက် ချမှတ်ထားသောဆောင်ပုဒ်မှာ “ဒစ်ဂျစ်တယ်ခေတ်ကိုလိုက်မီဖို့ စာတတ်မြောက်ရေးမြှင့်တင်စို့” “Promoting literacy in the digital era” ဟူ၍ ဖြစ်သည်။ ဒစ်ဂျစ်တယ်ခေတ်ကာလ မျက်မှောက်ကာလတွင် စာတတ်မြောက်ရေးသည် အလွန်နောက်ကျ ကျန်ရစ်ခဲ့ပြီဖြစ်၍ ယနေ့ခေတ်တွင် စာမတတ်သူမရှိ၊ အားလုံးစာတတ်မြောက်လာအောင် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ကြရမည်ဖြစ်သည်။
Sep 09, 2025
​​​​​​​ကမ္ဘာ့ကုန်းမြေတိုက်ကြီးများမြေပုံကို ခါးလယ်မှပိုင်း၍ မျဉ်းကြောင်းတစ်ကြောင်း ရေးဆွဲလိုက်ပါက ကမ္ဘာ့တောင်ပိုင်းနိုင်ငံများနှင့် ကမ္ဘာ့မြောက်ပိုင်းနိုင်ငံများဟူ၍ အုပ်စုနှစ်စုဖြစ်ပေါ်လာသည်ကို တွေ့ရမည်ဖြစ်သည်။ ထူးခြားသည့်အချက်မှာ ကမ္ဘာ့တောင်ပိုင်းတွင် ပါဝင်သည့် အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကနိုင်ငံများသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ သမိုင်းရေးအရ ဖယ်ကြဉ်ခံထားရမှု၊ မျက်မှောက်ကမ္ဘာ့ရေးရာများတွင် ဂုဏ်သိက္ခာကြီးမားစွာ ပါဝင်ဆောင်ရွက်လိုမှု စသည်တို့နှင့်စပ်လျဉ်း၍ ကမ္ဘာ့မြောက်ပိုင်းနိုင်ငံများနှင့် ခြားနားစွာပင် အများစုက စိန်ခေါ်မှုများနှင့်ရင်ဆိုင်နေကြရသည်။
Sep 08, 2025
မြန်မာ-တရုတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဒုတိယအကြိမ် တွေ့ဆုံပွဲကို စက်တင်ဘာလ ၆ ရက်နေ့က တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီချွမ်ပြည်နယ် ချန်ဒူးမြို့ ရှန်ဂရီလာဟိုတယ်၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားခဲ့သည်။
Sep 08, 2025
၂၀၂၁ ခုနှစ်က ကမ္ဘာတစ်ဝန်းရှိ အသက် ၁၅ နှစ်နှင့် အထက်လူများ၏ စာတတ်မြောက်မှုနှုန်းမှာ ၈၆ ဒသမ ၃ ရာခိုင်နှုန်းရှိသည်။ အရွယ်ရောက်ပြီးသည့် စာမတတ်သူလူဦးရေမှာ အရေအတွက်အားဖြင့် ၇၇၃ သန်းရှိနေရာ လူတိုင်းစာတတ်မြောက်ရေးသည် ကမ္ဘာတစ်ခွင် ဆက်လက်ဆောင်ရွက်ကြရဦးမည့် လူသားမျိုးနွယ်တို့၏ တာဝန်တစ်ရပ်ဖြစ်နေသေးသည်။ မြန်မာနိုင်ငံတွင်လည်း ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်း အချက်အလက်များအရ အသက် ၁၅ နှစ်အထက် စာမတတ်သူ ၄ ဒသမ ၁ သန်းရှိနေရာ စာတတ်မြောက်ရေးလှုပ်ရှားမှုများကို စဉ်ဆက်မပြတ် ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်လှုပ်ရှား ဆောင်ရွက်သွားကြရမည်ဖြစ်သည်။
Sep 07, 2025
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး ကျင်းပရန် အချိန်နီးကပ်လာပြီဖြစ်သည်။ ပြည်သူလူထု၏ဆန္ဒကို ထင်ဟပ်ဖော်ပြသော ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေချိန်တွင် ရွေးကောက်ပွဲ အောင်မြင်မှုမရှိစေရေး ပြည်တွင်း၊ ပြည်ပမှ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်လာမည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများက နည်းလမ်းမျိုးစုံဖြင့် အဖျက်လုပ်ရပ်များ လုပ်ဆောင်လာနိုင်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ ဖော်ထုတ်အရေးယူဆောင်ရွက်နေပြီဖြစ်သည်။
Sep 07, 2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ H.E.Mr. Xi Jinping ၏ ဖိတ်ကြားချက်အရ ဩဂုတ် ၃၀ ရက်မှ စက်တင်ဘာ ၆ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အလုပ်သဘောခရီးစဉ် သွားရောက်ခဲ့ရာမှ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်သည်။ နိုင်ငံတော်အကြီးအကဲ၏ အဆိုပါအလုပ်သဘောခရီးစဉ်သတင်းများကို နိုင်ငံပိုင်မီဒီယာများနှင့် ပြည်တွင်းရှိ တရားဝင်သတင်းမီဒီယာများမှတစ်ဆင့် သတင်းများထုတ်ပြန်ခဲ့ပြီးဖြစ်ရာ အဆိုပါခရီးစဉ်သည် မိမိတို့နိုင်ငံနှင့် ပြည်သူများ၏ အကျိုးဖြစ်ထွန်းမှုအတွက် အလားအလာကောင်းများစွာကို ရရှိနိုင်ခဲ့သည်ဟု သိရှိနားလည်ကြပြီးလည်းဖြစ်သည်။
Sep 06, 2025
ဘုရားအလောင်း ဓနဉ္စယမင်းကြီးသည် မင်းနှင့်တကွ ပြည်သူအားလုံး ဂရုဓမ္မသီလကို စောင့်ထိန်းကြရန် ဆုံးမလမ်းညွှန်လေ့ရှိသည်။ ဘုရားအလောင်း လမ်းညွှန်ပြသည့်အတိုင်း ဂရုဓမ္မသီလတော်ကို မင်းနှင့်တကွ ပြည်သူအားလုံး စောင့်ထိန်းကြသောအခါ ကလိင်္ဂတိုင်းအတွင်း မိုးလေဝသမှန်ကန်၍ စားရေရိက္ခာပြည့်စုံလာပြီး နိုင်ငံအတွင်း အေးချမ်းသာယာဝပြောလာသည်။ ဓနဉ္စယမင်းကြီး တိုက်တွန်းချိန်မှာ မိုးတွင်းကာလဖြစ်သဖြင့် ယင်းကိုအကြောင်းပြု၍ မိုးကာလ ဝါတွင်းသုံးလအပါအဝင် တော်သလင်းလအတွက် ဂရုဓမ္မအခါတော်နေ့ကို အစဉ်အလာမပျက် သတ်မှတ်ကျင်းပလေ့ရှိသည်။