Aug 11, 2025
နိုင်ငံတကာတွင် တရားမဝင်ကုန်သွယ်မှုနှင့် ပတ်သက်၍ နိုင်ငံဖြတ်ကျော် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးမဟာမိတ်အဖွဲ့၏ ဖော်ပြချက်အရ တရားမဝင်ကုန်သွယ်မှုများသည် နှစ်စဉ်အမေရိကန်ဒေါ်လာ ၄၆၀ ဘီလီယံထက်မနိမ့်ကျဘဲ ဆက်လက်ဖြစ်ပွားနေသည်ဟု သိရသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း နယ်စပ်ဒေသများမှ တရားမဝင်ကုန်သွယ်မှုများပြုလုပ်ခြင်း၊ ဒေသအလိုက် သယံဇာတများ တရားမဝင်ထုတ်ယူခြင်းများကြောင့် နိုင်ငံတော်အနေဖြင့် များစွာထိခိုက်နစ်နာဆုံးရှုံးနေကြောင်း သိရသည်။
Aug 11, 2025
မျက်မှောက်ကာလ ကမ္ဘာ့လူဦးရေ၏ ထက်ဝက်သည် အသက် ၃၀ သို့မဟုတ် ၎င်းထက်ငယ်ရွယ်သူများဖြစ်ကြပြီး နောက်လာမည့် ငါးနှစ်ကာလ ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာ့လူဦးရေ၏ ၅၇ ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဖြစ်သည်ဟု မျှော်လင့်ထားကြသည်။ ကမ္ဘာကြီး၏ အနာဂတ်ကို ဖန်တီးကြမည့် လူငယ်တို့၏ အရေးအရာကိစ္စအဝဝတို့ကို ကမ္ဘာ့နိုင်ငံအသီးသီးတို့က အာရုံစိုက်လာကြစေရန် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားကို နှစ်စဉ်ဩဂုတ်လ ၁၂ ရက်တွင် ကျင်းပလျက်ရှိသည်။ မြန်မာနိုင်ငံတွင်လည်း ရပ်ရွာအကျိုးပြုလုပ်ငန်းများ၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၌ လူငယ်များ ပိုမိုပူးပေါင်းပါဝင်လာစေရန်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို လူငယ်လူရွယ်များ ပိုမိုသိရှိပြီး ပါဝင်ဆင်နွှဲလာကြစေရန်နှင့် လူငယ်များ၏ လိုလားချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ချက်များနှင့် နှစ်စဉ်ကျင်းပလျက်ရှိသည်။
Aug 10, 2025
မြန်မာနိုင်ငံသည် ရေခံမြေခံ၊ အခြေခံကောင်းများရှိပြီးဖြစ်သည့် နိုင်ငံဖြစ်သည်။ နိုင်ငံတော်၏ လုပ်ငန်းစဉ်များ၊ ရည်မှန်းချက်များ၊ စီမံကိန်းများကို လုပ်ရည်ကိုင်ရည်ရှိသူများ၊ နိုင်ငံတော်ကို ကောင်းမွန်စေလိုသော စေတနာရှိသူများအားလုံး လက်တွဲပူးပေါင်းကြိုးပမ်းဆောင်ရွက်ကြပါက နိုင်ငံတော်အနေဖြင့် စိန်ခေါ်မှုနှင့်အကျပ်အတည်းများ မည်သို့ရှိသည်ဖြစ်စေ အခက်အခဲမှန်သမျှတို့အား လွန်မြောက်ကျော်လွှားပြီး နိုင်ငံအကျိုးကို အောင်မြင်စွာဆောင်ရွက်နိုင်မည်ဖြစ်သည်။
Aug 10, 2025
(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီး ဆင်နွှဲရတော့မည့်ရက်မှာ နီးသည်ထက်နီးကပ်လာပြီဖြစ်သည်။ ပြိုင်ပွဲဝင်ကြမည့် အားကစားသမားတိုင်းက ပြိုင်ပွဲတိုင်းမှာ အကောင်းဆုံးယှဉ်ပြိုင်၍ ထိုက်ထိုက်တန်တန်အနိုင်ယူကာ နိုင်ငံ့ဂုဏ်ဆောင်နိုင်ကြရေးအတွက် ယခုအချိန်သည် ပြင်းပြင်းထန်ထန် လေ့ကျင့်နေကြရမည့်အချိန်ဖြစ်သည်။
Aug 09, 2025
ဆော်ဒီအာရေဗျနိုင်ငံ ရီရတ်မြို့တွင် ဇူလိုင်လ ၂၅ ရက်နေ့မှ ဩဂုတ်လ ၃ ရက် နေ့အထိ ကျင်းပခဲ့သည့် 2025 E-sports World Cup ပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံဆုရရှိခဲ့သည့် မြန်မာနိုင်ငံမှ Yangon Galacticos အသင်းသည် ဩဂုတ်လ ၇ ရက်နေ့က မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ရာ နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးသည့် အောင်ပွဲရအားကစားသမားများအား သောင်းသောင်းဖြဖြကြိုဆိုကြပြီး ဂုဏ်ပြုအခမ်းအနားပြုလုပ်ခဲ့ကြသည်ကို ဝမ်းမြောက်ဖွယ်တွေ့မြင်ကြရသည်။
Aug 09, 2025
သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာ - သတ္တဝါဟူသမျှတို့သည် အစာအာဟာရပေါ်၌သာလျှင် ထောက်ရာတည်ရာ ရှိကြကုန်၏ဟု ဗုဒ္ဓကျမ်းဂန်တို့၌ လာရှိသည်နှင့်အညီ အစာအာဟာရစုံလင်ပြည့်ဝကြမှသာ ခန္ဓာအစိတ်အပိုင်းများက ကျန်းမာကြံ့ခိုင်စွာ ရှင်သန်နိုင်ကြမည် ဖြစ်သည်။ သို့ဖြစ်ရာ စိတ်ရောကိုယ်ပါ ကျန်းမာရေးနှင့် ပြည့်စုံနိုင်ကြစေရန်အတွက် အာဟာရပြည့်ဝစွာစားသုံးနိုင်ကြရန်လိုသည်။ အာဟာရပြည့်ဝစေရန် မစားသောက်တတ်ခြင်းကြောင့် အာဟာရလွန်ကဲပြီး အဝလွန်ခြင်းဖြစ်စေနိုင်သလို အာဟာရချို့တဲ့ခြင်းလည်း ဖြစ်စေနိုင်သည်။
Aug 08, 2025
ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအားလုံးတို့သည် သုတေသနလုပ်ငန်းများကို အလေးထားရင်းနှီးမြှုပ်နှံ ထူထောင်ထားကြသည်။ နိုင်ငံအတွင်းရှိ လုပ်ငန်းနယ်ပယ်အသီးသီးတို့တွင် သုတေသနလုပ်ငန်းကဏ္ဍကို တွဲဖက်ထူထောင်ထားကြပြီး မိမိတို့လုပ်ငန်းအတွက် သုတေသနတွေ့ရှိချက်များကို အစဉ်ဖော်ထုတ်ပြီး လုပ်ငန်းအနာဂတ်မြင့်မားတိုးတက်လာအောင် မြှင့်တင်ဖော်ဆောင်လျက်ရှိရာ ခေတ်နှင့်လျော်ညီစွာ တိုးတက်အောင်မြင်ဖြစ်ထွန်းမှုများ စဉ်ဆက်မပြတ်ရရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။
Aug 08, 2025
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာသည့်ဘဝကို လူတိုင်းအလိုရှိကြသည်။ လိုအင်ဆန္ဒတို့ တစ်လုံးတစ်ဝပြည့်စုံကြသည့်အခါ ဖြစ်တည်လာသည့်ဘဝတွင် ပျော်ရွှင်ကြသည်။ မေတ္တာသည် တစ်ပါးသူတို့၏အကျိုးကို လိုလားပြီး သတ္တဝါမှန်သမျှ ပျော်ရွှင်ချမ်းမြေ့စေလိုသည့်ဆန္ဒဖြစ်သည်။ တစ်ပါးသူတို့၏လိုအပ်ချက်ကို သိနားလည်သည့်အလျောက် ဖြည့်ဆည်းပေးလိုခြင်းနှင့် သတ္တဝါတိုင်းအပေါ် အညီအမျှ ဖြန့်ဝေနိုင်ခြင်းတို့မှာ မေတ္တာ၏သဘောများပင်ဖြစ်သည်။
Aug 07, 2025
နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ရရှိထားသည့် ပြည်တွင်းငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှုရှိစေရေးအတွက် NCA ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည် ဆိုသည့်အချက်ကို နိုင်ငံတော်အစိုးရအဆက်ဆက်တွင် နည်းလမ်းပေါင်းစုံဖြင့် စဉ်ဆက်မပြတ် အကောင်အထည်ဖော်လျက်ရှိသကဲ့သို့ NCA သဘောတူစာချုပ်အတိုင်း ဆောင်ရွက်လျက်ရှိသည်။
Aug 07, 2025
ကမ္ဘာပေါ်တွင် နှစ်စဉ်လူကုန်ကူးခံရသူပေါင်း သန်း ၂၀ ခန့် ရှိနေပြီး လူမှောင်ခိုဂိုဏ်းများမှာ ထိုလုပ်ငန်းမှ အကျိုးအမြတ် အမေရိကန် ဒေါ်လာ ၄၀ ဘီလီယံခန့် ရရှိနေကြသည်ဟု ဆိုသည်။ သို့ဖြစ်ရာ မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်မှုနှင့် လက်နက်မှောင်ခို ရောင်းဝယ်မှုတို့၏နောက်တွင် လူကုန်ကူးမှုမှာ ကမ္ဘာတစ်ဝန်း တတိယအများဆုံးသော ရာဇဝတ်မှုပင်ဖြစ်သည်။
