Skip to main content
Mar 06, 2025
​​​​​​​ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိရာတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတနှင့် သီးခြားတွေ့ဆုံဆွေးနွေးပြီး နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးကိစ္စများကို ဆွေးနွေးခဲ့သည်။
Mar 06, 2025
​​​​​​​မြန်မာ့တပ်မတော်သည် မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့်ယှဉ်တွဲ၍ ပြည်သူများကြားမှ ပေါ်ပေါက်လာခဲ့သည့် တပ်မတော်ဖြစ်သည်။ တပ်မတော်သည် စတင်ပေါ်ပေါက်လာချိန် ကတည်းကပင် တိုင်းရင်းသားပြည်သူများနှင့်အတူ ယှဉ်တွဲ၍ နယ်ချဲ့ကိုတွန်းလှန်၊ ဖက်ဆစ်ကိုတော်လှန်၊ ပြည်တွင်းသောင်းကျန်း သူပေါင်းစုံတို့ကိုနှိမ်နင်းကာ ပြည်သူ့ရှေ့မှ မားမားမတ်မတ်ရပ်တည်ကာကွယ်ပေးခဲ့သည်။
Mar 05, 2025
ယခုရက်ပိုင်းတွင် ပြည်သူများကြားရှိ လူမှုကွန်ရက်များ၌ အသည်းရောင်အသားဝါ (အေ) ပိုးနှင့်ပတ်သက်၍ အသိပေးပြောဆိုမှုများ ကြားသိရပြီးနောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ရောဂါကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်ကို ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် အသည်းရောင်အသားဝါ (အေ) ပိုးနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားရမည်ဖြစ်သည်။
Mar 05, 2025
အသည်းရောင်အသားဝါ (အေ) ရောဂါကြိုတင်ကာကွယ်ရေးအတွက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အသိပေးနှိုးဆော်လျက်ရှိသည်။ ဖျားခြင်း၊ အရေပြားနှင့် မျက်သားဝါခြင်း စသည့်အသည်းရောင်အသားဝါ (အေ) ရောဂါလက္ခဏာများ ဖြစ်ပေါ်လာပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ အမြန်ဆုံးသွားရောက်ပြသရန် တိုက်တွန်းထားပြီး မြို့နယ်အချို့တွင်လည်း အသည်းရောင်အသားဝါ ရောဂါကူးစက်နိုင်သည့်နည်းလမ်းများ၊ ရောဂါလက္ခဏာများ၊ သတိပြုရမည့်အချက်များ၊ ကာကွယ်နိုင်မည့်နည်းလမ်းများ စသည်တို့ကို အသိပညာပေးဟောပြောမှုများ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။
Mar 04, 2025
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၅)ကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက နိုင်ငံတော်နှင့် ပြည်သူအားလုံးကို အကျိုးမပြုသည့် တရားမဝင်ကုန်သွယ်မှုကို လုံးဝကင်းစင်ပပျောက်သည်အထိ မျှော်မှန်းကာ ပူးပေါင်းပါဝင်တိုက်ဖျက်ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။
Mar 04, 2025
မိမိတို့နိုင်ငံသည် သဘာဝအလျောက် ဖြစ်တည်နေသည့် မြစ်ချောင်းအင်းအိုင်များ များပြားစွာတည်ရှိနေခြင်းကြောင့် ရေအရင်းအမြစ်ကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိသည်။ သို့ရာတွင် ရာသီဥတုပြောင်းလဲလာခြင်း၊ သစ်ပင်သစ်တောများ ပြုန်းတီးလာခြင်းနှင့် ဓာတ်သတ္တုများ ရှာဖွေတူးဖော်ခြင်းစသော အကြောင်းအမျိုးမျိုးတို့ကြောင့် သဘာဝရေအရင်းအမြစ်များစွာတို့ ပျက်စီးပျောက်ကွယ်လျက်ရှိသည်။ ထို့အပြင် အမှိုက်များ၊ မိလ္လာနှင့် ရေဆိုးများကို မြစ်နားချောင်းနားတစ်လျှောက် ကျေးရွာများက မြစ်ချောင်းများအတွင်း မဆင်မခြင် စွန့်ပစ်ကြခြင်းကြောင့်လည်း မြစ်ရေ၊ ချောင်းရေများ ညစ်ညမ်းရပြီး ရေစီးရေလာအပေါ် ထိခိုက်မှုများလည်း ဖြစ်ပေါ်စေသည်။
Mar 03, 2025
မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများတွင် သာသနာတော် အထွန်းကားဆုံးနိုင်ငံဖြစ်သည်။ သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် စိတ်ပါဝင်စားပြီး စွမ်းစွမ်းတမံထမ်းဆောင်နိုင်ကြသည့် ဗျတ္တ၊ ပဋိဗလပြည့်စုံသော ဆရာတော်များ အများအပြားရှိသည်။ ယခုအခါ အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ခြောက်နှစ်သက်တမ်းပြည့်ပြီဖြစ်၍ ဆရာတော်ကြီးများ အစားထိုးရွေးချယ်ရာတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးက အထူးလျှောက်ထားခဲ့သည်။
Mar 03, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီး သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သတင်းထုတ်ပြန်ထားသည်။ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပခဲ့သည့် (၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်ခဲ့ကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၇ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာဗလာဒီမာပူတင်နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံရေးရာကိစ္စများကိုဆွေးနွေးခဲ့ရာ မြန်မာနှင့် ရုရှားတို့၏ နှစ်နိုင်ငံဆက်ဆံရေး သမိုင်းမှတ်တိုင်တစ်ခု ဖြစ်ခဲ့သည်။
Mar 02, 2025
မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည်။ စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံသားအများစုသည် တောင်သူလယ်သမား သို့မဟုတ် လယ်ယာကဏ္ဍကိုအမှီပြု၍ အသက်မွေးဝမ်းကျောင်းပြု လုပ်ကိုင်နေကြသူများဖြစ်သည်။ မြန်မာနိုင်ငံရှိ လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်မှာ လယ်ယာထွက်ကုန်များ လုပ်ကိုင်ကြသူများဖြစ်၍ တောင်သူလယ်သမားများသည် နိုင်ငံအတွက် အရေးပါသောအင်အားစုကြီးဖြစ်သည်။
Mar 02, 2025
၁၈၇၇ ခုနှစ် မေလ ၁ ရက်တွင် စတင်ခဲ့သည့် မြန်မာ့မီးရထား၏ သက်တမ်းမှာ ၁၄၈ နှစ်သို့ က်ရှိလာပြီဖြစ်သည်။ နယ်ချဲ့အင်္ဂလိပ်တို့၏ လက်အောက်တွင် စတင်ခဲ့သည့် မြန်မာ့မီးရထားသည် အင်္ဂလန်နိုင်ငံတွင် ကမ္ဘာ့ပထမဆုံး ခုတ်မောင်းပြေးဆွဲခဲ့သည့် ရထားထက် ၅၂ နှစ်၊ အိန္ဒိယနိုင်ငံမီးရထားထက် ၂၄ နှစ် နောက်ကျခဲ့သော်လည်း အရှေ့တောင်အာရှနိုင်ငံများထဲတွင် အစောဆုံးနှင့် သက်တမ်းအရင့်ဆုံးဖြစ်သည်။