Skip to main content
Nov 30, 2025
နိုင်ငံတော်အစိုးရသည် PDF အမည်ခံအဖွဲ့အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ဖြင့် လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်လျက်ရှိသည်။ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။ နိုဝင်ဘာလ ၂၈ ရက်နေ့က နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၆၇ ဦးနှင့် အမျိုးသမီး ၁၆ ဦး စုစုပေါင်း ၈၃ ဦး တို့သည် လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသည်ကို ဝမ်းမြောက်ဖွယ်တွေ့မြင်ရသည်။
Nov 30, 2025
မီးခိုးမြူငွေ့ညစ်ညမ်းမှုသည် ကမ္ဘာ့နိုင်ငံအများအပြားတို့ ရင်ဆိုင်ကြုံတွေ့နေရသော ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတစ်ခုဖြစ်ပြီး လူ၊ သစ်ပင်နှင့် သားငှက်တိရစ္ဆာန်များအပေါ် အန္တရာယ်ကျရောက်စေခြင်းကြောင့် ကမ္ဘာ့နိုင်ငံများက အလေးထားကာကွယ်တားဆီးလျက်ရှိသည်။ မီးခိုးမြူငွေ့များသည် လေတိုက်ခတ်မှုကြောင့် ဒေသတစ်ခုမှတစ်ခုသို့၊ နိုင်ငံတစ်ခုမှတစ်ခုသို့ လွယ်ကူစွာ ပျံ့နှံ့ရောက်ရှိစေနိုင်ပြီး ဆိုးရွားသည့် လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေသည်။ အိမ်နီးချင်းနိုင်ငံများအချင်းချင်း နယ်စပ်ဖြတ်ကျော်၍ မီးခိုးမြူငွေ့ညစ်ညမ်းမှုဖြစ်စေနိုင်သည်။
Nov 29, 2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်း လိမ်လည်လောင်းကစားမှုလုပ်ငန်းများအားလုံးကို မြန်မာနိုင်ငံအတွင်း လုံးဝ (လုံးဝ) အခြေမပြုနိုင်ရေးအတွက် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ တိုက်ဖျက် နှိမ်နင်းလျက်ရှိသည်။ အဆိုပါဒုစရိုက်မှုများကို တိုက်ဖျက်နှိမ်နင်းရာ၌ ပြည်တွင်း အင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်းလက်တွဲ၍ အရှိန်အဟုန်ဖြင့် တက်တက်ကြွကြွ ဆောင်ရွက်လျက်ရှိသည်။
Nov 29, 2025
အမျိုးသားညီညွတ်ရေးအစိုးရဟု အမည်ခံထားသည့် ပြဿနာပေါင်း သောင်းခြောက်ထောင်နှင့် ထွေးလုံးရစ်ပတ်နေသော အကြမ်းဖက်ကြေညာခံအဖွဲ့အစည်းမှာ ၎င်း၏အတွင်းသဘောအရ ယိုင်နဲ့ပြိုလဲကျလာနေသည်ကို တွေ့မြင်နေရသည်။ နဂိုကတည်းကပင် နိုင်ငံနှင့် ပြည်သူအပေါ် စေတနာမမှန်ခဲ့၊ အတွေး အခေါ်၊ လုပ်ရပ်တို့ မမှန်ခဲ့သည့်အလျောက် ပြိုကွဲကျဆုံးသည်မှာ မဆန်း။ သို့ရာတွင် အဖွဲ့အစည်းက ကျဆုံးခန်းရောက်သည့်တိုင် အဖွဲ့ဝင်များ၊ အဖွဲ့နှင့် ဆက်နွှယ်လုပ်စားကြသူများ ကြီးပွားချမ်းသာ၊ ပျော်ရွှင်ချမ်းမြေ့ကြသည်မှာ ဆန်းသည်ဟု ဆိုရမည်။
Nov 28, 2025
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ပြည်သူတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာလျှောက်လှမ်းနိုင် ရန်အတွက် ပြည်သူလူထုပူးပေါင်းဆောင်ရွက်မှုဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ အထွေထွေရွေးကောက်ပွဲကြီးတွင် မဲဆန္ဒရှင်ပြည်သူအားလုံး ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးနှင့် လွတ်လပ်မျှတစွာ ဆန္ဒမဲပေးနိုင်ရန်ရည်ရွယ်၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်၊ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်နှင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ကြားနာစစ်ဆေးဆဲအမှုများပိတ်သိမ်းခြင်းအမိန့်များကို နိုဝင်ဘာလ ၂၆ ရက်နေ့က ထုတ်ပြန်လိုက်သည်။
Nov 28, 2025
မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးမှာ ၁၉၉၉ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ရာ ယခုအခါ ငွေရတုလွန်ကာလသို့ ရောက်ရှိလာပြီဖြစ်သည်။ သံတမန်လမ်းကြောင်းမှစတင်ခဲ့သည့် နှစ်နိုင်ငံဆက်ဆံရေးသည် အပြန်အလှန်ယုံကြည်မှုနှင့် နားလည်မှုတို့ အခိုင်အမာတည်ဆောက်နိုင်ခဲ့ကာ နှစ်နိုင်ငံခေါင်း‌ဆောင်များ၏ ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်ခြင်းဖြင့် ချစ်ကြည်ရင်းနှီးသည့် မိတ်ဆွေကောင်း ဆက်ဆံရေးကို မြင့်မားစွာမြှင့်တင်ထားနိုင်ခဲ့ပြီဖြစ်သည်။
Nov 27, 2025
​​​​​​​နိုင်ငံတော်အနေဖြင့် အမျိုးသားအကျိုးစီးပွားကို အလေးထား၍ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်မည့် နိုင်ငံရေးအင်အားစုများ၊ ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်ပေါ်လာစေရန် အကောင်အထည်ဖော်လျက်ရှိသည်။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်ပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ရန် ပြည်သူလူထု၏ ပူးပေါင်း ပါဝင်မှုဖြင့် အကောင်အထည်ဖော်လျက်ရှိသည်။
Nov 27, 2025
​​​​​​​ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)အရ နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် “တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့်တစ်မျိုး သို့မဟုတ် တိုင်းရင်းသားလူမျိုးအချင်းချင်း ကိုလည်းကောင်း၊ အခြားဘာသာသာသနာကိုလည်းကောင်း ထိခိုက်နစ်နာမှုမရှိစေဘဲ မိမိချစ်ခင်မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့်ဘာသာ သာသနာနှင့်ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာဆောင်ရွက်ပိုင်ခွင့်” ရှိကြောင်း အတိအလင်းခွင့်ပြုထားသည်။
Nov 26, 2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နိုဝင်ဘာ ၂၃ ရက်က စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်) ဖွင့်ပွဲအခမ်းအနားတွင် “ဖွံ့ဖြိုးပြီးနိုင်ငံများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံပြီး စီးပွားရေးတိုးတက်အောင် စွမ်းဆောင်ခဲ့ရာမှ စက်မှုနိုင်ငံအထိ တည်ထောင်နိုင်ကြခြင်းဖြစ်ကြောင်း၊ အလားတူ ဖွံ့ဖြိုးဆဲနိုင်ငံများသည်လည်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံပြီး စားရေရိက္ခာဖူလုံအောင်၊ ပိုလျှံအောင် လုပ်ဆောင်နိုင်ရန်နှင့် ကုန်ထုတ်လုပ်ငန်းများကို တိုးမြှင့်ပြီး MSME လုပ်ငန်းများမှတစ်ဆင့် နိုင်ငံတော်ကို ပြောင်းလဲတိုးတက်အောင် လုပ်ဆောင်နေကြကြောင်း” ပြောကြား ခဲ့သည်။
Nov 26, 2025
မြန်မာနိုင်ငံသည် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုအကျိုးဆက်များကြောင့် ထိခိုက်နိုင်ခြေမြင့်မားသည့် နိုင်ငံများစာရင်းတွင် ပါဝင်လျက်ရှိသည်။ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကြောင့် မိုးရွာသွန်းမှုပုံစံများ ပြောင်းလဲခြင်း၊ နေ့အပူချိန်များ မြင့်မားခြင်း၊ မုန်တိုင်းများ ဖြစ်ပေါ်ခြင်း၊ မိုးခေါင်ရေရှားခြင်း စသည်ဖြင့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ပြင်းပြင်းထန်ထန်၊ အကြိမ်ရေပိုမိုဖြစ်ပွားလာမှုများ ဖြစ်လာနိုင်သည်။