Jul 20, 2025
နိုင်ငံတော်အစိုးရအနေဖြင့် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး၊ ပြည်သူလူထု၏ လူမှုစီးပွား ဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိလာရေးတို့ကို အလေးထားဆောင်ရွက်ပေးလျက်ရှိသည်။ မကြာသေးမီက အကြမ်းဖက်သောင်းကျန်းသူများ ယာယီသိမ်းပိုက်ခဲ့သော လွိုင်ကော်-မိုးဗြဲ-ဖယ်ခုံ-ပင်လောင်း ဆက်သွယ်ရေးလမ်းကြောင်းကို ပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ခဲ့သည်။
Jul 20, 2025
နောင်ချိုဒေသတစ်ဝိုက်ကို တပ်မတော်က အပြီးတိုင်ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ဒေသခံတိုင်းရင်းသားပြည်သူများက တပ်မတော်နှင့် ဌာနဆိုင်ရာများအား အားပေးထောက်ခံကြိုဆိုကြ သည့်မြင်ကွင်းများ၊ တပ်မတော်အရာရှိများ၊ တပ်မတော်သားများကလည်း ဒေသခံပြည်သူများကို ရင်းနှီးနွေးထွေးစွာ နှစ်သိမ့်အားပေး နေသည့် မြင်ကွင်းများမှာ ကြည်နူးဖွယ်ရာ မြင်ကွင်းများပင်ဖြစ်သည်။ ဤသည်မှာ အကြမ်းဖက်သောင်းကျန်းသူတို့ ထိန်းချုပ်ထားစဉ်ကာလအတွင်း ဒေသခံပြည်သူတို့အနေဖြင့် ကိုယ်စိတ်နှစ်ပါး မည်မျှပင်ပန်းဆင်းရဲမှုနှင့် ကြုံတွေ့ခဲ့ရသည်ကို တစ်နည်းအားဖြင့် တွေ့မြင်လိုက်ရခြင်းလည်းဖြစ်သည်။
Jul 19, 2025
ယနေ့သည် ၂၀၂၅ ခုနှစ် (၇၈) နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် တိုင်းပြည်ခေါင်းဆောင်များကို မသမာသူ အကြမ်းဖက်သမားများက ရက်ရက်စက်စက်လုပ်ကြံသတ်ဖြတ်ခဲ့သည့် တစ်တိုင်းပြည်လုံး ပူဆွေးသောကယူကျုံးမရဖြစ်ကြရသောနေ့ဖြစ်သည်။
Jul 19, 2025
၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်တွင် မွေးဖွားခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် မသမာသူတို့၏ လုပ်ကြံမှုကြောင့် ကျဆုံးခဲ့ရသည်။ ကျဆုံးချိန်တွင် သူ့အသက်သည် ၃၂ နှစ်သာဖြစ်ရာ သူသည် လူငယ်တစ်ဦးမျှသာ။ ဤမျှသော သက်တမ်းအတွင်း နိုင်ငံနှင့်လူမျိုးအတွက် သူကြိုးပမ်းဆောင်ရွက်ခဲ့သမျှတို့မှာ မယုံနိုင်လောက်စရာ။ ဇမ္ဗူမှာ တစ်လူဟု ဆိုရလောက်အောင် အံ့ချီးဖွယ်ရာ။
Jul 18, 2025
မြန်မာနိုင်ငံရှိ နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေပြည်သူများဖြစ်သည်။ လူဦးရေအများစုနေထိုင်သည့် ကျေးလက်ဒေသများဖွံ့ဖြိုးတိုးတက်ရေးကို ခေတ်အဆက်ဆက် အကောင်အထည်ဖော်ခဲ့သည်။ ကျေးလက်ဒေသများမှာ ယခင်ခေတ်ကာလများနှင့်မတူ ဖွံ့ဖြိုးတိုးတက်လာသည်။ လူမှုစီးပွားဘဝမြင့်မားလာသည်။ သို့သော် ကျေးလက်ဒေသအများစုမှာ သဘာဝဘေးအန္တရာယ်အမျိုးမျိုးနှင့် ရင်ဆိုင်ကြုံတွေ့ရလေ့ရှိသောကြောင့် ရေရှည်တည်တံ့ခိုင်မြဲရေးတွင် စိန်ခေါ်မှုများစွာရှိသည်ကို တွေ့ရသည်။
Jul 18, 2025
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို တပ်မတော်စစ်ကြောင်းများက အလုံးစုံပြန်လည်ထိန်းချုပ်ခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ယာယီနေရပ်စွန့်ခွာနေကြရသည့် ဒေသခံပြည်သူများ အန္တရာယ်ကင်းရှင်းစွာ ဝင်ရောက်နေထိုင်နိုင်ရေး၊ အစိုးရအုပ်ချုပ်မှုယန္တရားများ အမြန်ဆုံးပြန်လည်လည်ပတ်နိုင်ရေး၊ မိုင်းရှင်းလင်းရေး၊ အကြမ်းဖက်သောင်းကျန်းသူများဖျက်ဆီးခဲ့သည့် စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ ရုံး၊ ဌာနအဆောက်အအုံများ၊ ဘာသာရေးအဆောက်အအုံများ၊ လူနေအိမ်များကို ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အမြန်ဆုံးပြန်လည်ပြုပြင်မှုများ ဆောင်ရွက်သွားမည်ဖြစ်သည်ဟုလည်း သိရသည်။
Jul 17, 2025
ကမ္ဘာပေါ်ရှိနိုင်ငံများသည် ပညာဖြင့်သာ နိုင်ငံဖွံ့ဖြိုးတိုးတက်လာကြသည်။ ပညာရေးကို စဉ်ဆက်မပြတ် အားပေးမြှင့်တင်ကြသည်။ မျိုးဆက်များအား စဉ်ဆက်မပြတ်သင်ကြားပေးခဲ့သော ပညာများဖြင့် မိမိဘဝတိုးတက်ရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးအသိပညာ၊ အတတ်ပညာမြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှုပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်လျက်ရှိသည်။
Jul 17, 2025
မည်သည့်အစိုးရ နိုင်ငံတော်တာဝန်ယူသည်ဖြစ်စေ ကိုယ်တိုင်အလုပ်လုပ်မှ အကျိုးခံစားခွင့်နှင့် တိုးတက်မှုများ ရရှိမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်ခရီးစဉ်အတွင်း နိုင်ငံတော်အကြီးအကဲက ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
Jul 16, 2025
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇူလိုင်လ ၁၄ ရက်နေ့ ညနေပိုင်း တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာပြီး ကုန်းတွင်းမုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိကာ နောက် ၂၄ နာရီတွင် အိန္ဒိယနိုင်ငံအနောက် ဘင်္ဂလားပြည်နယ်သို့ ဆက်လက်ဖြတ်ကျော်ခဲ့သည်။ အဆိုပါမုန်တိုင်းငယ်အရှိန်ကြောင့် မြန်မာနိုင်ငံရှိ အချို့ဒေသများတွင် မိုးသည်းထန်မှုများဖြစ်ပေါ်ခဲ့ပြီး အထူးသဖြင့် ရခိုင်ပြည်နယ်အချို့ဒေသများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည်။
Jul 16, 2025
လွန်ခဲ့သည့် ငါးနှစ်တာကာလကို ပြန်ကြည့်လျှင် မိမိတို့နိုင်ငံသူ၊ နိုင်ငံသားများအားလုံး ခက်ခဲကြမ်းတမ်းသည့် အခြေအနေများကို ရင်ဆိုင်ဖြတ်ကျော်ခဲ့ကြရသည်။ ၂၀၂၀ ပြည့်နှစ်စောစောပိုင်းတွင် မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်လာသည့် ကိုဗစ် - ၁၉ ကပ်ရောဂါကူးစက်ပျံ့နှံ့မှုမှာ မိမိတို့ပထမဆုံးကြုံတွေ့ကြရသည့် စိန်ခေါ်မှုကြီးဖြစ်ပြီး နောက်တစ်နှစ်တွင်မူ ရွေးကောက်ပွဲမဲမသမာမှုကိုအကြောင်းပြု၍ ဖြစ်ပေါ်လာသော နိုင်ငံရေးအပြောင်းအလဲနှင့် ဆူပူသောင်းကျန်းမှုများ၊ ထို့နောက်အကြမ်းဖက်တိုက်ခိုက်မှုများ၊ နောက်နှစ် နောက်နှစ်များတွင် မုန်တိုင်းကြီးများနှင့် အင်အားပြင်းထန်သည့်မြေငလျင်။
