Dec 10, 2025
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီး ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် လူသားတိုင်း ရသင့်ရထိုက်သော၊ ခံစားထိုက်သောအခွင့်အရေးများကို လူ့အခွင့်အရေးကြေညာစာတမ်းအဖြစ် အတည်ပြုထုတ်ပြန်ကြေညာခဲ့သည်။ ကြေညာစာတမ်း အပိုဒ် - ၇ တွင် လူသားအားလုံးတို့သည် ဥပဒေအရာ၌ တန်းတူရည်တူရှိကြပြီး ဥပဒေ၏ တန်းတူကာကွယ်စောင့်ရှောက်မှုကို မည်သည့်ခွဲခြားဆက်ဆံမှုမျှမရှိစေဘဲ ခံစားပိုင်ခွင့်ရှိသည်ဟု ဖော်ပြထားသည်။ လူ့အခွင့်အရေးကြေညာစာတမ်းတွင် လူသားတို့၏ ရပိုင်ခွင့်၊ ခံစားပိုင်ခွင့်အားလုံးကို အပြည့်အစုံဖော်ပြထားသည်။
Dec 10, 2025
ဆင်းရဲမွဲတေခြင်းဆိုသည်မှာ စားရေး၊ နေရေးနှင့် ကျန်းမာရေးတို့အပါအဝင် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းရန် ငွေကြေးအရင်းအမြစ် မလုံလောက်သည့် အခြေအနေဖြစ်သည်။ အနည်းဆုံးသော လူနေမှုအဆင့်အတန်းကိုပင် ဖြည့်ဆည်းနိုင်စွမ်းမရှိခြင်း၊ တစ်နည်းအားဖြင့် မရှိမဖြစ်လိုအပ်သောပစ္စည်းများကို ဝယ်ယူနိုင်စွမ်းမရှိခြင်းတို့ကြောင့် လူမှုရေးအရ ဖယ်ကြဉ်ခံရခြင်းကို ဖြစ်ပေါ်နိုင်စေသကဲ့သို့ ကျန်းမာရေး၊ လူတန်းစေ့နေထိုင်နိုင်ရေးနှင့် အနာဂတ်အခွင့်အလမ်းတို့အပေါ်တွင် မကောင်းသည့်အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေသည်။
Dec 09, 2025
အဂတိလိုက်စားမှုသည် နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ လူမှုရေးစနစ်များကို ထိခိုက်စေပြီး အများပြည်သူတို့၏ လူမှုစီးပွားဘဝများကို ပျက်ပြားစေသဖြင့် မြန်မာနိုင်ငံအစိုးရက ၂၀၁၃ ခုနှစ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ပြဋ္ဌာန်းခြင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဖွဲ့စည်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ကောင်းမွန်သောအစိုးရ၊ ကောင်းမွန်သောအုပ်ချုပ်ရေး၊ ကောင်းမွန်သော လူမှုအသိုက်အဝန်းဖြစ်ပေါ်လာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
Dec 09, 2025
အဂတိလိုက်စားမှုဆိုသည်မှာ ကိုယ်ကျိုးစီးပွားအတွက် အများပြည်သူ့အာဏာကို အလွဲသုံးစားပြုခြင်းဟူသော ဖွင့်ဆိုချက်ရှိသည်။ ရာထူးတာဝန်ကို အလွဲသုံးစားပြုပြီး ကိုယ်ကျိုးရှာဖွေခြင်းသည် လူ့ကျင့်ဝတ်ဖောက်ဖျက်မှုဖြစ်သကဲ့သို့ ဥပဒေကို ဖောက်ဖျက် ကျူးလွန်ခြင်းလည်းဖြစ်သည်။ အဂတိလိုက်စားမှု ကျယ်ပြန့်စွာ အမြစ်တွယ်နေသည့် လူ့အဖွဲ့အစည်းတွင် နောက်ဆက်တွဲဖြစ်ပေါ်လာသည့် အကျိုးဆက်များမှာလည်း များပြားကျယ်ဝန်းလှပြီး အန္တရာယ်လည်း ကြီးသည်။
Dec 08, 2025
တပ်မတော်သည် လွတ်လပ်ရေးနှင့်အတူ ဖြစ်ပေါ်လာသည့် တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်သည်။ တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး တပ်မတော်သားများသည် တိုင်းရင်းသားပြည်သူများမှ မွေးဖွားလာသူများဖြစ်၍ နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများကို ကာကွယ် စောင့်ရှောက်ပေးလျက်ရှိသည်။ တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံကာကွယ်ရေးတာဝန်ဖြစ်သော်လည်း ဒို့တာဝန်အရေးသုံးပါးကို ထိပါးမည့် အန္တရာယ်များရှိနေသောကြောင့် အမျိုးသားနိုင်ငံရေးဦးဆောင်မှုတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည်။
Dec 08, 2025
ကမ္ဘာတွင် အုန်းသီးဈေးကွက်သည် တိုးတက်နေသည့်ဈေးကွက် တစ်ခုဖြစ်သည်။ အမေရိကန်ဒေါ်လာ ဘီလီယံများစွာ အရောင်းအဝယ်ဖြစ်နေသည့် အဆိုပါဈေးကွက်သည် လာမည့်ငါးနှစ်တာ ကာလအတွင်း နောက်ထပ် ၈ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ တိုးတက်လာနိုင်သည်ဟု ခန့်မှန်းထားကြသည်။ ကျန်းမာရေးဆိုင်ရာအယူအဆများ၊ စားသောက်ကုန်၊ အလှကုန်အမျိုးမျိုး ထုတ်လုပ်နိုင်သည့် အုန်းရည်၊ အုန်းနို့၊ အုန်းဆီ၊ အုန်းသီးမှုန့်တို့ ပိုမိုသုံးစွဲလာမှုများ စသည့်အကြောင်းကြောင်းတို့ကြောင့် ဈေးကွက်ပိုမိုတိုးတက်လာနေခြင်းဖြစ်ပြီး အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ အိန္ဒိယစသည့်နိုင်ငံတို့မှာ အဓိကအုန်းသီးတင်ပို့သူများဖြစ်နေသည်။ ကမ္ဘာ့အုန်းသီးဈေးကွက်သည် ၂၀၂၃ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၂၁ ဒသမ ၇၉ ဘီလီယံခန့် တန်ဖိုးရှိပြီး ၂၀၃၀ ပြည့်နှစ်တွင် ဒေါ်လာ ၃၈ ဘီလီယံကျော်အထိ ရောက်ရှိလာမည်ဟု ခန့်မှန်းထားကြသည်ဟု သိရသည်။
Dec 07, 2025
တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၂၇) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ဒီဇင်ဘာလ ၅ ရက်နေ့က ပြင်ဦးလွင်မြို့ တပ်မတော်နည်းပညာတက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားရာတွင် မျက်မှောက်ခေတ်နည်းပညာသာလွန်မှု အကျိုးရလဒ်များကို ပြောကြားခဲ့သည်။
Dec 07, 2025
ထိုင်းနိုင်ငံတွင် ကျင်းပသည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီး၏ ဖွင့်ပွဲအခမ်းအနား မစတင်သေးသော်လည်း အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲများ စတင်ခဲ့ပြီးဖြစ်သည်။ ပွဲစဉ်များအစတွင် မြန်မာအမျိုးသမီးအသင်းအဖွင့်လှခဲ့ပြီး အမျိုးသားအသင်း အဖွင့်မလှခဲ့သည့်တိုင် ဆက်လက်ကြိုးစားရန် အခွင့်အလမ်းများနှင့်အတူ မြန်မာနိုင်ငံတစ်ဝန်းမှ ပရိသတ်များက အားပေးနေကြဦးမည်ဖြစ်သည်။
Dec 06, 2025
ထိုင်းနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပသည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ စတင်ကျင်းပနေပြီဖြစ်သည်။ ဒီဇင်ဘာလ ၅ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပသည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အားကစားနည်း ၅၄ မျိုး ပါဝင်ယှဉ်ပြိုင်ကြမည်ဟုသိရပြီး မြန်မာနိုင်ငံက အားကစားနည်း ၃၈ မျိုးတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်အချိန်ယူလေ့ကျင့်ထားပြီးဖြစ်၍ အားကစားနည်းအလိုက် အောင်မြင်မှုများရရှိလိမ့်မည်ဟု ယုံကြည်သည်။
Dec 06, 2025
တက္ကသိုလ်ဝင်စာမေးပွဲ မအောင်မြင်သည့် ကျောင်းသား ကျောင်းသူများအတွက် တက္ကသိုလ်ဘာသာရပ်ဌာနအသီးသီးက Skilled Labour သင်တန်းများ ဖွင့်လှစ်နိုင်ရန် ပညာရေးဝန်ကြီးဌာနက စီမံဆောင်ရွက်လျက်ရှိကြောင်း သတင်းအရသိရသည်။ နှစ်စဉ်တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူများအနက်မှ ရာခိုင်နှုန်းအချို့မှာ ကျရှုံးမြဲဖြစ်ရာ အဆိုပါကျောင်းသား ကျောင်းသူများအတွက် ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများ ဖွင့်လှစ်ပေးခြင်းက ၎င်းတို့အတွက်သာမက နိုင်ငံအတွက်ပါ အကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်သည်။
