Skip to main content
Nov 25, 2025
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသောနိုင်ငံဖြစ်သည်။ ကျေးလက်နေပြည်သူများမှာ စိုက်ပျိုးရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည့်အပြင် မွေးမြူရေးလုပ်ငန်းများကိုလည်း တွဲဖက်လုပ်ကိုင်ကြသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာ၌ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စီးပွားရေးလုပ်ငန်းများကို အဓိကအားပြုလျက်ရှိသည့်အတွက် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အတတ်ပညာရှင်များစွာ လိုအပ်လျက်ရှိသည်။
Nov 25, 2025
ရေအရင်းအမြစ်ပေါများကြွယ်ဝခြင်း၊ မြေဆီဩဇာကောင်းမွန်ခြင်း၊ တစ်ဆက်တစ်စပ်တည်း ကျယ်ပြန့်သော လယ်မြေများတည်ရှိနေခြင်း စသည့် သဘာဝပေးသည့်အခြေအနေကောင်းများကို အကြောင်းပြု၍ ဧရာဝတီတိုင်းဒေသကြီးမှာ မြန်မာနိုင်ငံ၏ အဓိကစပါးစိုက်ပျိုးထုတ်လုပ်ရာ ဒေသကြီးအဖြစ် ရပ်တည်နေပြီး နိုင်ငံ၏စပါးကျီဟူ၍ တင်စားခေါ်ဝေါ်ခြင်းကိုခံရသည်။ ထို့အပြင် မြစ်ဝကျွန်းပေါ်ဒေသဖြစ်သည့်အလျောက် မြစ်ချောင်းအင်းအိုင်များ၊ ကမ်းရိုးတန်းနှင့် ပင်လယ်ပြင်တို့ ဆက်စပ်တည်ရှိနေခြင်းကြောင့် ရေချိုရေငန်ငါးဖမ်းလုပ်ငန်းများ၊ ငါး၊ ပုစွန်မွေးမြူ ရေးလုပ်ငန်းများလည်း ထွန်းကားသည်။
Nov 24, 2025
ပြည်သူများအားလုံး ကျန်းမာကြံ့ခိုင်မှသာ မိမိအကျိုး၊ နိုင်ငံအကျိုးကို စွမ်းအားပြည့်သယ်ပိုးဆောင်ရွက်နိုင်မည်ဖြစ်သည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီအနေဖြင့် “နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက် အမျိုးသားပညာရေးကဏ္ဍ၊ အမျိုးသားကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ရေး” ဦးတည်ချက်ကိုချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်သူများကလည်း မိမိတို့၏ကျန်းမာရေးကို ဦးစားပေးအလေးထားဆောင်ရွက်ကြရမည်ဖြစ်သည်။
Nov 24, 2025
သဘာဝပတ်ဝန်းကျင်ဆိုသည်မှာ လူအပါအဝင် သက်ရှိဇီဝမျိုးစုံတို့ ပေါက်ဖွားပေါ်ထွန်းသည့်နေရာ၊ ရှင်သန်ကျက်စားကြသည့်နေရာ ဖြစ်သည်။ နေစကြဝဠာကြီးအတွင်း ရေ၊ မြေ၊ လေ၊ ရာသီဥတု၊ အပင်၊ ဇီဝပေါင်းစုံတို့နှင့် ရှင်သန်လှုပ်ရှားနေသည့် တစ်ခုတည်းသောဂြိုဟ်မှာ ဤမြေကမ္ဘာတစ်ခုတည်းသာရှိပြီး ကျန်ဂြိုဟ်များမှာ တိတ်ဆိတ်ခြောက်သွေ့လျက် သက်ရှိတို့ကင်းမဲ့နေသော ဂြိုဟ်များသာဖြစ်သည်။ ကမ္ဘာမှလွဲ၍ ကျန်ဂြိုဟ်များ၏ သဘာဝပတ်ဝန်းကျင်မှာ သက်ရှိသတ္တဝါများ ရှင်သန်နိုင်သည့်အခြေအနေမျိုးမရှိ။ သို့ဖြစ်ရာ ဤမြေကမ္ဘာ၏ သဘာဝပတ်ဝန်းကျင်သည် လူနှင့် အခြားသတ္တဝါတို့၏ အသက်ရှင်သန်နေထိုင်ရာ တစ်ခုတည်းသောနေရာဖြစ်သည့်အလျောက် မပျက်မစီးစေရန် စောင့်ရှောက်ကြရမည်ဖြစ်သည်။
Nov 23, 2025
​​​​​​​ကမ္ဘာပေါ်ရှိ နိုင်ငံများသည် မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို အလေးထားထိန်းသိမ်းစောင့်ရှောက်နေကြသည်ကို တွေ့ရမည်။ မျက်မှောက်ကမ္ဘာကြီး၏ ပြောင်းလဲလာသောအခြေအနေများအရ နိုင်ငံတိုင်းနိုင်ငံတိုင်းသည် မိမိတို့၏ အမျိုးသားအကျိုးစီးပွားကို ခိုင်မာအားကောင်းအောင် တည်ဆောက်ထားကြရမည်ဖြစ်သည်။ အမျိုးသားအကျိုးစီးပွားသည် သက်ဆိုင်ရာတိုင်းပြည်နိုင်ငံအတွက် အသက်သွေးကြောဖြစ်သည်။ အမျိုးသားအကျိုးစီးပွား တောင့်တင်းခိုင်မာမှ ရေရှည်တည်တံ့ခိုင်မြဲသောနိုင်ငံအဖြစ် မော်ကြွားစွာရပ်တည်နိုင်မည်ဖြစ်သည်။
Nov 23, 2025

ကမ္ဘာတစ်ဝန်းတွင် အမျိုးသမီးများအကြမ်းဖက်ခံနေရမှုများ ရှိနေခြင်းကို ဂရုပြုကြစေရေးအတွက် ၁၉၉၉ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပသော ကုလသမဂ္ဂအထွေထွေညီလာခံက နှစ်စဉ် နိုဝင်ဘာလ ၂၅ ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအား အကြမ်းဖက်မှုပပျောက်ရေးနေ့” အဖြစ် သတ်မှတ်ခဲ့သည်။ ထို့အပြင် နိုဝင်ဘာ ၂၅ ရက်မှစ၍ လူ့အခွင့်အရေးနေ့ဖြစ်သည့် ဒီဇင်ဘာ ၁၀ ရက်နေ့အထိ ၁၆ ရက်ကြာ လှုပ်ရှားမှုကိုလည်း ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ်ရွယ်များအပေါ် အကြမ်းဖက်မှုအဆုံးသတ်ရေးအတွက် ၁၉၉၁ ခ

Nov 22, 2025
မြန်မာနိုင်ငံတွင် နှစ်စဉ်နှစ်တိုင်း နတ်တော်လဆန်း (၁) ရက်နေ့ကို စာဆိုတော်နေ့အဖြစ်သတ်မှတ်ပြီး အသိဉာဏ်ပညာနှင့် ဗဟုသုတအဖြာဖြာ တိုးပွားရာတိုးပွားကြောင်းပေးစွမ်းသည့် စာအုပ်စာပေများကို ပြုစုရေးသားအားထုတ်ကြသော စာဆိုတော်ကြီးများကို ဂုဏ်ပြုချီးမြှင့်လျက်ရှိသည်။ ယခုနှစ်တွင် ၂၀၂၄ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင်အခမ်းအနားကို နေပြည်တော်၌ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့ တက်ရောက်၍ စာပေဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။
Nov 22, 2025
ထိုင်းနိုင်ငံတွင်ကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့အား နိုင်ငံတော်အကြီးအကဲကိုယ်တိုင် အောင်နိုင်ရေးအလံကို အပ်နှင်းလိုက်ပြီဖြစ်သည်။ အရှေ့တောင်အာရှဒေသတွင်း နိုင်ငံများပါဝင်ယှဉ်ပြိုင်ကြသည့် ပြိုင်ပွဲသို့ နိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ကြရာတွင် အနိုင်မခံအရှုံးမပေး သံမဏိစိတ်ဓာတ်ဖြင့် ယှဉ်ပြိုင်ကြကာ နိုင်ငံ့ဂုဏ်ကိုဆောင်ကြရေးအတွက် နိုင်ငံတော်က တာဝန်ပေးအပ်လိုက်ခြင်းလည်းဖြစ်သည်။
Nov 21, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံတွင် ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီး ပြုလုပ်တော့မည်ဖြစ်သည်။ ရက်ပိုင်းမျှသာလိုတော့သည့် အားကစားပြိုင်ပွဲကြီးတွင် မြန်မာအားကစားမောင်မယ်များအားလုံး ပါဝင်ယှဉ်ပြိုင်ရန် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ၊ အားကစားပိုင်းဆိုင်ရာအပါအဝင် အစစအရာရာအသင့်ဖြစ်နေပြီဖြစ်ရာ ပြိုင်ပွဲတိုင်းတွင် အနိုင်ရရှိရေးဟူသည့် အမျိုးသားရေးအောင်စိတ်ဖြင့် နိုင်ငံတော်၏ဂုဏ်နှင့် နိုင်ငံသားများ၏ သိက္ခာကိုမြှင့်တင်ပေးကြရမည်ဖြစ်သည်။
Nov 21, 2025
မြန်မာလူမျိုးတို့၏ ကိုယ်ပိုင်အက္ခရာနှင့် ကိုယ်ပိုင်စာပေမှာ နှစ်ပေါင်းထောင်ချီ၍ သက်တမ်းရှည်ကြာခဲ့ပြီဖြစ်ပြီး ခေတ်အဆက်ဆက်တွင် ဖွံ့ဖြိုးတိုးတက်ဝေဆာခဲ့သည်။ မြန်မာစာပေ၏အဦးအစကို အစောဆုံးတွေ့ထားသမျှ အထောက်အထားအရ ပုဂံခေတ်ကဖြစ်သည်ဟု မှတ်သားထားရှိသည်။ ပုဂံခေတ်တစ်လျှောက် မြန်မာစာပေအရေးအသားတို့ကို ကျောက်စာ၊ မင်စာ၊ အုတ်ခွက်စာများတွင် အထင်အရှားတွေ့နိုင်ပြီး ကဗျာ၊ လင်္ကာ၊ သဒ္ဒါ၊ နီတိ၊ စကားပြေစာပေပုံစံတို့ ထွန်းကားခဲ့သည်။ ပုဂံခေတ်တွင် မြန်မာစာပေထွန်းကားခဲ့သလို ပညာရှိများလည်း ပေါများခဲ့သည်ဟု သမိုင်းမှတ်တမ်းများကဆိုသည်။