Nov 20, 2025
ယနေ့မျက်မှောက်ကမ္ဘာတွင် နည်းပညာများ တစ်နေ့တခြား တိုးတက်မြင့်မားလာမှုများနှင့်အတူ ကမ္ဘာ့နိုင်ငံများ၊ ပြည်သူများအား ကောင်းကျိုးများပြုလျက်ရှိသည့်နည်းတူ အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုနှင့် ဒုစရိုက်မှုမျိုးစုံတို့ကို အထောက်အကူပြုနေသည်ကို တွေ့ရသည်။ အွန်လိုင်းဒုစရိုက်မှုအမျိုးမျိုးတို့ကြောင့် ကမ္ဘာ့ပြည်သူများ လိမ်လည်လှည့်ဖြားခံနေကြရသည့်အပြင် နိုင်ငံများ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကိုပါ ခြိမ်းခြောက်လာသည်ကို တွေ့ရသည်။
Nov 20, 2025
မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုကို AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ပြုလုပ်လျက်ရှိရာ မကြာခဏဖော်ထုတ်ဖမ်းဆီးရမိလျက်ရှိသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၅ ရက်၊ ၆ ရက်၊ ၇ ရက်နေ့များအတွင်း ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ကွင်းဆက်စစ်ဆေးရှာဖွေဖမ်းမိခဲ့သည့် AA ၏ မူးယစ်ဆေးဝါးမှောင်ခိုမှုမှာလည်း ပမာဏများပြားသည့်အလျောက် တန်ဖိုးလည်းကြီးသည်။
Nov 19, 2025
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအနေဖြင့်နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ကို ဖွဲ့စည်းပြီးနောက် “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့”၊ “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့”၊ “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင် ထိန်းကြစို့” ဆိုသည့် ဆောင်ပုဒ် (၃) ခုကို ချမှတ်ပြီး ဆောင်ပုဒ်တစ်ခုချင်းအလိုက် ဦးတည်ချက်များ၊ ရည်မှန်းချက်များ၊ စီမံကိန်းများ အောင်မြင်စွာအကောင်အထည်ပေါ်လာအောင် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။
Nov 19, 2025
၂၀၂၀ ပြည့်နှစ်အတွင်း အရှေ့တောင်အာရှဒေသတွင် သားအိမ်ခေါင်းကင်ဆာအသစ်ဖြစ်ပွားမှုပေါင်း နှစ်သိန်းခန့်ရှိရာ ယင်းသည် ကမ္ဘာတစ်ဝန်းဖြစ်ပွားမှု၏ ၃၂ ရာခိုင်နှုန်းဖြစ်ပြီး သားအိမ်ခေါင်းကင်ဆာကြောင့် သေဆုံးသူတစ်သိန်းခန့်ရှိရာ ကမ္ဘာတစ်ဝန်းသေဆုံးမှု၏ ၃၄ ရာခိုင်နှုန်းဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ် ကမ္ဘာလုံးဆိုင်ရာ ကင်ဆာစောင့်ကြည့်ရေးအစီရင်ခံစာတွင် ဖော်ပြထားသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် သားအိမ်ခေါင်းကင်ဆာပပျောက်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာမဟာဗျူဟာကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် ရေးဆွဲချမှတ်ခဲ့ရာ အဖွဲ့ဝင်နိုင်ငံများကလည်း နိုင်ငံအဆင့် သားအိမ်ခေါင်းကင်ဆာပပျောက်ရေး မဟာဗျူဟာများကို အသီးသီးရေးဆွဲအကောင်အထည်ဖော်ခဲ့ကြသည်။
Nov 18, 2025
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးအချိန်ကတည်းက လက်နက်ကိုင်သောင်းကျန်းမှုများ ပေါ်ပေါက်လာခဲ့သည်။ လက်နက်ကိုင်သောင်းကျန်းသူများကြောင့် ပြည်တွင်းတည်ငြိမ်အေးချမ်းမှုများပျက်ယွင်းပြီး ဒေသတွင်းနေထိုင်ကြသောပြည်သူများ ထိခိုက်ခံစားရသကဲ့သို့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ထိခိုက်မှုများရှိခဲ့သည်။ ထို့ကြောင့် ပြည်ထောင်စုကြီးအတွင်း တည်ငြိမ်အေးချမ်းမှုများပျက်ပြားအောင် ပြုလုပ်နေသူများသည် ဒေသများအတွင်းရှိ လက်နက်ကိုင်သောင်းကျန်းသူများဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။
Nov 18, 2025
နိုင်ငံတကာတွင် တရားမဝင်ကုန်သွယ်မှုနှင့်ပတ်သက်၍ “နိုင်ငံဖြတ်ကျော်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးမဟာမိတ်အဖွဲ့ (TRACIT)”၏ ဖော်ပြချက်အရ နှစ်စဉ်အမေရိကန်ဒေါ်လာ ၄၆၀ ဘီလီယံထက်မနည်း တရားမဝင်ကုန်သွယ်နေကြသည်ဟု သိရသည်။ မိမိတို့နိုင်ငံမှာ အိမ်နီးချင်းနိုင်ငံ ငါးနိုင်ငံနှင့်နယ်နိမိတ်ထိစပ်လျက်ရှိပြီး အလွယ်တကူဖြတ်ကျော်နိုင်သော၊ ထိန်းသိမ်းစောင့်ကြည့်ရန် ခက်ခဲသော နယ်စပ်များရှိနေခြင်းက တရားမဝင်ကုန်စည်ကူးသန်းရောင်းဝယ်မှုများကို ထိန်းချုပ်ရန်ခက်ခဲပြီး တရားမဝင်ကုန်သွယ်မှုကို ဖြစ်ပေါ်စေခြင်းဖြစ်သည်။
Nov 17, 2025
သမိုင်းစဉ်တစ်လျှောက်ကို လေ့လာကြည့်မည်ဆိုပါက ကမ္ဘာ့နိုင်ငံများအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်ရပ်တည်နိုင်ရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းတည်ဆောက်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ ထိုသို့ ကြိုးပမ်းတည်ဆောက်နေကြရာတွင် နိုင်ငံ၏ ဘက်စုံအကျိုးစီးပွားများ အောင်မြင်ဖြစ်ထွန်းစေရန်အတွက် စစ်မှန်သော အမျိုးသားရေးစိတ်ဓာတ်များ နိုင်ငံသားတိုင်းတွင် မရှိမဖြစ်ရှိနေကြရန် အထူးလိုအပ်သဖြင့် အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ ပြန့််ပွားရေးကို ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။
Nov 17, 2025
လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပမည့်ရက်မှာ ယနေ့မှစ၍ ရေတွက်လျှင် ရက်ပေါင်း ၄၀ ကျော်မျှသာ ကျန်ရှိနေပြီဖြစ်သည်။ ရွေးကောက်ပွဲကို လုံခြုံရေးအရ အပိုင်းသုံးပိုင်းခွဲ၍ ကျင်းပသွားမည်ဖြစ်ရာ တစ်ပိုင်းနှင့်တစ်ပိုင်း ရက်သတ္တနှစ်ပတ်ခြား၍ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ပြီးဆုံးသွားမည်ဖြစ်သည်။
Nov 16, 2025
“နိုင်ငံတစ်နိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူတစ်ဦးချင်းစီ၏ အသိပညာ၊ အတတ်ပညာ၊ အတွေးအခေါ်၊ ဗဟုသုတ ပြည့်ဝစေခြင်းဖြင့် အမျိုးသားပညာရေးကို မြှင့်တင်ပေးရမည်ဖြစ်ပါသည်။ အထူးသဖြင့် ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနေသည့် ယနေ့ကာလတွင် တိုင်းရင်းသားပြည်သူများအနေဖြင့် အရာရာကို စဉ်းစားတွေးခေါ်ကာ အမှား၊ အမှန်ကို ခွဲခြားသိရှိပြီး နိုင်ငံနှင့်လူမျိုးအကျိုး သယ်ပိုးဆောင်ရွက်ရန် အရေးကြီးပါသည်” ဆိုသည့် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့သဝဏ်လွှာစကားကို မှတ်သားရသည်။
Nov 16, 2025
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လူငယ်လူရွယ်များကို မှန်ကန်ထိရောက်အကျိုးရှိစွာ ဆောင်ရွက်စီမံပေးနိုင်ရန် အရေးကြီးသည်။ မိမိတို့နိုင်ငံတွင် လက်ရှိကာလအတွင်း အလုပ်လုပ်နိုင်သည့်အရွယ် လူငယ်လူရွယ်ဦးရေသည် များပြားနေဆဲ၊ တစ်နည်းအားဖြင့် လူဦးရေဆုလာဘ် ရရှိနေဆဲကာလဖြစ်ရာ နိုင်ငံတွင် ပိုင်ဆိုင်ထားသည့် လူသားအရင်းအမြစ်ကို မြှင့်တင်ပေးပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိရောက်စွာအသုံးချသွားရမည်ဖြစ်သည်။
