Skip to main content
Oct 05, 2023
ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်တွင်အဓိကတာဝန်ရှိပြီး နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန်အတွက်လည်း အဓိကတာဝန်ရှိသည်ဟုပြဋ္ဌာန်းထားရာ ယင်းအပေါ်တွင်မူတည်၍ နိုင်ငံတော်၏တာဝန်အရပ်ရပ်ကို ထမ်းဆောင်လျက်ရှိသည်။
Oct 05, 2023
လူတစ်ယောက်၏အကျင့်စရိုက်ကို မျိုးရိုးဗီဇ၊ သင်ကြားပြသမှုနှင့် ပတ်ဝန်းကျင်ဟူသောအကြောင်းတရားသုံးမျိုးက ဖန်တီးပေးသည်ဟူ၍အဆိုရှိသည်။ မျိုးရိုးဗီဇသည် အမိအဖတို့နှင့်သက်ဆိုင်၍ သင်ကြားပြသမှုသည် ဆရာများနှင့်သက်ဆိုင်ပြီး ပတ်ဝန်းကျင်မှာမူ မိဘများနှင့်ရောဆရာတို့နှင့်ပါသက်ဆိုင်သည်။ ကျောင်းနေအရွယ် ကလေးငယ်များအတွက် သင်ကြားပြသမှုနှင့် ပတ်ဝန်းကျင်ပြုပြင်မှုဟူသော ဒုတိယအကြောင်းတရားနှစ်ရပ်ကို စာသင်ကျောင်းများတွင်ခံယူရရှိနိုင်ပြီး ၎င်းတို့၏ဘဝ တစ်သက်တာအတွက်ရော နိုင်ငံအတွက်ပါ လွန်စွာအရေးပါသည့် အချိန်အခါသည် ဆရာများနှင့်ထိတွေ့သင်ယူကြရသည့် အချိန်အခါပင်ဖြစ်သည်။
Oct 04, 2023
ဆေးဝန်ထမ်းတပ်ဖွဲ့သည် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့်အတူ ပေါက်ဖွား လာသောအဖွဲ့အစည်းဖြစ်ပြီး ယခုအောက်တိုဘာလ ၁ ရက်နေ့တွင် (၇၆)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ သမိုင်းကြောင်းကောင်းသည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များသည် နှစ်ပေါင်း ၇၀ ကျော်ကာလအတွင်း တိုင်းပြည်တာဝန်များကို တပ်မတော်ကဏ္ဍတွင်သာမက ကျရာအခန်းကဏ္ဍများတွင်ပါ ကျေပွန်စွာထမ်းဆောင်ခဲ့သည်။
Oct 04, 2023
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ခရိုင် ၃၄ ခရိုင်၌ စက်မှု၊ စိုက်ပျိုး ရေးနှင့် မွေးမြူရေးအတတ်ပညာများ တွဲဖက်သင်ကြားပေးမည့် အခြေခံပညာအထက်တန်းကျောင်း ၃၄ ကျောင်း ထပ်မံဖွင့်လှစ် သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနက သတင်းထုတ်ပြန်ကြေညာပေးလျက်ရှိသည်။ အခြေခံပညာအလယ်တန်းဆင့် (Grade 9) ပြီးမြောက်အောင်မြင်သည့် ကျောင်းသား ကျောင်းသူများ အထက်တန်းဆင့် ပညာသင်ယူနေစဉ် ကာလအတွင်း စက်မှုနည်းပညာ၊ စိုက်ပျိုးရေး၊ မွေးမြူရေး အသက်မွေးဝမ်း‌ကျောင်း အတတ်ပညာများ သင်ယူတတ်မြောက်နိုင်မည့် အခွင့်အလမ်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိနိုင်ရန် ရည်ရွယ်သည့် စက်မှု၊ စိုက်မွေးပညာများ တွဲဖက်သင်ကြားသည့် အခြေခံပညာအထက်တန်းကျောင်းများကို ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ခရိုင် ၅၀ ခရိုင်ရှိ အခြေခံပညာအထက်တန်းကျောင်း ၅၁ ကျောင်းတွင် ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ရာ ထပ်မံဖွင့်လှစ်မည့်ကျောင်းများနှင့်ဆိုပါက တစ်နိုင်ငံလုံးတွင် ၈၅ ကျောင်းအထိ ရှိလာမည်ဖြစ်သည်။
Oct 03, 2023
​​​​​​​ကမ္ဘာပေါ်ရှိနိုင်ငံအချို့တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ကြုံတွေ့နေရသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ အထူးသဖြင့် အစွန်းရောက်တိုက်ခိုက်မှုများကို မကြာခဏမြင်တွေ့ကြရပြီး မကြာသေးမီက ပါကစ္စတန်နိုင်ငံ ဘလူချီစတန်ပြည်နယ်၌ ဘာသာရေးအဆောက်အအုံအနီး အသေခံဗုံးဖောက်ခွဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၅၀ ကျော် သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာများရရှိခဲ့သည်။ မြန်မာနိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်မှုများ မရှိသလောက်ဖြစ်ခဲ့သော်လည်း လွန်ခဲ့သည့် နှစ်ကာလများမှစ၍ အကြမ်းဖက်တိုက်ခိုက်မှုများ ပေါ်ပေါက်လာခဲ့သည်။
Oct 03, 2023
၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှ ကောက်ယူရရှိသော လူဦးရေကိုအခြေခံ၍ ခန့်မှန်းတွက်ချက်မှု အရ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်တွင် မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေမှာ ၅၆ ဒသမ ၂ သန်းဖြစ်ပြီး ယင်းအနက် ၆ ဒသမ ၃ သန်းကျော်မှာ သက်ကြီးရွယ်အိုဦးရေဖြစ်သည်။ မြန်မာနိုင်ငံတွင်သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေအရ သက်ကြီးရွယ်အိုဆိုသည်မှာ အသက် ၆၀ နှစ်နှင့် အထက်ရှိသော မြန်မာနိုင်ငံသားအားလုံးကို ဆိုသည်ဟူ၍ ဖွင့်ဆိုထားသည်။
Oct 02, 2023
နိုင်ငံတော်သည် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို အမျိုးသားရေးလုပ်ငန်းစဉ် (၂) ရပ်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသကဲ့သို့ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို နိုင်ငံရေးလုပ်ငန်းစဉ် (၂) ရပ်အဖြစ် ချမှတ်အကောင်အထည်ဖော်လျက်ရှိသည်။ ပြည်သူလူထုအနေဖြင့် အေးချမ်းဖူလုံစွာဖြင့် နေထိုင်လုပ်ကိုင်လိုကြသည့်ဆန္ဒ အားလုံးတွင်ရှိကြရာ ဒေသတည်ငြိမ်အေးချမ်းပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် လာရေးကို လိုလားနေကြသည်။
Oct 02, 2023
မြန်မာတစ်နိုင်ငံလုံး ဗြိတိသျှလက်အောက် ကျရောက်ခဲ့ပြီးချိန်တွင် နယ်ချဲ့တို့က ၎င်းတို့၏ အုပ်ချုပ်ရေးစနစ်ကို အထောက်အကူပြုနိုင်ရန်အတွက် အက်ဥပဒေများပြဋ္ဌာန်းကာ ပုလိပ် (police) အဖွဲ့များ ဖွဲ့စည်းခဲ့ရာမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သမိုင်းစတင်ခဲ့သည်။ ပုလိပ်အဖွဲ့မှသည် ခေတ်အဆက်ဆက်တွင် အဆင့်ဆင့်ပြောင်းလဲလာခဲ့သော ရဲတပ်ဖွဲ့ကို တော်လှန်ရေးကောင်စီအစိုးရလက်ထက် ၁၉၆၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ပြည်သူ့ရဲတပ်ဖွဲ့ (People's Police Force) အမည်ဖြင့် ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ကာ ထိုရက်ကိုပင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အဖြစ် ၁၉၉၅ ခုနှစ် စက်တင်ဘာ ၁၃ ရက်နေ့တွင် သတ်မှတ်ခဲ့ခြင်းလည်းဖြစ်သည်။
Oct 01, 2023
မြန်မာနိုင်ငံတွင် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးဟူသည့် အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်ကို ချမှတ်အကောင်အထည်ဖော်လျက်ရှိသည်။ ၎င်းရည်မှန်းချက်နှစ်ရပ်သည် စဉ်ဆက်မပြတ် အကောင်အထည်ဖော်ရမည့် နိုင်ငံတော်၏မျှော်မှန်းချက်ဖြစ်သည်။ နိုင်ငံတော်အစိုးရက ပြည်သူပြည်သားအားလုံး မပူမပင်မကြောင့်မကြဖြင့် အေးချမ်းစွာနေထိုင်လုပ်ကိုင် စားသောက်နိုင်ရမည်ဟုခံယူပြီး လက်တွေ့အကောင်အထည်ဖော်လျက်ရှိသည်။
Oct 01, 2023
လက်နက်ကိုင်ပဋိပက္ခများရပ်ဆိုင်းပြီး တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းကသာ နိုင်ငံမပြိုကွဲ၊ မပျက်စီးရေး၊ ငြိမ်းချမ်းရေးတို့အတွက် နည်းလမ်းအမှန်ဖြစ်သည်။ ပဋိပက္ခကျရောက်ရာ ဒေသနှင့်ဒေသတွင်းနေ ပြည်သူလူထုအပေါ် ဘေးဒုက္ခကျရောက်မှုနှင့် ထိခိုက်ခံစားရမှုတို့ အသက်သာဆုံး၊ အနည်းပါးဆုံးလည်းဖြစ်သည်။ မြန်မာတိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးက လိုလားကြသည့် ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြရာ ယခုအခါ ရှစ်နှစ်တာကာလသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။