Sep 14, 2023
ကမ္ဘာပေါ်တွင် ဆက်သွယ်ရေးနည်းပညာများ အလျင်အမြန်တိုးတက်လာမှုနှင့်အတူ မြန်မာနိုင်ငံတွင်လည်း ဆက်သွယ်ရေးကွန်ရက်ကို တည်ထောင်အသုံးပြုနိုင်ကြသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်သွယ်ရေးနည်းပညာဖြင့် အထောက်အကူပြုရန်၊ ဖွံ့ဖြိုးတိုးတက်လာသည့် ဆက်သွယ်ရေးကဏ္ဍတွင် ပြည်တွင်း၊ ပြည်ပမှအခွင့်အလမ်းတူမျှသော ပွင့်လင်းမြင်သာသည့် ယှဉ်ပြိုင်မှုများကို ဝန်ဆောင်မှုပေးနိုင်စေရန်၊ အများပြည်သူဆက်သွယ်အသုံးပြုနိုင်သည့် အခွင့်အလမ်းများပိုမိုရရှိလာစေရန်၊ လုပ်ကိုင်သူတို့နှင့် အသုံးပြုသူတို့အား အကာအကွယ်ပေးနိုင်ရန်၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူလုံခြုံရေးအတွက် ဥပဒေနှင့်အညီ ကြပ်မတ်ဆောင်ရွက်ရန်ဟူသော ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်လျက်ရှိသည်။
Sep 14, 2023
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် လူသားအရင်းအမြစ်က အဓိကကျသည်။ သဘာဝသယံဇာတမည်မည်ရရမရှိစေကာမူ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးစိတ်ဓာတ်ပြင်းထန်ပြီး ထိရောက်ထက်မြက်သည့် အစိုးရ၏ ဦးဆောင်မှု၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ကျွမ်းကျင်သောလူ့စွမ်းအားအရင်းအမြစ်များဖြင့် အကောင်အထည်ဖော်ခဲ့သော နိုင်ငံများဖွံ့ဖြိုးတိုးတက်ခဲ့သည်ကို မျက်မှောက်ကမ္ဘာတွင် တွေ့ရှိနိုင်သည်။
Sep 13, 2023
စက်တင်ဘာလ ၁၃ ရက်နေ့သည် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ဖြစ်သည်။ လူကုန်ကူးမှုဆိုသည်မှာ တစ်ဦးဦးသည်အခြားတစ်ဦးတစ်ယောက်ကို သဘောတူညီချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သိမ်းသွင်းစုဆောင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ ခိုလှုံခွင့်ပေးခြင်း၊ လက်ခံပေးခြင်းတို့ကိုဆိုလိုသည်။ တစ်နည်းဆိုလျှင် ကျားမကြီးငယ်မရွေး တစ်ဦးတစ်ယောက်ကို ပြည့်တန်ဆာပြုခြင်း၊ ကျေးကျွန်ပြုခြင်း၊ လုပ်အားအမြတ်ထုတ်ခြင်း၊ နှောင်ဖွဲ့စေခိုင်းခြင်း၊ ခန္ဓာကိုယ်အစိတ်အပိုင်းများထုတ်ယူခြင်း၊ ရောင်းချခြင်းတို့သည် လူကုန်ကူးမှုလက္ခဏာများဖြစ်သည်။
Sep 13, 2023
အွန်လိုင်းရာဇဝတ်ဂိုဏ်းများနှင့်စပ်လျဉ်း၍ ပုံပျက်ပန်းပျက် မှားယွင်းသောသတင်းများထွက်ပေါ်ပျံ့နှံ့နေခြင်းက မိမိတို့နိုင်ငံအတွက် ထိခိုက်နစ်နာမှုများစွာဖြစ်ပေါ်စေသည်။ နည်းပညာကုမ္ပဏီ၊ ကူးသန်းရောင်းဝယ်ရေးကုမ္ပဏီ၊ ဘဏ္ဍာရေးဆိုင်ရာကုမ္ပဏီများကဲ့သို့ အယောင်ဆောင်ထားသည့် အွန်လိုင်းရာဇဝတ်ဂိုဏ်းများမှာ အရှေ့တောင်အာရှနိုင်ငံအချို့၌တည်ရှိနေကြခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း တရားဥပဒေစိုးမိုးမှု အလှမ်းဝေးသည့်နယ်စပ်ဒေသများ၌ တည်ရှိနေကြသည်။
Sep 12, 2023
မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း တိုင်းရင်းသားဒေသများတွင် လက်နက်ကိုင်ပဋိပက္ခများ ပေါ်ပေါက်လာခဲ့သည်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ ပြည်ပမှ(ကူမင်တန်-တရုတ်ဖြူ)ကျူးကျော်မှုရှိခဲ့ပြီး ၎င်းတို့ဆုတ်ခွာသွားချိန်တွင် လက်နက်ကိုင်သောင်းကျန်းမှုများ အမြစ်တွယ်ကျန်ရစ်ခဲ့သည်။ အလားတူဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)များ ပေါ်ပေါက်လာပြီး ဗကပများချုပ်ငြိမ်းသွားသော်လည်း လက်နက်ကိုင်ဆောင်သည့်ပြဿနာများ ယနေ့အချိန်အထိ ဖြစ်ပေါ်နေဆဲဖြစ်သည်။
Sep 12, 2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှုတိုးတက်ရေးတို့တွင် အရေးကြီးသည့် လိုအပ်ချက်တစ်ရပ်မှာ နည်းပညာဖြစ်သည်။ သို့ရာတွင် ဖွံ့ဖြိုးတိုးတက်မှုနိမ့်ကျသည့် နိုင်ငံတို့အနေဖြင့် ပညာရေးနှင့်သုတေသနလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု လုံလောက်စွာ မပြုလုပ်နိုင်ကြသည့်အလျောက် နည်းပညာပိုင်းတွင်လည်း ချို့တဲ့ကြသည်။ ဖွံ့ဖြိုးမှုနိမ့်ကျသော နိုင်ငံတွင် ကုန်ထုတ်လုပ်နိုင်စွမ်း မြင့်မားရေးအတွက် လိုအပ်သော နည်းပညာရရှိနိုင်ရန်မှာ “အရင်းအနှီးစုဆောင်းမှု” ကို ကနဦးပြုလုပ်ကြရမည်ဖြစ်ပြီး ယင်းအတွက် အားထုတ်ရုန်းကန်ကြရကြောင်းကို အမေရိကန်၊ ယူကေ၊ ဂျပန်၊ ဥရောပနိုင်ငံများ ဖွံ့ဖြိုးမှုမရရှိမီကာလများအားရည်ညွှန်း၍ ပညာရှင်များက မိန့်ဆိုထားသည်။
Sep 11, 2023
နိုင်ငံတိုင်း နိုင်ငံတိုင်းသည် ရှေ့လုပ်ငန်းစဉ်၊ ရည်မှန်းချက်၊ မူဝါဒ၊ ဦးတည်ချက်များနှင့်အညီ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင်လည်း ခေတ်အဆက်ဆက် ဦးတည်ချက်၊ ရှေ့လုပ်ငန်းစဉ်များပါအတိုင်း အကောင်အထည်ဖော်ခဲ့ကြသည်။ ထိုသို့အကောင်အထည်ဖော်ရာတွင် စီမံခန့်ခွဲမှု၊ လက်တွေ့ကျကျဆောင်ရွက်မှု၊ တက်ညီလက်ညီ အားကြိုးမာန်တက်ဆောင်ရွက်မှုတို့အပေါ်တွင် မူတည်၍ ရလဒ်အမျိုးမျိုးပေါ်ထွက်ခဲ့သည်။
Sep 11, 2023
ဒေသတည်ငြိမ်အေးချမ်းမှုသည် ဒေသတွင်းနေပြည်သူများ အလိုလားဆုံးသော အခြေအနေတစ်ရပ်ပင် ဖြစ်သည်။ ဒေသတည်ငြိမ်အေးချမ်းမှသာလျှင် ပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသည်ဖြင့် အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်သည်။ ဒေသတည်ငြိမ်အေးချမ်းမှသာလျှင် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်သည့် အခွင့်အလမ်းများ ရရှိနိုင်သည်။ ဒေသများနည်းတူ နိုင်ငံသည်လည်း တည်ငြိမ်အေးချမ်းမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည် ဖြစ်သည်။
Sep 10, 2023
ပြီးခဲ့သည့်ရက်သတ္တပတ်ကာလအတွင်း နိုင်ငံတစ်ဝန်း၌ တက္ကသိုလ်ပေါင်းစုံ လူငယ်သီတင်းပတ်လှုပ်ရှားမှုများနှင့် လူငယ်ဖွံ့ဖြိုးရေးလှုပ်ရှားမှုအခမ်းအနားများ ကျင်းပခဲ့သည်ကို တွေ့မြင်ရသည်။ ကျောင်းသား ကျောင်းသူ၊ လူငယ်လူရွယ်များ၏ တက်ကြွလှုပ်ရှားမှုအားမာန်များသည် အနာဂတ်နိုင်ငံတော်အတွက် အားအင်ခွန်အားများဖြစ်သည်။ လူငယ်လူရွယ်များသည် အနာဂတ်အတွက် သားကောင်း ရတနာများဖြစ်၍ လူငယ်လူရွယ်များဘဝကို အားပေးမြှင့် တင်ပျိုးထောင်ပေးရမည်ဖြစ်သည်။
Sep 10, 2023
ခရီးသွားလုပ်ငန်းသည် MSME စီးပွားရေးလုပ်ငန်းများအနက် ဝန်ဆောင်မှုကဏ္ဍတွင်ပါဝင်သည်။ တိုင်းဒေသကြီးများနှင့် ပြည်နယ်များ၏ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ဒေသအလိုက် ထူးခြားသောဝိသေသလက္ခဏာများဖြင့် မတူကွဲပြားစွာပိုင်ဆိုင်ထားကြသည့် ခရီးသွားဆွဲဆောင်မှုများကို ဖော်ထုတ်အသုံးချနိုင်ရန်လိုအပ်သည်။ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသသည် လှပသော ရေမြေသဘာဝပတ်ဝန်းကျင်များ၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ သမိုင်းဝင်နေရာများ၊ တိုင်းရင်းသားလူမျိုးစုံတို့၏ ရိုးရာဓလေ့ထုံးတမ်းများ စသည်တို့ကို မြောက်မြားစွာပိုင်ဆိုင်ထားပြီး အများစုမှာ ဖော်ထုတ်အသုံးမချနိုင်သေးသည့် ရတနာသိုက်သဖွယ် တည်ရှိနေခြင်းဖြစ်သည်။
