Feb 10, 2023
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေး(၁/၂၀၂၃)တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ နိုင်ငံတော်အရေးပေါ်အခြေအနေကာလအတွင်း လုပ်ဆောင်ချက်နှင့် တွေ့ရှိချက်များကို ယာယီသမ္မတထံတင်ပြချက်များ အရနိုင်ငံတော်တစ်ဝန်းလုံးတွင် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ဆက်လက်လုပ်ဆောင်ရန်လိုအပ်ချက်များ ရှိနေသေးသည့်အတွက် အရေးပေါ်ကာလကို နောက်ထပ် ခြောက်လထပ်မံသက်တမ်းတိုးမြှင့်ခဲ့ရသည်။
Feb 09, 2023
မြန်မာနိုင်ငံ၏ လွတ်လပ်ရေးသည် ၇၅ နှစ်ပြည့်မြောက်ခဲ့ ပြီဖြစ်ရာ တိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှုကို သက်သေ စိုက်ထူခဲ့သည့် အထိမ်းအမှတ်ဖြစ်သော ပြည်ထောင်စုနေ့သည် စိန်ရတုလွန် (၇၆) နှစ်မြောက်ကာလသို့ ရောက်ရှိလာပြီဖြစ်သည်။ မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းကို ပြန်ကြည့်လျှင် ဂုဏ်ယူဖွယ်များစွာနှင့်အတူ သင်ခန်းစာယူဖွယ်များကိုလည်း တွေ့ရှိနိုင်သည်။ အတိတ်သမိုင်းတွင် မြန်မာနိုင်ငံတော်ကြီး ထွန်းလင်းတောက်ပခဲ့သည့် အခါသမယများသည် နိုင်ငံအတွင်း စည်းလုံးညီညွတ်ခြင်းဖြင့် တစ်သွေးတည်း၊ တစ်သံတည်း အင်အားခိုင်မာတောင့်တင်းခဲ့သော အချိန်များဖြစ်ပြီး မြန်မာတို့ ဘုန်းတန်ခိုးမှိန်သည့် ကာလသည် ဝါးအစည်းပြေသကဲ့ သို့ စည်းလုံးညီညွတ်မှု ပြိုကွဲသော ကာလပင်ဖြစ်သည်။ အဆုံးစွန်သော အခြေအနေတွင် လွတ်လပ်ရေးနှင့် အချုပ် အခြာအာဏာပိုင်ဆိုင်မှု ဆုံးရှုံးခဲ့ရပြီး ကျွန်သပေါက်ဘဝဖြင့် နိုင်ငံပျောက်ကွယ်သွားခဲ့ရသည်။
Feb 09, 2023
“တိုင်းရင်းသားပြည်သူတစ်ရပ်လုံးသည် တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ သာတူညီမျှ အခွင့်အရေး ရရှိခြင်းဟူသည့် အနှစ်သာရများဖြင့် ပြည့်ဝသောဖက်ဒရယ် စနစ်ကို အခြေခံသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ရည်မှန်းချက်ပန်းတိုင်ကို မလွဲမသွေ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် တိုင်းရင်းသားပြည်သူအားလုံး ပင်လုံစိတ်ဓာတ် အရင်းခံကာ ချစ်ကြည် စည်းလုံးစွာဖြင့် နိုင်ငံတော်အစိုးရနှင့်အတူ ပူးပေါင်း လက်တွဲဆောင်ရွက်သွား ကြရန်” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က (၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် တိုက်တွန်းထားသည်။
Feb 07, 2023
ကာယစွမ်းရည်၊ ဉာဏစွမ်းရည် သူတကာထက် ထူးကဲသာလွန်သူကို လူရည်ချွန်ဟုခေါ်ဆိုသည်။ တစ်နည်းဆိုလျှင် ဗလငါးတန်ထူးချွန်သူ တစ်နည်းအားဖြင့် ဘက်စုံထူးချွန်သူကို လူရည်ချွန်ဟုဆိုကြလေသည်။ ငယ်စဉ်ကာလပညာရှာမှီးနေစဉ် သူတကာတို့ထက် သာလွန်စွမ်းနိုင်သူတို့အား ရွေးချယ်ဖော်ထုတ်၍ လူရည်ချွန်အဖြစ်သတ်မှတ်ကြသည်။ လူရည်ချွန်သည် လူ့ဘောင်လောက ကြီးပွားတိုးတက်ရေးတွင် စွမ်းဆောင်နိုင်မည့်အစွမ်းအစရှိသူ လူ့အရင်းအမြစ်ဖြစ်သည်။
Feb 07, 2023

မြန်မာနိုင်ငံသည် ရှည်လျားသော ပင်လယ်ကမ်းရိုးတန်းများနှင့် ကုန်းတွင်းပိုင်းတွင် ရေချိုမြစ်ချောင်းအင်းအိုင်များလည်း အများအပြားရှိသည့်အလျောက် ရေချိုရေငန် ငါးပုစွန်ထုတ်လုပ်နိုင်သည့် အရင်းအမြစ်များပေါများကြွယ်ဝသလို ပြည်တွင်းငါးစားသုံးမှုမှာလည်း မြင့်မားသည်။ အာဆီယံနိုင်ငံများအနက် ငါးစားသုံးမှု ဒုတိယအမြင့်မားဆုံးနိုင်ငံဖြစ်ပြီး ပြည်တွင်းစားသုံးမှုတွင် အသားထက် ငါးစားသုံးမှုက ပိုမိုများပြားကြောင်း စစ်တမ်းများတွင် တွေ့ရှိရသည်။
Feb 06, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံ့တာဝန်ထမ်းဆောင်မှု နှစ်နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ နိုင်ငံအချို့နှင့် ကုလသမဂ္ဂတာဝန်ရှိသူအချို့က အပြုသဘောမဆောင်သော သတင်းထုတ်ပြန်မှုများပြုလုပ်ခဲ့သည်ကို စိတ်ပျက်ဖွယ်ကြားသိခဲ့ရပါသည်။ မြန်မာနိုင်ငံအပေါ် အစဉ်တစိုက် အကောင်းမမြင်သော သဘောထားရှိသောသူများ၏ ပြောဆိုချက်များမှာ အထူးအဆန်းမဟုတ်သော်လည်း အမှန်တရားကို မျက်ကွယ်ပြုပြီး တစ်ဖက်သတ် ဘက်လိုက်ပြောဆိုချက်များကိုမူ လက်မခံတုံ့ပြန်ကန့်ကွက်ပယ်ချ ရမည်ဖြစ်သည်။
Feb 06, 2023

မည်သည့် နိုင်ငံတွင်မှ လူမျိုးတစ်မျိုးတည်းမရှိ။ အမျိုးဘာသာ သာသနာတို့သည်လည်း ရောနှော ပျံ့နှံ့လျက်ရှိကြမြဲပင်ဖြစ်သည်။ အမျိုးအနွယ်၊ ကိုးကွယ်သည့် ဘာသာတရားနှင့် ပြောဆိုသည့် ဘာသာစကားတို့ကို အလေးထားအပ်သော်လည်း အရေးကြီးဆုံးမှာ အေးအတူပူအမျှ၊ ကောင်းတူ ဆိုးဖက်ပူးပေါင်းနေထိုင်လိုသော အစဉ်အလာဆန္ဒနှင့်ဝံသာနု ရက္ခိတခေါ် အမျိုးစောင့်တရားပင် ဖြစ်သည်။ “လူမျိုးဆိုသည်မှာ သုခဒုက္ခအတူခံစားကြ၍ နီးနီးစပ်စပ်အကျိုးချင်းထပ်ပြီးလျှင် နှစ်ပရိစ္ဆေဒရှည်လျားစွာ တစ်မျိုးတစ်စားတည်းပင်ဟု စိတ်ထားရှိသူတို့ကို တစ်စုတည်းပေါင်း၍ ခေါ်ဝေါ်ခြင်းသာ ဖြစ်လေသည်။”ဟူ၍ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက မိန့်ဆိုခဲ့သည်။
Feb 05, 2023
နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများ၏ အကျိုးစီးပွားကိုရှေးရှု၍ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကို အလေးထားဆောင်ရွက်ကြရသည်။ တရားဥပဒေစိုးမိုးမှု၊ တည်ငြိမ်အေးချမ်းမှုရှိပါမှ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ရည်မှန်းချက်များနှင့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများကို ချောမွေ့အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ မျက်မှောက်ကာလတွင် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ပါ “အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေးဆက်လက်ဆောင်ရွက်သွားမည်” ဟူသည့်အချက်ကို အကောင် အထည်ဖော်လျက်ရှိသည်။
Feb 05, 2023
နိုင်ငံတော်၏ မြို့တော်ဖြစ်သည့် နေပြည်တော်ကောင်စီနယ်မြေကို အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ စံပြနယ်မြေတစ်ခုဖြစ်လာစေရေးမျှော်မှန်းကာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ တည်နေရာအားဖြင့် အရှေ့ရိုးမနှင့် အလယ်ရိုးမကြားတွင်ရှိပြီး အကျယ်အဝန်းစတုရန်းမိုင် ၂၇၂၄ မိုင်ရှိသည့် နေပြည်တော်ကောင်စီနယ်မြေတွင် စိုက်ပျိုး မြေဧရိယာဧကစုစုပေါင်း ၃၂၀၀၀၀ ကျော်ရှိနေသည်။ စစ်တောင်းမြစ်ဖျားပိုင်းဖြစ်သည့် ပေါင်းလောင်းမြစ်နှင့် ဆင်သေချောင်း၊ ငလိုက်ချောင်း အစရှိသည့် ချောင်း၊ မြောင်းများ၊ ရေဆင်းဆည်၊ ငလိုက်ဆည်၊ ဆင်သေဆည် စသည်တို့အပါအဝင် ရေလှောင်တမံ၊ ဆည်၊ ကန်များတည်ရှိနေရာ စိုက်ပျိုးရေးနှင့် မွေးမြူရေးတို့အတွက် လိုအပ်ချက်များပြည့်စုံသည်။
Feb 03, 2023
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး(၁/၂၀၂၃)၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်တွင်ဖြစ်ပေါ်ခဲ့သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပကတိဖြစ်စဉ်များကို ရှင်းလင်းပြောကြားသွားခဲ့ရာတွင် နိုင်ငံတော်၏ စီးပွားရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို သိရှိခဲ့ရသည်။