Sep 12, 2023
ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကာကွယ်ဆေးသိုလှောင်အအေးခန်းရှိ လေးထပ်ဆောင် အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ (၁) နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်း ဗဟိုကာကွယ်ဆေးသိုလှောင်အအေးခန်း (ရန်ကုန်) ၌ ကျင်းပသည်။
Sep 12, 2023
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက် စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “အကြမ်းဖက်သမားများ၏ Internet ပေါ်က စာမျက်နှာများ” ခေါင်းစဉ်ဖြင့် စက်တင်ဘာ ၁၃ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့် တင်ဆက်ပေးသွားမည်ဖြစ်သည်။
Sep 12, 2023
ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်အရ သက်တမ်းလေးနှစ်ပြည့်ပြီးသည့် Passport သက်တမ်းနှစ်နှစ်နှင့်အထက် သက်တမ်းကျန်ရှိနေသော အလုပ်သမားများကို နယ်စပ်ဂိတ်များမှတစ်ဆင့် MoU U-turn စနစ်ဖြင့် ထိုင်းနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လုပ်ကိုင် နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းတွင် မြဝတီမြို့နယ် ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအမှတ်(၂)နှင့် ကော့သောင်းမြို့နယ် အေးရိပ်ငြိမ်ရပ်ကွက် ရွှေဝက်ဝံရေခဲစက်ဝင်းအတွင်းတို့၌ One Stop Service စနစ်ဖြင့် လုပ်ငန်းစဉ်များ စတင်ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်။
Sep 12, 2023
အပြည်ပြည်ဆိုင်ရာ ရေအရင်းအမြစ်အဖွဲ့နှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရေအရင်းအမြစ်ဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယနေ့နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံပေကျင်းမြို့၌ ကျင်းပသည့် (၁၈) ကြိမ်မြောက် “ကမ္ဘာ့ရေညီလာခံ” သို့ တက်ရောက်သည်။
Sep 12, 2023
(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ထိုင်းနိုင်ငံ၌ စတင်လေ့ကျင့်နေပြီဖြစ်သည်။
Sep 12, 2023
မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက် သော လူငယ်စကားဝိုင်းကို ပဲခူးတက္ကသိုလ် စုဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။
မြို့နယ်အခွန်ဦးစီးဌာနမှူး လုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၈၀) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
Sep 12, 2023
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန မြို့နယ်အခွန်ဦးစီးဌာနမှူး လုပ်ငန်းကျွမ်းကျင်မှု သင်တန်း အမှတ်စဉ်(၈၀) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ တွင် နေပြည်တော်ရှိ ပြည်တွင်း အခွန်များဦးစီးဌာန၌ ကျင်းပ သည်။
Sep 12, 2023
(၁၁)ကြိမ်မြောက် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီအစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးများနှင့် ဗဟိုကော်မတီဝင်များ စုံညီစွာတက်ရောက်ကြသည်။
Sep 12, 2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့က မန္တလေးတိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိုင်းအစည်းအဝေးခန်းမတွင် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ မွေးမြူရေးအစားအစာထုတ်လုပ်သူ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးသည်။
Sep 12, 2023
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ဧရာဝတီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ပုသိမ်အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Sep 12, 2023
မြန်မာ့လက်ရွေးစင်အသင်းနှင့် နီပေါလက်ရွေးစင် အသင်းတို့၏ ဒုတိယခြေစမ်းပွဲကို စက်တင်ဘာ ၁၁ ရက်က ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ကျင်းပရာ(ဝဲပုံ) မြန်မာ့လက်ရွေးစင်အသင်းက တစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
Sep 12, 2023
ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခု ထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
Sep 12, 2023
နိုင်ငံတော်အနေဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကထား ဆောင်ရွက်ပေးလျက်ရှိရာ ပြည်တွင်းထုတ်ကုန်အားပေးရန်၊ သွင်းကုန်အစားထိုး ရန်နှင့် ပို့ကုန်ရရှိစေရန်၊ ဒေသတစ်ခု ထုတ်ကုန်တစ်ခု (One Region One Product) အကောင်အထည်ဖော်နိုင်ရန် လမ်းညွှန်ချက်များအပေါ် ကချင်ပြည်နယ်အနေဖြင့်လည်း အစီအစဉ်များ ရေးဆွဲဆောင်ရွက်လျက်ရှိသည်။
Sep 12, 2023
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျင်းပသည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက နေပြည်တော် ပျဉ်းမနားမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။
Sep 12, 2023
ရုရှားဖက်ဒရေးရှင်းနိုင်ငံ Sputnik အေဂျင်စီ၏ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ညွှန်ကြားရေးမှူးမစ္စတာ ဗာဆီလီပုရှ်ကော့ဗ် (Mr. Vasily Pushkov)သည် မြန်မာနိုင်ငံသို့ရောက်ရှိပြီး ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့်စာနယ်ဇင်း လုပ်ငန်းအောက်ရှိ The Global New Light of Myanmar သတင်းစာနှင့် Sputnik Information Agency တို့အကြား သတင်းအချက်အလက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း သဘောတူစာချုပ်ကို စက်တင်ဘာ ၅ ရက်တွင် နေပြည်တော်၌ ချုပ်ဆိုခဲ့ပါသည်။ မြန်မာနိုင်ငံ၌ မစ္စတာဗာဆီလီပုရှ်ကော့ဗ် ရောက်ရှိနေစဉ်အတွင်း သူနှင့်တွေ့ဆုံကာ သူ့ခရီးစဉ်အကြောင်း၊ မီဒီယာအကြောင်း၊ မြန်မာ - ရုရှား ဆက်ဆံရေးအကြောင်းနှင့် မြန်မာနိုင်ငံအပေါ် သူ၏အမြင်များကို မေးမြန်းခဲ့ပါသည်။ သူနှင့်အင်တာဗျူးအမေးအဖြေ အပြည့်အစုံကို ဖော်ပြလိုက်ပါသည်။
Sep 12, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ကျိုက်မရောမြို့ ဘုရားကြီးကျောင်းတိုက်သို့ ရောက်ရှိပြီး ကျောင်းတိုက် ပဓာနနာယကဆရာတော် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် သဒ္ဓမ္မဇောတိက ဓအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တဝါရိန္ဒအရှင်သူမြတ်အား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ သာသနာရေးဆိုင်ရာများ လျှောက်ထားရာ ဆရာတော်ကြီးက သြဝါဒကထာမြွက်ကြားသည်။
