နေပြည်တော် ဇန်နဝါရီ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်ရှိ ဒိုးပင်၊ ကြူးတောင်ခြေနှင့် ဝဲကြီးကျေးရွာတို့အား ဇန်နဝါရီလ ၃ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာ RFA မှ သတင်းအမှား ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
မြေပြင်သိရှိရသော သတင်းများအရ အဆိုပါနေ့တွင် တပ်မတော်မှ ထီးချိုင့်မြို့နယ်တွင်းသို့ လေကြောင်းပျံသန်းမှုမရှိခဲ့ကြောင်း သိရှိရပြီး အကြမ်းဖက်သမားများဘက်မှ မိမိ လုံခြုံရေးတပ်ဖွဲ့တည်ရှိရာနေရာများသို့ Drone များ အသုံးပြုလာရောက်တိုက်ခိုက်ခြင်းကြောင့် ဒေသခံကျေးရွာများအတွင်း ကျရောက်ပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး ဒေသခံအပြစ်မဲ့ပြည်သူများ သေဆုံး၊ ဒဏ်ရာရခြင်းများ ဖြစ်ခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက်အားပေးပြည်ဖျက်မီဒီယာများသည် ပျံ့နှံ့မှုအားကောင်းသည့် သတင်းတုများကို စိတ်ကြိုက်ရေးသားဖြန့်ဝေကာ ပြည်သူလူထုကို သတင်းအဆိပ်ခတ် ဝါဒဖြန့်လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။