နေပြည်တော် ဇန်နဝါရီ ၄
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ကညွတ်ကွင်းမြို့၏တောင်ဘက် မီတာ ၃၀၀၀ ခန့်အကွာ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ ကွင်းချောင်းတံတားအား ယနေ့နံနက်ပိုင်းတွင် KNLA အဖွဲ့မှ အကြမ်းဖက်မှုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည်။
အဆိုပါ မိုင်းခွဲဖျက်ဆီးမှုကြောင့် ဒေသခံပြည်သူများ အားထားအသုံးပြုလျက်ရှိသည့် အရှည်ပေ ၃၀၀၊ အကျယ်ပေ ၅၀ ရှိ ကွင်းချောင်း သံကူကွန်ကရစ်တံတား ကညွတ်ကွင်းဘက်ခြမ်း၌ အရှည်ပေ ၆၀ ခန့် ပြိုကျပျက်စီးခဲ့ရပြီး လက်ရှိတွင် မော်တော်ယာဉ်များ သွားလာ၍မရကြောင်းနှင့် လူထိခိုက် ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
အဆိုပါ တံတားပျက်စီးမှုအား သက်ဆိုင်ရာ လမ်း/တံတားဦးစီးဌာနမှ တာဝန်ရှိသူများက အမြန်ဆုံးပြင်ဆင်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter-Terrorism Operation)ကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်