နေပြည်တော် ဖေဖော်ဝါရီ ၂၉
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၂၇ ရက် ညနေ ၆ နာရီခွဲတွင် တာမွေမြို့နယ် တာမွေလေးရပ်ကွက် လေးဒေါင့်ကန်လမ်းပေါ်တွင် သတင်းအရ ငြိမ်းချမ်း မောင်းနှင်ပြီး ဇော်လှိုင်ဦး (ခ) အာကာနှင့် နေဇော်ဦးတို့လိုက်ပါလာသော Mitsubishi အမျိုးအစားယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၇၈၀၀၀ ကိုလည်းကောင်း။
ထို့ပြင် ဖေဖော်ဝါရီ ၂၈ ရက် ညနေ ၃ နာရီတွင် ပူးပေါင်းအဖွဲ့သည် မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာအုပ်စု ပတ္တမြားရပ်ကွက် မြအေးချမ်းလမ်းရှိ သက်ရွှေဦး (ခ) ကိုသက်၏ နေအိမ်ကို သတင်းအရရှာဖွေရာ အိပ်ခန်း အတွင်းရှိ အိပ်ရာခေါင်းရင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ ညနေ ၆ နာရီ ၁၅ မိနစ်တွင် ပူးပေါင်းအဖွဲ့သည် တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက် အဝေရာမီးပုံးပျံကွင်းမုခ်ဦးအနီးတွင် မသင်္ကာဖွယ်တွေ့ရှိသူ မမာလာဝင်း (ခ) မာလာအား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူထားကြောင်း သိရသည်။
သတင်းစဉ်