Skip to main content

Feb 29, 2024

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 29, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်လျက်ရှိပြီး ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများကိုလည်း လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများဖြင့် ဝင်ရောက်လာသူများကို ဆုကြေးငွေများ သီးသန့်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပြီးဖြစ်ရာ ယနေ့တွင်လည်း ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်သူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခြင်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ ခန္တီးမြို့၊ ဖောင်းပြင်မြို့၊ ကလေးမြို့၊ မုံရွာမြို့နှင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့တို့ရှိ နယ်မြေခံတပ်နယ်ခန်းမများ၌ အသီးသီးပြုလုပ်ရာ သက်ဆိုင်ရာတပ်နယ်များမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း အလင်းဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 29, 2024

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Myanmar Great Motor Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Aiqar eQ3 အမျိုးအစား လျှပ်စစ်သုံးယာဉ်များ၊

ဆက်လက်ဖတ်ရှုရန်

Feb 29, 2024

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် Website မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 29, 2024

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်သူများက စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ပွဲကို ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၉ နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 29, 2024

ရှရှားဖက်ဒရေးရှင်းနိုင်ငံ ကာဇန်မြို့၌ ကျင်းပလျက်ရှိသော Games of the Future 2024 နိုင်ငံတကာ ဂိမ်းပေါင်းစုံပြိုင်ပွဲ၏ မိုဘိုင်းလက်ဂျန့်စ် ဘန်းဘန်း (Mobile Legends Bang Bang - MLBB) ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု Burmese Ghouls အသင်းသည် ကွာတားဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 29, 2024

သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးကို ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (Community Monitoring and Reporting System - CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၅ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း ၅၃ ဒသမ ၆၂၈၂ တန်၊ သစ်မာ ၂၄ ဒသမ ၃၁၃၀ တန်၊ အခြား ၂၄၄ ဒသမ ၁၇၉၈ တန်၊ စုစုပေါင်း ၃၂၂ ဒသမ ၁၂၁၀ တန်၊ ယာဉ်/ ယန္တရား ၁၀ စီး၊ တရားခံ ၂၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 29, 2024

ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ထပ်ဆင့်ထောက်ခံချက်များ လျှောက်ထားလိုပါက တစ်ပတ်နှစ်ရက် သတ်မှတ်ထားကာ လူကိုယ်တိုင် လာရောက်လျှောက်ထားရမည်ဖြစ်ကြောင်း သံရုံးက ဖေဖော်ဝါရီ ၂၇ ရက်တွင် အသိပေးထားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 29, 2024

ပြည်မြို့နယ်နှင့် မင်းလှမြို့နယ်တို့တွင် ငွေကျပ် ၃ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၆ ဒသမ ၅ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 29, 2024

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကုသရေးဦးစီးဌာနမှ ဦးဆောင်၍ ပျဉ်းမနားပြည်သူ့ဆေးရုံကြီး ခုတင် (၂၀၀) နှင့် တပ်ကုန်းမြို့ပြည်သူ့ဆေးရုံ ခုတင် (၁၀၀) တို့မှ အထူးကုဆရာဝန်များ ပါဝင်သောအဖွဲ့က နေပြည်တော်ဥတ္တရသီရိမြို့နယ် ရွှေနံ့သာရပ်ကွက် မင်းကုန်းကျေးရွာအုပ်စု၊ မောင်းရမ်းကျေးရွာအုပ်စုနှင့် ဇလောင်းကျေးရွာ အုပ်စုများအတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ဇလောင်းကျေးရွာအုပ်စု ရာဇဓာနီသာမဏေကျော် ကျောင်းတိုက်၌ အခမဲ့ဆေးကုသပေးပြီး ကျန်းမာရေးစောင့်ရှောက်ပေးနေမှုနှင့် ဥတ္တရသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများမှ သံဃာတော်များနှင့် သီလရှင်များကို Mobile Team အဖွဲ့များက အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေးတတိယအကြိမ် ပြည့်ထိုးနှံပေးနေမှုများကို ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 29, 2024

EV Battery စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲ မှုမူဝါဒ (မူကြမ်း) ရေးဆွဲခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) ကို ယမန်နေ့ နံနက်ပိုင်းတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 29, 2024

(၇၉) နှစ်မြောက် တပ်မတော်နေ့ကျင်းပရေးဦးစီးကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 29, 2024

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးဖြစ်သူ Mr. Marcoluigi Corsi အား ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Feb 29, 2024

မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီ တွင် အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 29, 2024

ရေနံနှင့်သဘာဝဓာတ်ငွေ့ စီမံကိန်းများ တိုးမြှင့်အကောင် အထည်ဖော်နိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းအောက်မြန်မာပြည်ရုံးခွဲ (စိမ်းလဲ့မေ)၌ ကျင်းပရာ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် တက်ရောက်အမှာ စကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 29, 2024

စစ်အုပ်ချုပ်ရေး(Martial Law)အမိန့်အမှတ် ၂ / ၂၀၂၄ ထုတ်ပြန်ကြေညာ

ဆက်လက်ဖတ်ရှုရန်

Feb 29, 2024

မြန်မာနိုင်ငံကြက်ခြေနီအသင်း (၈၆)ကြိမ် မြောက် ကြက်ခြေနီဗဟိုကောင်စီအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဌာနချုပ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 29, 2024

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ပြင်စာစံပြကျေးရွာ ပြင်စာမစိုးရိမ်တိုက်သစ်ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့တွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေခံ ဆေးကုသရေးအဖွဲ့က အဆိုပါကျောင်းတိုက်ရှိ ပဋိပတ္တိပါလကျောင်းဆောင်၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 29, 2024

ဆီထွက်သီးနှံစိုက်ပျိုးသည်မှ ဝယ်ယူသိုလှောင်သည်အထိ တောင်သူ၊ ကုန်သည်နှင့် လုပ်ငန်းရှင်များ လိုက်နာရမည့် အချက်အလက်များ လက်စွဲစာအုပ်ပေးအပ်ပွဲ၊ သုတေသနစာတမ်းဖတ်ပွဲနှင့် ပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ (၂) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 29, 2024

အောင်ဇမ္ဗူတောရဓမ္မရိပ်သာ ဆရာတော်အဂ္ဂမဟာသဒ္ဓမ္မဇောတိ ကဓဇ ဘဒ္ဒန္တပဏ္ဍဝံသ ဦးဆောင်သော အောင်ဇမ္ဗူသာသနာပြုအဖွဲ့သည် မြန်မာနိုင်ငံ  ငြိမ်းချမ်းသာယာဝပြောစေရန် ရည်ရွယ်၍ ယနေ့ ညနေပိုင်းတွင် ပြည်ထောင်စုနယ်မြေနေပြည်တော် ဒက္ခိဏ သီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထု ကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး အားလာရောက်ဖူးမြော် ကြည်ညိုကြပြီးဗုဒ္ဓါဘိသေက အနေကဇာတင်လှူ ပူဇော်ခြင်း၊ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ဆုတောင်း မေတ္တာပို့သခြင်းများဆောင်ရွက် ကြသည်။

ဆက်လက်ဖတ်ရှုရန်