Skip to main content

ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်နှင့် ဦးအေးထွန်း မြန်မာပြည်အလယ်ဗဟိုချက် အနောက်ပြက္ခရွေတောင်ရှိ အနော်ရထာမင်းကြီး တည်ထားခဲ့သော ပဉ္စမစွယ်တော်ရှင်စေတီတော် ပြန်လည်ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများပြီးစီးမှု ဖူးမြော်၍ ကြည့်ရှုစစ်ဆေး

နေပြည်တော် သြဂုတ် ၅

နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်နှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးအေးထွန်းတို့သည် ယနေ့နံနက်ပိုင်းက ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ကူမဲမြို့အရှေ့တောင်ဘက် ကိုးမိုင်ခန့်အကွာ မြသုခကျေးရွာအနီး မြန်မာပြည်အလယ်ဗဟိုချက် အနောက်ပြက္ခရွေတောင်ရှိ အနော်ရထာမင်းကြီးတည်ထားခဲ့သော ပဉ္စမစွယ်တော်ရှင် စေတီတော်ပြန်လည်ပြုပြင်မွမ်းမံခြင်း လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုကို သွားရောက်ဖူးမြော်၍ ကြည့်ရှု စစ်ဆေးသည်။

စေတီတော် ပြန်လည်ပြုပြင် မွမ်းမံခြင်းလုပ်ငန်းများကို မိတ္ထီလာမြို့ နိုင်ငံတော်သြဝါဒါစရိယ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တလာဘာဝသရေလည် ဆရာတော်ဘုရားကြီးနှင့် နေပြည် တော် ပျဉ်းမနားမြို့ မင်္ဂလာဇေယျုံ ပါဠိကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တတိမလဗုဒ္ဓိတို့လိုက်ပါ၍ သာသနာရေးဆိုင်ရာ လုပ်ငန်းဆောင်တာများ ဆောင်ရွက်တော်မူကြရာ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ဆရာတော်သံဃာတော်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။

ဆက်လက်၍ မြစ်သားမြို့နယ် မြသုခကျေးရွာအနီး အနောက်ပြက္ခရွေတောင်ပေါ်ရှိ ပဉ္စမစွယ်တော်ရှင်စေတီတော်သို့ ဖောက်လုပ်ထားရှိသည့် တောင်တက်မြေသားလမ်းလေးမိုင် ပြီးစီးမှုနှင့် ရာသီမရွေးသွားလာနိုင်သည့် အမာခံလမ်းအဖြစ် ဆက်လက်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် ပျော်ဘွယ်မြို့ဝေဘူလသာယာကုန်းကျောင်းတိုက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တတိဿကုမာရ ဆရာတော်ဘုရားကြီးထံ သွားရောက်ဖူးမြော်ကြည်ညိုပြီးလှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကာ သာသနာရေးဆိုင်ရာ ကိစ္စရပ်များကို လျှောက်ထားခဲ့ကြောင်း သိရသည်။  

သတင်းစဉ်