Skip to main content

Mar 21, 2024

ပြည်ပသင်တန်းတက်ရောက်ခဲ့မှု အတွေ့အကြုံများရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 21, 2024

မြန်မာနိုင်ငံတွင် မိုခါမုန်တိုင်းဒဏ်ကြောင့်ပျက်စီးခဲ့သည့် ကျောင်းတိုက်များနှင့် သာသနိကအဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်းရှီးကျွမ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ကွေ့လင်မြို့ရှိ ချီးရှားကျောင်းတိုက်ဆရာတော် Ven. Qianze က လှူဒါန်းသည့် အလှူငွေများအား နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦး က သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 21, 2024

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနသို့ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံကာ သုတေသနရလဒ်များနှင့် နည်းပညာများကို ဆက်စပ်ဌာနများ၊ ပြည်သူများနှင့် လုပ်ငန်းရှင်များထံ လွှဲပြောင်းဖြန့်ဝေမှုများကို တိုးမြှင့်ဆောင်ရွက်ရန်၊ လန်ချန်း-မဲခေါင် စီမံကိန်းအပါအဝင် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုအားကောင်းရေး ဆောင်ရွက်ရန်၊ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု မဟာဗျူဟာစီမံကိန်း (၂၀၂၂-၂၀၂၇)ပါ ရည်မှန်းချက် ပန်းတိုင်များ ပြည့်မီစေရေး အတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရန် တိုက်တွန်း ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 21, 2024

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ရွှေမြိုင်သီရိရပ်ရှိ ရွှေမြိုင်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်၏ တန် ၉၀ ကျ အဆင့်မြင့် ဆန်စက်နှင့် တန် ၁၂ဝ ကျ စပါးအခြောက်ခံစက်လည်ပတ်မှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 21, 2024

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ Climate Change Center (CCC)တို့ ပူးပေါင်း၍ တောင်အာရှနှင့်အရှေ့တောင်အာရှ ဖွံ့ဖြိုးဆဲနိုင်ငံများ (မြန်မာနိုင်ငံ) စွမ်းအားမြှင့် မီးဖိုဖြန့်ဝေရေး စီမံကိန်း၏ စောင့်ကြည့်အကဲဖြတ်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 21, 2024

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ စမ်းမြို့ရပ်ကွက်တွင် မတ် ၁၈ ရက် နံနက်ပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ ဆိုက်တွဲမောင်းနှင်လာသော သားအဖနှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့သည့်သတင်းနှင့်ပတ်သက်၍ လတ်တလောကလေးမြို့ပေါ်ရှိ ရပ်ကွက်များတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူများထိခိုက်သေဆုံးမှု များပြားလာကြောင်း အထင်အမြင်လွဲမှားဖွယ် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက တစ်ဖက်သတ်စွပ်စွဲရေးသား ထားသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 21, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှဝန်ထမ်းများနှင့် တွေ့ဆုံ၍ မွန်ပြည်နယ်၏ လယ်ယာသားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 21, 2024

၂၀၂၄ ခုနှစ် မတ် ၂၇ ရက်တွင် ကျရောက်မည့်(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် စာရေးဝန်ထမ်း ၁၂၁ ဦးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)နှင့် အမှတ်(၂) တပ်မတော် ဆေးရုံကြီး (ခုတင်-၁၀၀၀) တို့၌ စုပေါင်းသွေးလှူဒါန်းကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 21, 2024

ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး စုပေါင်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 21, 2024

လူငယ်ရေးရာဦးစီးဌာနရှိ အရာထမ်း/ အမှုထမ်းများ ပြည်သူ့စစ်မှုထမ်းဥပဒေကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရှင်းလင်းပြောကြားခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာနရုံး၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 21, 2024

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် တည်ထားကိုးကွယ်လျက်ရှိသော မာရဝိဇယ ဘူမိဖဿထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်အတွင်း၌ ကျောက်စာချပ်များအဖြစ် ရေးထိုးထွင်းထု ပူဇော်ထားသည့် ပိဋကသုံးပုံ ပါဠိတော်များကို မြန်မာ/ရိုမန် အက္ခရာ နှစ်မျိုးဖြင့် စိစစ်တည်းဖြတ်ခဲ့ကြသော “နာယကအဖွဲ့ဆရာတော်ကြီးများ” နှင့် “စိစစ်တည်းဖြတ်ရေး လုပ်ငန်းကော်မတီမှ ဆရာတော်ကြီးများ” အား ပိဋကသုံးပုံ ပါဠိတော်ကျမ်းစာအုပ်များနှင့် Tablet များ ဆက်ကပ်လှူဒါန်းခြင်းနှင့် ပရိယတ္တိစာသင်တိုက်ကြီးများ၊ သာသနာ့တက္ကသိုလ်များနှင့် ဘုန်းတော်ကြီးကျောင်းများသို့ လှူဒါန်းမည့် ပိဋကသုံးပုံ ပါဠိတော်ကျမ်းစာအုပ်များအား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ် လှူဒါန်းခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီးမရမ်းကုန်းမြို့နယ် အပြည် ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 21, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ် လှူဒါန်းချီးမြှင့်အပ်နှင်းပွဲအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ကြွရောက် တော်မူကြမည့် ဘွဲ့ခံဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများ ယာယီတည်းခိုသီတင်း သုံးမည့် နေပြည်တော်စည်ပင်ဧည့်ရိပ်သာအား ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဆွမ်းစားဆောင်များနှင့် အိပ်ဆောင်များကို လှည့်လည်ကြည့်ရှုကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 21, 2024

၂၀၂၆ ကမ္ဘာ့ဖလား အာရှဇုန် ဒုတိယအဆင့် ခြေစစ်ပွဲအဖြစ် မြန်မာ့လက်ရွေးစင်အသင်းသည် ဆီးရီးယားလက်ရွေးစင်အသင်းနှင့် အိမ်ကွင်းကစားရမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အသင်းနှင့် ဆီးရီးယားအသင်းတို့သည် မတ် ၂၁ ရက် (ယနေ့) ညနေ ၆ နာရီတွင် သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 21, 2024

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦး၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့ရှိ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန မွန်ပြည်နယ်ညွှန်ကြားရေးမှူးရုံး၌ မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်း အဖွဲ့များနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Mar 21, 2024

ခရီးသွားလုပ်ငန်းကော်မတီ၏ (၁/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 21, 2024

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ်ရှိ သူနာပြုတက္ကသိုလ် (ရန်ကုန်) ၌ ကျင်းပသည့် ဆေးတက္ကသိုလ်များ၊ ဆေးပညာနှီးနွှယ်တက္ကသိုလ်များနှင့် သူနာပြုသားဖွားသင်တန်းကျောင်းများမှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား “တားဆီးကာကွယ်မီဒီယာအဆိပ်သင့်မှု အန္တရာယ်” နှင့် “နိုင်ငံတော်တည်ဆောက်ရေးနှင့် မီဒီယာ၏ အခန်းကဏ္ဍ” ဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 21, 2024

ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက်ကို ဒုတိယအကြိမ်ဖြည့်စွက်ပြဋ္ဌာန်းချက် ထုတ်ပြန်

ဆက်လက်ဖတ်ရှုရန်

Mar 21, 2024

မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြင်ဦးလွင်မြို့ရှိ နန္ဒာလမ်းနိုင်လွန် ကတ္တရာအဆင့်မြှင့်တင်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ရပ်ကွက်ကြီး (၆) ရှိ အဆိုပါလမ်းသစ် မင်္ဂလာမုခ်ဦးရှေ့တွင် ယနေ့နံနက်ပိုင်းက ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ပြင်ဦးလွင်တပ်နယ်မှူး ဗိုလ်မှူးချုပ် စိုးမြတ်ထွဋ်နှင့် တပ်နယ်မှအရာရှိကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ဒေသခံရပ်မိရပ်ဖများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 21, 2024

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ အစည်းအဝေး(၁/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပရာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 21, 2024

ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတရွေးကောက်ပွဲကို မတ် ၁၅ ရက်မှ ၁၇ ရက်အထိ ပြုလုပ်ခဲ့ပြီး သမ္မတလောင်း ၄ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မဲရေတွက်မှု ၁၀၀ ရာခိုင်နှုန်း ပြီးစီးချိန်တွင် Vladimir Vladimirovich Putin က ၈၇ ဒသမ ၂၈ ရာခိုင်နှုန်း၊ Nikolai Mikhailovich Kharitonov က ၄ ဒသမ ၃၁ ရာခိုင်နှုန်း၊ Vladislav Andreevich Davankov က ၃ ဒသမ ၈၅ ရာခိုင်နှုန်း၊ Leonid Eduardovich Slutsky က ၃ ဒသမ ၂၀ ရာခိုင်နှုန်း အသီးသီးရရှိခဲ့ပြီး Vladimir Vladimirovich Putin က ပြတ်သားသည့် မဲရလဒ်ဖြင့် အနိုင်ရရှိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်