Sep 10, 2025
မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး/ ပြည်နယ်ခြောက်ခုတို့တွင် ယနေ့အထိ သေဆုံးသူ ၃၈၁၇ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ငါးဦးရှိသည်။
Sep 10, 2025
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ တွေ့ဆုံပွဲကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ သံလွင်ခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် နိုင်ဇော်ဦးနှင့် တာဝန်ရှိသူများ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။
Sep 10, 2025
စက်တင်ဘာ ၄ ရက်မှ ၈ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပသော ကမ္ဘာလုံးဆိုင်ရာ တောင်ပိုင်းဒေသမီဒီယာနှင့် Think Tank အဆင့်မြင့်ဖိုရမ်သို့ တက်ရောက်ခဲ့ကြသည့် ဝန်ကြီးဌာနများ၊ ပြင်ပမီဒီယာနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်သောအဖွဲ့သည် ယမန်နေ့နှင့် ယနေ့တို့တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။
Sep 10, 2025
မန္တလေးတိုင်းဒေသကြီး ၂၀၂၅ ခုနှစ် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံး မြို့တော်ခန်းမ၌ ကျင်းပသည်။
Sep 10, 2025
ယူဂန်ဒါနိုင်ငံ ရှေ့နေချုပ် Mr. Kiryowa Kiwanuka ၏ ဖိတ်ကြားချက်အရ ယူဂန်ဒါနိုင်ငံ၊ ကမ်ပါလာမြို့၌ စက်တင်ဘာ ၇ ရက်မှ ၁၂ ရက်အထိ ကျင်းပလျက်ရှိသည့် အာရှ-အာဖရိက ဥပဒေအတိုင်ပင်ခံအဖွဲ့ (Asian-African Legal Consultative Organization-AALCO)၏ (၆၃) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်လျက်ရှိသည်။
Sep 10, 2025
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော် ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကိုလံဘီယာနိုင်ငံ ရီယိုအာချာမြို့၌ စက်တင်ဘာ ၂ ရက်မှ ၄ ရက်အထိကျင်းပခဲ့သည့် ရွှေ့ပြောင်းသွားလာမှု၊ ဖွံ့ဖြိုးတိုးတက်မှုတို့နှင့် စပ်လျဉ်းသည့် ကမ္ဘာလုံးဆိုင်ရာဖိုရမ်၏ (၁၅) ကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲ (15th Summit of the Global Forum on Migration and Development) သို့ တက်ရောက်ခဲ့သည်။
Sep 10, 2025
မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ သို့ တက်ရောက်ခဲ့သော လူငယ်ကိုယ်စားလှယ်အဖွဲ့၏ အတွေ့အကြုံစကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ရှိ မော်လမြိုင်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Sep 10, 2025
စပါးသီးနှံပန်းတိုင်အထွက်ရရှိရေးအတွက် စပါးပင်၏ အာဟာရဓာတ်လိုအပ်ချက်နှင့်အညီ ဓာတ်မြေဩဇာ စနစ်တကျထည့်သွင်းအသုံးပြုတတ်စေရန် ရည်ရွယ်၍ အရွက်အရောင်တိုင်းကတ်အသုံးပြုပြီး စပါးသီးနှံအာဟာရဓာတ်စီမံခန့်ခွဲမှု တောင်သူနည်းပညာပေးဆွေးနွေးပွဲနှင့် လက်တွေ့ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းစိုက်ကွင်း၌ ကျင်းပသည်။
Sep 10, 2025
နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) ၌ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအား ပြန်လည်ပြုပြင်နေမှုကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အပိုင်းလိုက်အမြန်ပြီးစီးအောင် ဆောင်ရွက်ရေး၊ အရည်အသွေးပြည့်မီသည့် ပစ္စည်းများကိုသာ လုပ်ငန်းခွင်တွင် အသုံးပြုရေး၊ အချိန်မီပြီးစီးရေးအတွက် လုပ်သားအင်အားတိုးမြှင့်ဆောင်ရွက်ရေးတို့ကို မှာကြားသည်။
Sep 10, 2025
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Filippo Grandi အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
Sep 10, 2025
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီ ဘုရားကြီးဓာတ်အားခွဲရုံစီမံကိန်း၏ လုပ်ငန်းတိုးတက်မှုအခြေအနေများ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
Sep 10, 2025
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Filippo Grandi အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Sep 10, 2025
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ၏အကြံပေးဖြစ်သူ ဖိုရမ်ကျင်းပရေးကော်မတီအမှုဆောင်အတွင်းရေးမှူး Mr. Anton Kobyakov ၏ ဖိတ်ကြားမှုအရ စက်တင်ဘာ ၃ ရက်မှ ၆ ရက်အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့၌ ကျင်းပသည့် (၁၀) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်ခဲ့သည်။
Sep 10, 2025
အာရပ်စော်ဘွားများ ပြည်ထောင်စုဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သံအမတ်ကြီး ဦးကျော်ကျော်မင်းသည် ၎င်း၏ခန့်အပ်လွှာကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၈ ရက်တွင် အာရပ်စော်ဘွားများ ပြည်ထောင်စု၊ အဘူဒါဘီမြို့ရှိ သမ္မတနန်းတော်၌ အာရပ်စော်ဘွားများ ပြည်ထောင်စုသမ္မတ ရှိတ်မိုဟာမက်ဘင်ဇာရိဒ် အယ်လ်နာရမ်ထံသို့ ပေးအပ်ခဲ့ပြီးဖြစ်သည်။
Sep 10, 2025
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Filippo Grandi အား ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Sep 10, 2025
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲစာရင်းမှားယွင်းမှုများနှင့် မဲမသမာမှုများကို စိစစ်တွေ့ရှိရသဖြင့် ဖြေရှင်းပေးရန် တောင်းဆိုမှုများကို ငြင်းဆန်ခဲ့ခြင်း၊ ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးခေါ်ယူပြီး ဖြေရှင်းဆောင်ရွက်ပေးရန် တောင်းဆိုချက်ကို ငြင်းပယ်ခဲ့ခြင်း၊ နိုင်ငံတော်အစိုးရ၊ ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့က နည်းလမ်းရှာဆောင်ရွက်ပေးရန် တောင်းဆိုမှုကို ငြင်းပယ်ခဲ့ခြင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးခေါ်ယူ၍ တွေ့ဆုံဆွေးနွေးပေးပါရန် နှစ်ကြိမ်တိုင်တိုင်တင်ပြခဲ့သော်လည်း ဆောင်ရွက်ပေးမှုမရှိဘဲ မေတ္တာရပ်ခံတောင်းဆိုမှုအပေါ် ငြင်းပယ်ခဲ့ပြီး ပြဿနာဖြစ်ပွားနေသည့် ရွေးကောက်ပွဲရလဒ်ဖြင့်ပင် လွှတ်တော်ခေါ်ယူရန် အဓမ္မကြိုးပမ်းခဲ့မှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ အရ နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့် ရယူရန်ကြိုးပမ်းမှုပင်ဖြစ်သည်။
Sep 10, 2025
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးဟူသော မျှော်မှန်းချက်သည် ယနေ့မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး၏ မျှော်မှန်းချက်ဖြစ်သည်။ ယင်းမျှော်မှန်းချက်သည် နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ ပြည်သူတို့သာမက နိုင်ငံတော်ကိုဆန့်ကျင်နေသူ၊ ပုန်ကန်နေသူ၊ အတိုက်အခံပြုသူတို့ကလည်း သဘောတူညီကြသည့် ဘုံမျှော်မှန်းချက်ဖြစ်သည်။ သို့ရာတွင် သူလည်းဒီမိုကရေစီ၊ ကိုယ်လည်းဒီမိုကရေစီ၊ သူလည်းဖက်ဒရယ်၊ ကိုယ်လည်းဖက်ဒရယ်ဟူ၍ တူညီနေပါလျက် လက်နက်စွဲကိုင်တိုက်ခိုက်နေကြခြင်းမှာ နားမလည်ချင်စရာကောင်းသည်။ လွတ်လပ်ရေးရပြီးကာလ မြန်မာ့နိုင်ငံရေးသမိုင်းကို သေချာစွာလေ့လာစေ့ငုလျှင်မူ ယနေ့မိမိတို့နိုင်ငံတွင် ဖြစ်ပေါ်နေသည့်အခြေအနေအရပ်ရပ်တို့အပေါ် ကောင်းစွာနားလည်နိုင်မည်ဖြစ်သည်။
Sep 09, 2025
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ပျက်ပြားစေရန်ရည်ရွယ်၍ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ လုပ်ဆောင်ခဲ့သူတစ်ဦးအား ပြစ်မှုထင်ရှားသဖြင့် တောင်ကြီးမြို့နယ်တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၇ နှစ်တိတိ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
Sep 09, 2025
နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍ ပါတီများအား ဖျက်သိမ်းခြင်း
