Skip to main content

May 24, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး (ခုတင်-၅၀၀) နှင့် တပ်မတော်ဆေးရုံကြီး ခုတင်(၁၀၀၀)အထူးကုသမှုစင်တာတို့၌ ဆေးရုံတက်ရောက် ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား သွားရောက်ကြည့်ရှုအားပေးစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 24, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ညနေပိုင်းတွင် ဇနီး ဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သက်တော်ရှည်ကျိုင်းယင်းကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တခေမာစာရအား သွားရောက်ဖူးမြော်ကြည်ညိုသည်။

ဆက်လက်ဖတ်ရှုရန်

May 24, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် ကျိုင်းတုံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တိုင်းစစ်ဌာနချုပ် ပြည်ငြိမ်းအေးခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 24, 2025

“စာအုပ်စာပေလူ့မိတ်ဆွေ” ဟူသည့်ဆိုစကားအတိုင်း စာအုပ်စာပေသည် လူတို့၏စိတ်ကို ပြုပြင်ပြောင်းလဲနိုင်စွမ်းရှိသည်နှင့်အညီ လူတို့၏စိတ်ကို နူးညံ့စေသည့် ရသစာပေများ၊ အတွေးအခေါ်ဗဟုသုတမြင့်မားစေသည့် သုတစာပေများကိုဖတ်ရှုလေ့လာပြီး မိမိတို့ဘဝ အစဉ်တိုးတက်စေရေးအတွက် အထောက်အကူပြုနေသောကြောင့် လူတို့၏မိတ်ဆွေများဟု ဆိုလေသည်။ စာပေကိုဖတ်ရှုလေ့လာခြင်းဖြင့် အကောင်းအဆိုး၊ အကြောင်းအကျိုးတို့ကို ခွဲခြားသိမြင်နိုင်စွမ်းရှိသဖြင့် စာအုပ်စာပေသည် လူတို့ကိုအကျိုးပြုသည့် ထာဝရမိတ်ဆွေဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 24, 2025

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ခြင်းဟုဆိုရာတွင် အဓိကအားဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ခြင်းကို ဆိုခြင်းဖြစ်သည်။ နိုင်ငံ၏ စီးပွားရေးအခြေအနေ မြင့်မားသည်နှင့်အမျှ ကျန်လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေး စသည်ဖြင့် ကဏ္ဍအသီးသီးတို့လည်း လိုက်ပါမြင့်မားလာကြသည်။ နိုင်ငံများ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုမတူညီခြင်း၊ အနိမ့်အမြင့်ကွာဟရခြင်း၏ အခြေခံအကြောင်းတရားများတွင် အဓိကကျသည့်အချက်မှာ နိုင်ငံသားပြည်သူတို့၏ စွမ်းဆောင်ရည်နှင့် စွမ်းဆောင်လိုစိတ်ထက်သန်မှုဖြစ်သည်ဟု သုတေသီတို့က ဆိုသည်။

ဆက်လက်ဖတ်ရှုရန်

May 23, 2025

အမျိုးသမီးစုံတွဲများကို ညစ်ညမ်းဗီဒီယိုရိုက်ကူးပြီး Live လွှင့်ကာ ရရှိသည့်အကျိုးအမြတ်များကို ခေါင်းပုံဖြတ်ရယူခဲ့ကြသူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ်နှစ် ၃၀ စီကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 23, 2025

ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ဦးဆောင်၍ လုပ်ငန်းအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေ ၄ နာရီတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 23, 2025

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ လေးထောင့်ကန် တိုက်နယ်ဆေးရုံနှင့် လေးထောင့်ကန် ကျေးလက်ကျန်းမာရေးဌာနတို့သို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 23, 2025

မန္တလေးမြို့အတွင်းရှိ အခြေခံပညာ ကျောင်းများတွင်လည်း ယနေ့နံနက်ပိုင်းမှ စတင်၍ ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်လျက်ရှိရာ တာဝန်ကျ ဆရာ ဆရာမများက ကျောင်းသား မိဘများနှင့် ကျောင်းသား ကျောင်းသူများ ကျောင်းလာရောက်အပ်နှံရာတွင် စနစ်တကျနှင့် အဆင်ပြေချောမွေ့ စေရေး၊ ကျောင်းသား စာရင်းပေးသွင်းရာတွင် စည်းကမ်းတကျ ဖြစ်စေရေးတို့အတွက် ကြီးကြပ်ဆောင်ရွက်ပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

May 23, 2025

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာကျောင်း များတွင် ယနေ့နံနက်ပိုင်းမှစတင်၍ ကျောင်းအပ်နှံရေး လုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်လျက်ရှိရာ ကျောင်းသားမိဘများနှင့် ကျောင်းသား ကျောင်းသူများအား တာဝန်ကျဆရာဆရာမများက ကျောင်းအပ်နှံရာတွင် စနစ်တကျအဆင်ပြေချောမွေ့စေရေး ဆောင်ရွက်ပေးကြသည်။

ဆက်လက်ဖတ်ရှုရန်