Jul 31, 2025
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ဒုတိယဝန်ကြီးဦးအေးထွန်းနှင့် ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲ ၂ နာရီက နေပြည်တော် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ ယာယီနေထိုင်နိုင်ရန် စီစဉ်ဆောင်ရွက်ထားသည့် Container House များတွင် ပြောင်းရွှေ့နေရာချထားမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။
Jul 31, 2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဂုဏ်ပြုတွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ရေခဲတောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
Jul 31, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေးအတွက် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရန်အတွက် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေကို ဇူလိုင်လ ၂၉ ရက်နေ့က ဥပဒေအမှတ် ၄၈/၂၀၂၅ ဖြင့် ပြဋ္ဌာန်းလိုက်သည်။
Jul 31, 2025
၁၉၈၈ ခုနှစ်တွင် မြန်မာ့နိုင်ငံရေးမှာ အချိုးအကွေ့တစ်ခုသို့ ရောက်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီးစအချိန်က နယ်ချဲ့လက်အောက်မှ လွတ်မြောက်ခါစ ကမ္ဘာ့နိုင်ငံများစွာတို့မှာ အရင်းရှင်တို့၏ ကိုလိုနီစနစ်အပေါ် နာကြည်းမှုများဖြင့် ကွန်မြူနစ်၊ ဆိုရှယ်လစ်စသော လက်ဝဲအယူအဆများအပေါ် တိမ်းညွှတ်ခဲ့ကြသည်။ ဆိုရှယ်လစ်နိုင်ငံ၊ ကွန်မြူနစ်နိုင်ငံများ ထူထောင်ခဲ့ကြသည်။ လွတ်လပ်ပြီးစ မြန်မာနိုင်ငံသည် ဆိုရှယ်လစ်နိုင်ငံအဖြစ် မျှော်မှန်းခဲ့သော်လည်း သမိုင်းရေးအခြေအနေများအရ ပါလီမန်စနစ်ကို ကျင့်သုံးခဲ့ရပြီး ၁၉၆၂ ခုနှစ်တွင်မှ ဆိုရှယ်လစ်စနစ်ကို စတင်နိုင်သည်။
Jul 30, 2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၌ အကြမ်းဖက်သောင်းကျန်းသူများကြောင့် အခြေခံပညာကျောင်းများအား တစ်နှစ်နီးပါးပိတ်ထားခဲ့ရပြီး ဇူလိုင်လ ၂၅ ရက်နေ့မှစ၍ အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူများအား စာပေပညာရပ်များကို သင်ကြားပေးလျက်ရှိသည့်အပြင် ကျောင်းအပ်လက်ခံခြင်းကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
Jul 30, 2025
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် အင်အား ရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ မန္တလေးငလျင်ကြီးအပါအဝင် မြန်မာနိုင်ငံအတွင်းလှုပ်ခတ်ခဲ့သည့် မြေငလျင်သတင်းများ သိရှိနိုင်စေရန်၊ ငလျင်လှုပ်ခတ်စဉ်အတွင်း ကိုယ်တိုင်ကြုံတွေ့ ခံစားခဲ့ရသည့်ဖြစ်စဉ်များအား မျှဝေပေးနိုင်ရန်၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများနှင့်စပ်လျဉ်း၍ အလှူရှင်များက လှူဒါန်းလာနိုင်စေရန်၊ ပျက်စီးဆုံးရှုံးမှုများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် အလှူငွေများ ထိရောက်စွာ လှူဒါန်းနိုင်ရန်တို့အတွက် www.myanmarearthquake.gov.mm ဝက်ဘ်ဆိုက်အား လွှင့်တင်ထားသည်။
Jul 30, 2025
ဝါးစိုက်ပျိုးပြုစုစီမံအုပ်ချုပ်ခြင်း၊ မျှစ်ထုတ်လုပ်ခြင်းနှင့် ဝါးလက်မှုကဏ္ဍ နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယ ဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆက်စပ်ဌာနနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဝါးလက်မှုပညာရှင်များနှင့် လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
Jul 30, 2025
၂၀၂၅ -၂၀၂၈ ခုနှစ် ကာလအတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် အိန္ဒိယသမ္မတနိုင်ငံတို့အကြား သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်- Programme of Cooperation (POC) in Science and Technology လက်မှတ်ရေးထိုးပွဲကို ယနေ့နံနက်ပိုင်းတွင် ရုံးအမှတ် (၂၁) သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 30, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့က လွိုင်ကော်မြို့တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ နေထိုင်လျက်ရှိသည့် ပြည်သူများအား ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက် အခြေခံစားသောက်ကုန်များ ပေးအပ်ပွဲသို့ တက်ရောက်ကြသည်။
Jul 30, 2025
တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို အစဉ်တစိုက် အလေးထားဆောင်ရွက်လျက်ရှိသည်နှင့်အညီ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter Terrorism Operation) များတွင် အောင်မြင်မှုများရရှိကာ အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားသည့် နယ်မြေများအား အပြီးတိုင်ပြန်လည်ထိန်းချုပ်နိုင်ခဲ့မှုများအပေါ် ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် ဝမ်းသာအားရကြိုဆိုထောက်ခံလျက်ရှိကြပြီး စိတ်အားထက်သန်စွာ အားပေးထောက်ခံမှုများ၊ ယုံကြည်အားကိုးမှုများဖြင့် တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်လာခဲ့ခြင်းများကြောင့် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ဝင်များ အနေဖြင့်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် နားလည်သဘောပေါက်လာကြကာ နီးစပ်ရာနယ်မြေခံတပ်စခန်းများနှင့် လုံခြုံရေးရဲကင်းများတွင် လာရောက်သတင်းပို့ပြီး ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လျက်ရှိကြသည်။
Jul 30, 2025
လက်နက်ကိုင်အစွန်းရောက်အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံတော်အတွင်း တိုင်းဒေသကြီး/ပြည်နယ်အချို့တွင် အကြမ်းဖက်အဖျက်အမှောင့်လုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသည့်အပြင် အပြစ်မဲ့အရပ်သားပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လက်နက်အားကိုးဖြင့် ဓားပြတိုက်လုယက်ခြင်း၊ ပြန်ပေးဆွဲခြိမ်းခြောက်ငွေတောင်းခံခြင်းများစသည့် အကြမ်းဖက်မှုလုပ်ရပ်များကိုပါ ကျူးလွန်လုပ်ဆောင်လျက်ရှိသည်။
Jul 30, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့တွင် ယမန်နေ့က လွိုင်ကော်မြို့တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေထိုင်လျက်ရှိသည့် ပြည်သူများအား ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက် အခြေခံစားသောက်ကုန် များပေးအပ်ပွဲသို့ တက်ရောက်ကြသည်။
Jul 30, 2025
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Ms. Noriko Takagi အား ယနေ့မွန်းလွဲ ၂ နာရီတွင်လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီးအား ညနေ ၄ နာရီတွင်လည်းကောင်း နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ သီးခြားစီလက်ခံတွေ့ဆုံသည်။
Jul 30, 2025
“ငလျင်ကာလအလွန် တည်ဆောက်ပြုပြင်ရေးလုပ်ငန်းများအတွက် နည်းပညာဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းနှင့် အနာဂတ်တွင် ကြုံတွေ့လာနိုင်သည့် နည်းပညာဆိုင်ရာ စိန်ခေါ်မှုများအတွက် ကြိုတင်ပြင်ဆင်ခြင်း” နည်းပညာဆိုင်ရာဆွေးနွေးပွဲ (Post Earthquake Techni-cal Forum) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မင်္ဂလာသီရိဟိုတယ်၌ ဆက်လက်ကျင်းပသည်။
Jul 30, 2025
ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့၌ အကြမ်းဖက်သောင်းကျန်းသူများကြောင့် အခြေခံပညာကျောင်းများအား တစ်နှစ်နီးပါးပိတ်ထားခဲ့ရပြီး ဇူလိုင် ၂၅ ရက်မှစ၍ အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား ကျောင်းသူများအား စာပေပညာရပ်များကို သင်ကြားပေးလျက်ရှိသည့်အပြင် ကျောင်းအပ်လက်ခံခြင်းကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
Jul 30, 2025
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးသည် ရန်ကုန် တိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) အစည်းအဝေးခန်းမ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးသည်။
Jul 30, 2025
ပြန်ကြားရေးဝန်ကြီးဌာနရှိ ရုံးစာကြည့်တိုက်များနှင့် စာကြည့်တိုက်ကော်မတီအတွက် မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းက ရန်ကုန်တက္ကသိုလ်ဘူမိဗေဒဌာနပါမောက္ခ၊ ဌာနမှူး (ငြိမ်း)ဆရာကြီး ဒေါက်တာသိန်းရေးသားသည့် မြန်မာပြည်နှင့် ငလျင်၊ မြန်မာ့ငလျင်ဘေးလျှော့ချရေး အသိပညာစာအုပ်များ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 30, 2025
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် ကျောက်ကြီးမြို့ အနောက်ဘက်ရှိ လပတ်ကျေးရွာမှ အပြစ်မဲ့ပြည်သူများအား KNLA နှင့် PDF အမည်ခံ အကြမ်းဖက် သောင်းကျန်းသူများက လက်နက်ငယ်များ၊ တုတ်၊ ဓားများဖြင့် အကြောင်းမဲ့ပစ်ခတ် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ရာ လူမမည်ကလေးငယ်များနှင့် သက်ကြီးဘိုးဘွားများအပါအဝင် အပြစ်မဲ့ကျေးရွာသူ ကျေးရွာသား ၁၃ ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း စိတ်မကောင်းဖွယ်သတင်းကို ကြားသိခဲ့ရသည်။