Sep 12, 2025
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပရေးဦးစီးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် မင်္ဂလာသီရိဟိုတယ် Grand Ball Room ၌ ကျင်းပပြုလုပ်သည်။
Sep 12, 2025
နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းသာယာဝပြောရေး၊ လူအများစု အထူးသဖြင့် အခြေခံပြည်သူများ၏ လူမှုဘဝအဆင့်အတန်း တိုးတက်ကောင်းမွန်ရေးအတွက် ကောင်းမွန်သည့် အုပ်ချုပ်မှုစနစ်ဖြင့် အစိုးရယန္တရားကို လည်ပတ်ဆောင်ရွက်နိုင်သောအစိုးရသည် ပြည်သူလူထုအတွက် အစိုးရကောင်းတစ်ရပ်ဟု ခေါ်ဆိုရပေမည်။ မြန်မာနိုင်ငံတွင် ကောင်းမွန်သည့် အုပ်ချုပ်ရေးစနစ်ဖြင့် ပြည်သူလူထုအကျိုးကို အဖြစ်နိုင်ဆုံး အကောင်းဆုံး ဆောင်ရွက်ပေးနေသည်ကို တွေ့ရသည်။
Sep 12, 2025
နှစ်စဉ်စက်တင်ဘာလ၏ ဒုတိယစနေနေ့သည် “ကမ္ဘာ့ရှေးဦး ပြုစုခြင်းနေ့” ဖြစ်သည်။ ဤနေ့သည် ကမ္ဘာတစ်ဝန်းလုံးတွင် ရှေးဦးပြုစုခြင်းဆိုင်ရာ အသိပညာများမြှင့်တင်ရန်၊ ရပ်ရွာ အသိုက်အဝန်းများတွင် ကြိုတင်ပြင်ဆင်မှုများ အားကောင်းလာစေရန်နှင့် နေရာတိုင်းတွင် မရှိမဖြစ်လိုအပ်သော အသက်ကယ်မှုဆိုင်ရာ ကျွမ်းကျင်မှုများကို သင်ယူကြရန်အတွက် တွန်းအားပေးသည့် အခါသမယလည်းဖြစ်သည်။ ယခုနှစ်ကျင်းပမည့် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့သည် ကမ္ဘာတစ်ခွင်ပြောင်းလဲလာ သည့် ရာသီဥတုနှင့် ရှေးဦးသူနာပြုစုခြင်းတို့ကြား ဆက်နွှယ်မှုအပေါ် အထူးအလေးပေးဆောင်ရွက်သွားမည်ဖြစ်ရာ ယခုနှစ်၏ ဆောင်ပုဒ်ကို “ဥတုဖောက်ပြန် သဘာဝဘေးရန် ရှေးဦးပြုစုခြင်းဖြင့် တို့တုံ့ပြန်” (First Aid and Climate Change) ဟု ချမှတ်ထားသည်။
Sep 11, 2025
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန် သတင်းအရ ပျော်ဘွယ်မြို့နယ်၊ တောင်ဂွကျေးရွာအနီးတွင် သာစည်မြို့နယ်မှ ပျော်ဘွယ်မြို့နယ်ဘက်သို့ ဖဝေး မောင်းနှင်ပြီး မျိုးမြင့်ဟန် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား စစ်ဆေးရှာဖွေရာ ၎င်းတို့ ၂ ဦး သယ်ဆောင်လာသည့် အက်တက်စီဆေးပြား ၁၁,၂၀၀ ပြား (တန်ဖိုးငွေကျပ်သိန်း ၆,၇၂၀)၊ Happy Water ၈ ကီလို (တန်ဖိုးငွေ ကျပ်သိန်း ၉,၆၀၀) နှင့် ကက်တမင်း ၀ ဒသမ ၀၉ ကီလို (တန်ဖိုးငွေကျပ် ၂၇ သိန်း)၊ စုစုပေါင်း ၎င်းဒေသတန်ဖိုးငွေကျပ် ၁ ဒသမ ၆၃၄၇ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း၊
Sep 11, 2025
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ်တိုက်ဖျက်လျက်ရှိပြီး အဆိုပါလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျ လွှဲပြောင်းပေးလျက်ရှိသည်။
Sep 11, 2025
အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပမည့် (၂၂) ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး (22nd ASEAN Air Chiefs Conference - 22nd AACC) သို့ တက်ရောက်ရန်အတွက် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၆ ရက်တွင် လေကြောင်းခရီးဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့သို့ ရောက်ရှိနေသည့် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၇ ရက်၊ ညနေပိုင်းတွင် လာအိုလေတပ်ဦးစီးချုပ် Major General Khamlek Sengphachanhi ဘရူနိုင်းလေတပ်ဦးစီးချုပ် Brigadier General (U) Haji Haszahaidi bin Haji Ahmad Daud နှင့် အင်ဒိုနီးရှားလေတပ်ဦးစီးချုပ် Air Chief Marshal Mohamad Tonny Harjono တို့နှင့် သီးခြားစီတွေ့ဆုံ၍ နှစ်နိုင်ငံ လေတပ်များအကြား ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။
Sep 11, 2025
သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းနိုင်စေရန်နှင့် ရာသီဥတုကို အထောက်အကူဖြစ်စေရန်၊ အရိပ်အာဝါသရရှိစေရန်၊ နိုင်ငံ့စီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် တိုင်းစစ်ဌာနချုပ်အသီးသီးတို့တွင် ၂၀၁၁ ခုနှစ်မှစ၍ နှစ်စဉ် မိုးရာသီ တစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပပြုလုပ်လျက်ရှိသည်။
Sep 11, 2025
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ကြီးရုံး(ယဉ်ကျေးမှု)မှ ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးလှိုင်ဝင်းမောင်ကို သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်း ခန့်ထားလိုက်သည်။
Sep 11, 2025
ထိုင်းနိုင်ငံဗန်ကောက်မြို့၌ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၆ ရက်မှ ၇ ရက်အထိကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ် အာရှကျောင်းများဖိတ်ခေါ် (တာတို)ရေကူးပြိုင်ပွဲ Asian Open Schools Invitational(Short Course) Swimming Championships 2025 တွင် မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ် Sakura Swimming Club မှ ရေကူးကစားသမားများက ရွှေတံဆိပ်လေးခု၊ ငွေတံဆိပ်နှစ်ခုနှင့် ကြေးတံဆိပ်ရှစ်ခု စုစုပေါင်းဆုတံဆိပ် ၁၄ ခုရရှိခဲ့ကြောင်းသိရသည်။
Sep 11, 2025
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Sep 11, 2025
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးသို့သွားရောက်ပြီး လမ်းနယ်ပြင်ပတွင် ကြိုးဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောများနှင့် မြေကွက်လပ်၊ မြေလွတ်/ မြေရိုင်းနေရာများတွင် ငါးဧက၊ ၁၀ ဧကခန့်ရှိ သစ်တောငယ်များ တည်ထောင်နိုင်ရေး အတွက် လျာထားသတ်မှတ်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
Sep 11, 2025
အဆင့်မြင့်အရာထမ်းသင်တန်း အမှတ်စဉ်(၂၇)၏ သင်တန်းဆင်းပွဲကို နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၌ ယနေ့ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းဦး၊ အဖွဲ့ဝင်ဦးစိုးတင့်၊ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
Sep 11, 2025
စာရေးဝန်ထမ်း ကြီးကြပ်သင်တန်းအမှတ်စဉ် (၉၈) ၏ သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)ရှိ အုန်းတောခန်းမ၌ကျင်းပရာ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်)ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပါမောက္ခ(ပညာဌာနမှူး) များ၊ ဆရာ ဆရာမများ၊ ဝန်ကြီးဌာနများနှင့်အဖွဲ့အစည်းများမှ သင်တန်းသား သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Sep 11, 2025
ရန်ကုန်မြို့ရှိ အစိုးရစက်မှု လက်မှုသိပ္ပံ (အင်းစိန်)တွင် ပုဂ္ဂလိက EV အဖွဲ့အစည်းများမှ စက်ပြင်ဆရာများအတွက် EV Mechanics သင်တန်း (၂/၂၀၂၅) ဖွင့်ပွဲကို စက်တင်ဘာ ၈ ရက်နံနက်ပိုင်းကကျင်းပရာ လျှပ်စစ်သုံး ယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ဗွီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ပြီး နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ သင်တန်း ဆရာများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။
Sep 11, 2025
ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်း အမှတ် ၃၂၇ တွင် တည်ရှိသည့် ဝဇီရာရုပ်ရှင်ရုံသည် ၁၉၂၃ ခုနှစ်ခန့်က တည်ဆောက်ခဲ့သည့် ရှေးဟောင်းရုပ်ရှင်ရုံဖြစ်ပြီး ၁၆ ရာစုမှ ၁၈ ရာစုအတွင်းရှိ ဗိသုကာအသွင်အပြင်များ ပေါင်းစပ်ထားသည့် Beaux Arts ဗိသုကာလက်ရာပုံစံများ၊ ရုပ်လုံးကြွများဖြင့် တန်ဆာဆင်တည်ဆောက်ထားသဖြင့် မြန်မာ့ရုပ်ရှင်သမိုင်းအတွက် ဂုဏ်ယူထိန်းသိမ်းထားရမည့် အဆောက်အအုံကြီးတစ်ခုဖြစ်ပါသည်။ ဝဇီရာရုပ်ရှင်ရုံကြီးသည် ရုပ်ရှင်၊ သဘင်၊ ဂီတအနုပညာရှင်များက ရုပ်ရှင်ဇာတ်ကားများ၊ ပြဇာတ်များအား ပြည်သူများ အပန်းဖြေပျော်ရွှင်စေရန် တင်ဆက်ပြသခဲ့သည့် ရုပ်ရှင်ရုံကြီးဖြစ်သည့်အတွက် အနုပညာစိတ်ဝိညာဉ်များ ဆုံစည်းရာနေရာတစ်ခုလည်းဖြစ်ပါသည်။
Sep 11, 2025
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ကလှုပ်ခတ်ခဲ့သည့် အင်အားရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိမန္တလေးငလျင်ကြီးအပါအဝင် မြန်မာနိုင်ငံအတွင်းလှုပ်ခတ်ခဲ့သည့် မြေငလျင်သတင်းများသိရှိနိုင်စေရန်၊ ငလျင်လှုပ်ခတ်စဉ်အတွင်း ကိုယ်တိုင်ကြုံတွေ့ခံစားခဲ့ရသည့် ဖြစ်စဉ်များအား မျှဝေပေးနိုင်ရန်၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများနှင့်စပ်လျဉ်း၍ အလှူရှင်များမှ လှူဒါန်းလာနိုင်စေရန်၊ ပျက်စီးဆုံးရှုံးမှုများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် အလှူငွေများထိရောက်စွာ လှူဒါန်းနိုင်ရန်တို့အတွက် www.myanmarearthquake.gov.mm ဝက်ဘ်ဆိုက်အား လွှင့်တင်ထားသည်။
Sep 11, 2025
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
Sep 11, 2025
ဆီဆိုင်မြို့၊ အောင်မြေသာစံမြို့နှင့် ပြည်ကြီးတံခွန် မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။
Sep 11, 2025
၁။ ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးဥပဒ်အန္တရာယ်ကင်းရှင်းကာ အကျိုးအာနိသင်ရှိသော တိုင်းရင်းဆေးဝါးများကို အများပြည်သူတို့ သုံးစွဲနိုင်ရန် စဉ်ဆက်မပြတ် စနစ်တကျစစ်ဆေးလျက်ရှိပါသည်။
