Skip to main content

တွန်းဇံမြို့၌ ပြန်လည်ဝင်ရောက်လာသည့် နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များအား ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ ထောက်ပံ့ပေးအပ်

တွန်းဇံ ဇူလိုင် ၂၁

ချင်းပြည်နယ် တွန်းဇံမြို့၌ ပြန်လည်ဝင်ရောက်လာသည့် နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များအား အခြေခံစားကုန်များဖြစ်သော ဆန်၊ ဆီ၊ ဆား၊ ကုလားပဲထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ယင်းသို့ အခြေခံစားကုန်များ ထောက်ပံ့ပေးအပ်ရာ၌ နိုင်ငံ့ဝန်ထမ်း ၆၄၀ အတွက် ဆန်အိတ် ၂၀၀၊ စားအုန်းဆီပိဿာ ၆၄၀၊ မိသားစုဝင်များနှင့် ပြည်သူများအတွက် ကုလားပဲပိဿာ ၁၅၂၀ နှင့် ဆားထုပ် ၁၅၂၀ ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)