Oct 25, 2024
မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်၌ အင်းဝဘဏ်လီမိတက်၏ စိန်ရတုဘဏ်ခွဲဖြစ်သော ဘဏ်ခွဲ (၇၅) ဘဏ်မြောက်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဘဏ်ခွဲပရဝဏ်၌ ကျင်းပပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မန္တလေးမြို့တော်ဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းနှင့် အင်းဝဘဏ်လီမိတက်မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
Oct 25, 2024
ရန်ကုန်တိုင်းဒေသကြီးအတွင်း သမဝါယမအရောင်းဆိုင်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်၍ စဉ်ဆက်မပြတ်လုပ်ငန်းများ လည်ပတ်နိုင်စေရန်နှင့် စားသုံးသူအသင်းသားပြည်သူများ အခြေခံစားကုန်များကို ဈေးနှုန်းသက်သာစွာ
Oct 25, 2024
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ခွင့်ပြုချက်ဖြင့် N.P.K Motors Co., Ltd. က တင်သွင်းလာသော တရုတ်နိုင်ငံထုတ် LEAPMOTOR T03 (STANDARD) အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် Unitrust Enterprise Group of Co., Ltd. က တင်သွင်းလာသော တရုတ်နိုင်ငံထုတ် AIQAR ICAR03 အမျိုးအစားလျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် အောက်တိုဘာ ၂၄ ရက်တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။
Oct 25, 2024
၁။ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော POSCO International Corporation (Myanmar E&P) သည် ရွှေစီမံကိန်းတွင် Shwe Project Subsea System Inspection လုပ်ငန်းများအား MV. PTSC THAI BINH ဖြင့် ဆောင်ရွက်သွားမည့် တည်နေရာကိုဖော်ပြသည့် Coordinate များဖြစ်သော Point A မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၄၁ မိနစ် ၃၅.၄၄၈ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၃၃ မိနစ် ၃၇.၆၉၂ စက္ကန့်၊ Point B မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၄၀ မိနစ် ၂၄.၃၈၄ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၃၂ မိနစ် ၁၉.၄၂၈ စက္ကန့်၊ Point C မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၃၄ မိနစ် ၃၆.၈၀၄ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၃၅ မိနစ် ၃.၄ဝ၈ စက္ကန့်နှင့် Point D မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၃၅ မိနစ် ၂၀.၂၂ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၃၆ မိနစ် ၄၄.၉၂၈ စက္ကန့်တို့အတွင်းတွင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
Oct 25, 2024
“နိုင်ငံတစ်နိုင်ငံ၏ အမျိုးသားယဉ်ကျေးမှု (National Culture)၊ အမျိုးသားရေးစိတ်ဓာတ် (National Spirit) နှင့် တန်ဖိုးထားမှုစနစ် (Value System) များသည် ဒေသတစ်ခု၏ အချုပ်အနှောင်မဲ့တိုးတက်မှု (Independent Development) အတွက် အလွန်အရေးပါသည့် အခြေခံအကြောင်းတရားများပင်ဖြစ်ကြောင်း” (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
Oct 25, 2024
အမှိုက်သရိုက်များရှုပ်ပွနေသည့် လမ်းမ၊ လမ်းသွယ်များနှင့် လူသွားစင်္ကြံပေါ် ပိတ်ဆို့ရောင်းချနေကြသည့် ဈေးသည်များ၊ စည်းကမ်းမဲ့မောင်းနှင်ပြီး ရပ်ချင်သလိုရပ်ထားသည့် ကားများ၊ သွယ်တန်းချင်သလိုသွယ်တန်းထားပြီး မြင်မကောင်းအောင်ရှုပ်ထွေးနေသည့် မီးကြိုး၊ ဖုန်းကြိုး၊ ဆက်သွယ်ရေးကြိုးများ၊ မိုးစင်စင်လင်းပြီးသည့်တိုင် မီးမပိတ်သေးသည့် ဓာတ်မီးတိုင်များ၊ အနံ့ဆိုးများထွက်ပေါ်နေပြီး ဘေးသို့လျှံကျနေသည့် အမှိုက်ပုံးများ စသည် စသည်ဖြင့် ပရမ်းပတာမြင်ကွင်းများနှင့် စည်းမဲ့ကမ်းမဲ့ လူ့အဖွဲ့အစည်းမျိုးကို မည်သူမျှနှစ်မြို့ကြမည်မဟုတ်။ သို့သော် ပြည်သူလူထုအတွင်း ပြည်သူ့တာဝန်ကို သိရှိကျေပွန်သူတို့ နည်းပါးသည့်အခါ၊ ဝန်ထမ်းများလည်း တာဝန်မကျေပွန် သည့်အခါတွင် ထိုလူ့အဖွဲ့အစည်းမျိုးမှာ အထက်တွင်ဖော်ပြခဲ့သည့် မြင်ကွင်းမျိုးကို နေ့စဉ်ရှောင်မလွတ်အောင် မြင်တွေ့နေ ကြရမည်ဖြစ်သည်။
Oct 24, 2024
မန္တလေးမြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့များနှင့်ပူးပေါင်းအဖွဲ့များက ကုန်သိုလှောင်ရုံနှင့် ဂိုဒေါင်များဝင်ဖောက်ခြင်း၊ တရားဝင်တင်သွင်းထားသော ကုန်ပစ္စည်းများကိုပါ ဖမ်းဆီးခြင်းများလုပ်ဆောင်နေသည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက ပြည်သူများ အထင်အမြင်လွဲမှားစေရန် သတင်းတု၊ သတင်းမှားများလှုံ့ဆော် ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Oct 24, 2024
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPHI NUG နှင့် ယင်းတို့၏လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Oct 24, 2024
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့ ည ၆ နာရီ ၂၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အင်းစိန်လမ်းနှင့် ဆင်ရေတွင်းလမ်းထောင့်ရှိ “မြရွှေယုံ” ရွှေဆိုင်မှ ရွှေထည်ပစ္စည်းမျိုးစုံ ၅ ပိဿာ ၂၉ ကျပ်သားခန့်နှင့် ငွေကျပ် သိန်း ၅၀ တို့အား သံသေတ္တာ ၃ လုံးဖြင့် သိမ်းဆည်းကာ ယာဉ်မောင်းတစ်ဦးတည်းမောင်းနှင်သည့် ကိုယ်ပိုင်မော်တော်ယာဉ်ဖြင့်သယ်ဆောင်စဉ် လှိုင်မြို့နယ်ရှိ ရွှေဆိုင်ပိုင်ရှင်၏ နေအိမ်ရှေ့အရောက် မော်တော်ယာဉ်တစ်စီးဖြင့် အမျိုးသား ၄ ဦးရောက်ရှိလာပြီး သေနတ်တစ်ချက်ပစ်ခတ်၍ ယာဉ်မောင်းအား ဝိုင်းဝန်းရိုက်နှက်ကာ ကားနောက်ဖုံးမှန်အားတူဖြင့်ထု၍ ရွှေထည်ပစ္စည်းနှင့် ငွေများထည့်ထားသည့် သေတ္တာ (၃) လုံး လုယူထွက်ပြေးသွားသဖြင့် ပိတောက်ချောင်းနယ်မြေရဲစခန်း (ပ) ၉၃/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ ဖြင့် အမှုရေးဖွင့်ဖော်ထုတ် ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့သည်။
Oct 24, 2024
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ သရက်ကန်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းအား ယနေ့နံနက်ပိုင်းတွင် PDF အမည်ခံအကြမ်းဖက်သမားများက Drop Bomb များဖြင့် အကြောင်းမဲ့ပစ်ချတိုက်ခိုက်မှုကြောင့် ဆရာမ ၁ ဦး၊ ကျောင်းသူ ၃ ဦးနှင့် ဒေသခံပြည်သူ ၁ ဦး ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။
Oct 24, 2024
၂၀၂၄ ခုနှစ်၊ အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ နှစ် (၆၀) ပြည့် အထိမ်းအမှတ်အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိမြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
Oct 24, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပပြုလုပ်သည့် (၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံသို့တက်ရောက်ခဲ့သည့် အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့် အာဆီယံရဲအဖွဲ့အတွင်းရေးမှူးရုံး၊ အမှုဆောင်ဒါရိုက်တာတို့ ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လာရောက်ဂါရဝပြု တွေ့ဆုံသည်။
Oct 24, 2024
စာရေးဝန်ထမ်း ကြီးကြပ် သင်တန်းအမှတ်စဉ် (၉၆) ၏ သင်တန်းဆင်းပွဲကို ယနေ့နံနက် ၈ နာရီက ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ရတနာသိင်္ဃခန်းမ၌ ကျင်းပသည်။
Oct 24, 2024
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်သည် ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) ရုံး၏ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေးဌာန ညွှန်ကြားရေးမှူး Ms. Shoko Yasuda (Arakaki) ဦးဆောင်သောအဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Oct 24, 2024
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကို၊ လာအိုနိုင်ငံ အလုပ်သမားနှင့်လူမှုဝန်ထမ်းဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. H.E. Phongxaysack INTHALATH နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဗီယင်ကျန်းမြို့ Saysetha Development Zone ရှိ Best Garment (Laos) စက်ရုံနှင့် Honor Home (Laos) Sole Limited စက်ရုံများသို့သွားရောက်၍ မြန်မာရွှေ့ပြောင်း အလုပ်သမားများကို တွေ့ဆုံအားပေးသည်။
Oct 24, 2024
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ဟောင်ကောင်လက်ရွေးစင် အမျိုးသမီးအသင်းတို့၏ ပထမခြေစမ်းပွဲကို အောက်တိုဘာ ၂၃ ရက်က ရန်ကုန် မြို့ရှိ သုဝဏ္ဏကွင်း၌ကျင်းပရာ မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းက လေးဂိုး - တစ်ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။
Oct 24, 2024
ယနေ့ညနေ ၅ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “ဒါနာ” သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံဂွမြို့၏ အနောက်ဘက်ရေမိုင် ၃၂၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ် ဆာဂါကျွန်း၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၂၉၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။ ဗဟိုချက်လေဖိအား ၉၉၈ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်နှုန်းခန့်ဖြစ်သည်။
Oct 24, 2024
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးသည် ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (United Nations Population Fund-UNFPA) ရုံး၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေးဌာန ညွှန်ကြားရေးမှူး Ms. Shoko Yasuda Arakaki ကို ယနေ့ နံက် ၉ နာရီ ခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Oct 24, 2024
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ဂျီနီဗာမြို့ရှိ UNFPA ရုံး၏ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေးဌာန ညွှန်ကြားရေးမှူး Ms. Shoko Yasuda Arakaki နှင့်အဖွဲ့ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) ၌ လက်ခံတွေ့ဆုံသည်။
Oct 24, 2024
ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားချိန်မှစ၍ ကမ္ဘာတစ်ဝန်း၌ စီးပွားရေးထိခိုက်ရပ်တန့်မှုများနှင့်အတူ မြန်မာနိုင်ငံ၏ စီးပွားရေးသည်လည်း ကျဆင်းသွားခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ နိုင်ငံ့တာဝန်ယူသည့်အချိန်တွင် ကျဆင်းနေသောစီးပွားရေးကို ပြန်လည်ဦးမော့လာအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး နိုင်ငံ၏အဓိကကုန်ထုတ်လုပ်ငန်းများဖြစ်သော စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများကို အားပေးဆောင်ရွက်ခဲ့သည်။
